30.8.2013
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင် ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူ ဖို့ အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ တနာရီတောင်မကြာခဲ့သလို သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြား ခဲ့ပါဘူး။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကတော့ ကမ္ဘာအင်အားကြီးနိုင်ငံတွေ အနေနဲ့ ဆီးရီးယားကို စစ်ဝင်တိုက်ဖို့ လုပ်ဆောင်မယ့် ဘယ်လိုကိစ္စမျိုးကိုမဆို ဆီးရီးယားမှာ ကုလသမဂ္ဂဓါတုလက်နက်စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတွေပြီး ဆုံးတဲ့ချိန်အထိ ရပ်ဆိုင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်ဆေးရေးအဖွဲ့ဝင်တွေဟာ စနေနေ့မှာ ဆီးရီးယားကနေ ထွက်ခွါမှာဖြစ်တယ်လို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Farhan Haq ကပြောပါတယ်။ သူတို့အဖွဲ့မှာ ဆီးရီးယားမှာဖြစ်ပွါးခဲ့တဲ့ ကိစ္စဆိုင်ရာ အထောက်အထား အချက်အ လက် အတော်များများ ပါလာခဲ့တာမို့ ဘာတွေဖြစ်ပွါးခဲ့တယ်ဆိုတာကို ပြန်လည်တင်ပြနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ စစ်ဆေး သူတွေထဲက အချို့ဟာ နယူးရောက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ရှိချက်တွေကို တင်ပြမှာဖြစ်သလို တချို့ ကတော့ သူတို့ ဆီးရီးယားကယူလာတဲ့ နမူနာပစ္စည်းတွေကို ဥရောပက ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးဖို့ သယ်သွား ကြမယ် လို့ ပြောပါတယ်။
http://www.myanmartharkaung.net/2013/08/blog-post_4726.html#more
VOA Burmese

No comments:
Post a Comment