address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 23, 2013

ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဆီးဂိမ်းလုံခြုံရေးအတွက် လာရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာနိုင်ငံများ တရားဝင်မေးခွန်းထုတ် စုံစမ်းခြင်းမရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြော

23.10.2013

ယခုလအတွင်း ဆက်တိုက်ဖြစ် ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် ဆီးဂိမ်းလုံခြုံရေးနှင့် ပတ်သက်၍ မီဒီ ယာအချို့တွင် ရေးသားပြောဆိုနေ ကြ သော်လည်း သက် ဆိုင်ရာ အာဆီယံနိုင်ငံ များမှ ဝန်ကြီးဌာနသို့ တရားဝင်မေးမြန်း မှုများ မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

”လတ်တလောတော့ ဘာမှ မေးမ ထားဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း ဘာမှဖြေဖို့ မရှိသေးဘူး” ဟု ၄င်းက ပြောသည်။ ဗုံးပေါက်ကွဲမှုများကြောင့် ဆီးဂိမ်း တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစား သမားများအတွက် ဖိလစ်ပိုင် အားက စားအရာရှိများက စိုးရိမ်နေကြောင်း ဖိ လစ်ပိုင်သတင်းများတွင် ရေးသားထား သည်။ ဆက်လက် စောင့်ကြည့်သွား မည်ဟုလည်း ဖိလစ်ပိုင်အားကစား ကော်မရှင် အကြီးအကဲ၏ အပြောကို ကိုးကားပြီး ဖော်ပြခဲ့သည်။ ထိုသို့ ဖော် ပြခဲ့သော်လည်း ဖိလစ် ပိုင် နိုင်ငံသည် မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လုံ ခြုံရေး စိုးရိမ်မှုနှင့် ပတ်သက်၍ တရား ဝင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း မရှိ ကြောင်း အထက်ပါတာဝန်ရှိသူ က ပြော သည်။

”သူတို့ စိုးရိမ်တယ်ဆိုတာ သံရုံးက နေ တစ်ဆင့်ပို့ရင်တော့ ကျွန်တော်တို့ ဘက်ကနေပြီး ပြန်ပြီးရှင်းပြတာမျိုး၊ ပြောပြတာမျိုးတွေ လုပ်ပေးပါတယ်”ဟု ၄င်းက ပြောသည်။
ထို့ပြင် လုံခြုံရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာ နိုင်ငံများသို့ အသိပေးရန် ဝန်ကြီးဌာန တာဝန်ရှိသူများက ညွှန်ကြားလာပါက ထုတ်ပြန်ပေးမ ည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

”လုံခြုံရေးနဲ့ ပတ်သက်ပြီး အသိ ပေးလိုက်ပါ၊ ပြောပေးပါဆိုပြီး အားက စားဝန်ကြီးဌာနက ပြောလာတာမျိုး၊ ဝန် ကြီးဌာနတာဝန်ရှိသူတွေက လမ်းညွှန် လာတာမျိုးတွေဆို ရင် ကျွန်တော်တို့ ထုတ်ပြန် ပေးပါတယ်”ဟု ၄င်းက ပြော သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနသို့လည်း အာဆီယံနိုင်ငံများက လုံခြုံရေးနှင့်ပတ်သက်၍ မေးမြန်းမှု တစ်စုံတစ်ရာ မရှိကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

်မြန်မာနိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲကို နှစ်လေးဆယ်ကျော်အကြာမှ အိမ်ရှင် အဖြစ် ပြန်လည် လက်ခံကျင်းပခွင့် ရခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်နေ့ တွင် ပြိုင်ပွဲကို စတင်မည်ဖြစ်ပြီး ပြိုင်ပွဲ ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်ကမ်းခြေတို့တွင် ပြုလုပ်မည် ဖြစ်သည်။

ပြိုင်ပွဲနီးကပ်လာချိန်တွင် ရန်ကုန်၊ တောင်ငူ၊ စစ်ကိုင်း၊ မန္တလေး စသည့် မြို့များ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ သောကြောင့် ဆီးဂိမ်းလုံခြုံရေးနှင့် ပတ် သက်၍ ဖိလစ်ပိုင်နို င်ငံက စိုးရိမ်လာ ကြောင်း မီဒီယာအချို့တွင် ဖော်ပြခဲ့ သည်။

Popular Myanmar News Journal

No comments:

Post a Comment