အဆိုပါစက်ရုံမှာ အထည် ကောက်ရုံအမျိုးအစားဖြစ်ပြီး အ လုပ်သမားများ မှ
နေ့စဉ်နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ အထည် များကို အထည်ကောက် စနစ်ဖြင့်
ချုပ်ခဲ့ကြရကြောင်း၊ လုပ်အားခမရ ရှိခဲ့ကြသည်မှာ ဇူလိုင်၊ ဩဂုတ် နှင့်
စက်တင်ဘာလ စုစုပေါင်း သုံး လစာဖြစ်ကြောင်း၊ လုပ်အားခမရ ရှိသော
စက်ရုံအလုပ်သမား စုစု ပေါင်း ၆၇ ဦးရှိပြီး မိမိတို့စက်ရုံ မှ
မောင်းထုတ်ခံရသောကြောင့် ယခု အခါ မဲဆောက်မြို့ရှိ လူမှုအကူ အညီပေးသော
အဝေးရောက် ဧရာဝတီအသင်းတွင် လာရောက် နေ ထိုင်နေကြ ရကြောင်း သိရသည်။
''လကုန်ရင် သူဌေးက ကျွန် တော်တို့ရမယ့်ငွေတွေကို အပြည့် မပေးဘဲ ဘတ် ၅၀၀
လောက်ပဲ ပေးတယ်လေ။ ကျန်တဲ့ပိုက်ဆံတွေ ကို ရှင်းပေးမယ် ရှင်းပေးမယ် ပြော
လာတာ ကြာပြီလေ။ ကျွန်တော် တို့လဲ ရလိမ့်နိုး ရလိမ့်နိုးနဲ့ စောင့် လာတာ
အခုဆို သုံးလတောင်ရှိ ပြီ။ ပိုက်ဆံတွေအကုန်ရမှ အလုပ် ဆင်းမယ်ဆိုတော့
ကျွန်တော်တို့ အားလုံးကို စက်ရုံကနေ ခွေးမောင်း သလို မောင်းထုတ်ခဲ့တယ်''ဟု အ
လုပ်သမားတစ်ဦးက ယင်းတို့၏ အခြေအနေကို ရှင်းပြသည်။
အလုပ်သမားများမှာ အလုပ် ရှင်အားဆန္ဒပြသည့်အနေဖြင့် မိမိ တို့လုပ်အားခငွေများ
ပြန်လည် ရရှိမှသာ အလုပ်ပြန်ဆင်းကြရန် စီစဉ်ခဲ့ကြောင်း၊ အလုပ်ရှင်မှ နောက်
ဆုံးတွင် အလုပ်မဆင်းသောအလုပ် သမားများအား လုပ်အားခများ မရှင်းပေးသည့်အပြင်
ခြိမ်းခြောက် ပြီး စက်တင်ဘာ ၂၅ ရက်တွင် မောင်းထုတ်ခဲ့ကြောင်း သိရသည်။
''သမီးတို့ကို ယာယီပတ်စ် ပို့လုပ်ရမယ်ဆိုပြီး သူဌေးက လ စဉ်ဘတ် ၅၀၀ ကို
လစာထဲကနေ ဖြတ်ထားတာ။ အခုဆို ဘတ် ၄၀၀၀ ပြည့်သွားပြီလေ။ ယာယီပတ်စ်ပို့
မလုပ်ပေးတဲ့အပြင် ပုံမှန်ရမယ့် လုပ်ခတွေကိုတောင် မရှင်းပေးဘူး လေ''ဟု
စက်ရုံအလုပ်သမတစ်ဦး က ပြောသည်။
''အလုပ်သမားတွေ အခုလို ဖြစ်တော့
ကျွန်တော်တို့အနေနဲ့ လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူးလေ။
သူတို့တွေရဲ့အရေးအတွက် လုပ် ဆောင်ပေးရမယ်။ အဆင်ပြေလား ဆိုတော့
ကျွန်တော်တို့ရုံးက NGO အဖွဲ့အစည်းလို အထောက်အပံ့နဲ့
ရပ်တည်နေတဲ့ရုံးမဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်းကို ကူညီပေး မယ် ဆိုပြီး
ကိုယ်ထူကိုယ်ထဖွင့်ထားတာ ဆိုတော့ အလုပ်သမားတွေ ရဲ့ နေ့
စဉ်အစားအသောက်အတွက်တော့ အခက်အခဲတွေကြုံတွေ့ရတယ်'' ဟု အဝေးရောက် ဧရာဝတီအသင်း
ဥက္ကဋ္ဌ ဦးသောင်းလှိုင်က မိမိတို့ အခက်အခဲကို ရှင်းပြသည်။
Yangon Media Group
No comments:
Post a Comment