8.11.2013
ရန်ကုန်နှင့်နယ်မြို့တချို့တွင် ဗုံးဖောက်ခွဲ၊ ဗုံး ထောင်မှုများနှင့်ပတ်သက်သည့် အဓိကတရားခံ စောနေတိုးသည် ကရင်ပြည်နယ်တွင် ရှောင်တိမ်း ထွက်ပြေးနေကြောင်း သတင်းရရှိ ထားပြီဖြစ်၍ နယ်မြေခံရဲတပ်ဖွဲ့နှင့် အထူး ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးမြင့်အေးက ပြောသည်။
ဖောက်ခွဲမှုများတွင် အဓိက ပါဝင်ပတ်သက်သည့် စောနေတိုး နှင့်အပေါင်အပါများကို ဖမ်းဆီး ရန် ကရင်ပြည်နယ် နယ်မြေခံရဲ တပ်ဖွဲ့နှင့် အထူးရဲတပ်ဖွဲ့တို့ ပူး ပေါင်းကာ လူအင်အား၊ လက်နက် အင်အားများဖြင့် အလုံးအရင်း ဝင်ရောက်ပြီး တရားခံ ကို ဖမ်းဆီး သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အ နေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန် လည်ခုခံနိုင်သည့် အခြေအနေ ရှိ မရှိကိုလည်း စုံစမ်းထောက် လှမ်းနေပြီး သတင်းအချက်အ လက်ခိုင်လုံပါက အဆိုပါတရား ခံနှင့် ပါဝင်ပတ်သက် သူများ က အမြန်ဆုံး ဖမ်းဆီးနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးမြင့်အေးက ''ကရင် ပြည်နယ်တောနက်ထဲမှာ သူက ပုန်းခိုနေတာ။ သတင်းအတိအကျ ရထားပြီးပြီ။ ကျွန်တော်တို့အနေ နဲ့ လိုအပ်တဲ့အကူအညီ၊ သတင်း အထောက်အထားတွေကို တတ် နိုင်သလောက် ထပ်မံစု ဆောင်း နေပါတယ်''ဟု ပြောသည်။
ရန်ကုန်နှင့် နယ်မြို့တချို့ တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကဖြစ်ပျက်ခဲ့သည့် ဗုံးထောင်မှု၊ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက် ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန် ရှိသူများက အချိန်မီစစ်ဆေးဖော် ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက် သည့် စောမြင့်လွင် နှင့် အပေါင်းပါရှစ်ဦးကို ဖမ်း ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဖောက်ခွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရန်ကုန်မှာ ဒီလိုမျိုး အထိတ်တလန့်ဖြစ်စေမယ့် ဖြစ် ရပ်တွေ မဖြစ် အောင် အတတ်နိုင် ဆုံး တားဆီးသွားမှာပါ။ လုံခြုံရေး အရလဲ တင်းကျပ်ထားပါတယ်။ အခုလိုမျိုး တရားခံဖမ်းဆီးမှုတွေ မှာ နယ်မြေခံဒေသခံပြည်သူတွေ အနေနဲ့လဲ ပါဝင်ပူးပေါင်းသင့် တယ်''ဟု ပြောသည်။
Yangon Media Group
No comments:
Post a Comment