address
Monday, August 26, 2013
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့် အောက်တိုဘာလ မတိုင်မီ ကေအိုင်အိုနှင့် အပြီးသတ် ဆွေးနွေးနိုင်မည်ဟုဆို
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၀န်ကြီး ဦးအောင်မင်းကို တွေ့ရစဉ်
26.8.2013
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့်
အောက်တိုဘာလ မတိုင်မီ ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့်
ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်းြ ပည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ပြောကြားသည်။
၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိုင်ခွင့်ရရန် အစိုးရ ဆောင်ရွက်မည်
26.8.2013
မြေယာ ပိုင်ဆိုင်မှု မရှိသည့် ကျေးလက်နေ ပြည်သူများ အဆင်ပြေစေရန် အတွက် ၂၀၁၅ မတိုင်မီ မြေယာ ပိုင်ဆိုင်နို င် ခွင့် ရရှိစေရန် လုပ်ဆောင်ပေး မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က ပြောကြားသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး အချို့ နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
ကုလစုံစမ်းရေးအဖွဲ့ကို ဆီးရီးယားဝင်ခွင့်ပြုပြီ
26.8.2013
ဆီးရီးယားအစိုးရတပ်အနေနဲ့ အတိုက်အခံလုပ်သူတွေအပေါ် ဓာတုလက်နက်အသုံးပြုပြီး နှိမ်နင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟုတ်မဟုတ်ဆိုတာ စစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂ တောင်းဆိုလိုက်တာ ကို ဆီးရီး ယားအစိုးရက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ဆီးရီးယားအစိုးရတပ်အနေနဲ့ အတိုက်အခံလုပ်သူတွေအပေါ် ဓာတုလက်နက်အသုံးပြုပြီး နှိမ်နင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟုတ်မဟုတ်ဆိုတာ စစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂ တောင်းဆိုလိုက်တာ ကို ဆီးရီး ယားအစိုးရက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
Sunday, August 25, 2013
ဖွံ့ဖြိုးရေးအကူအညီပေးနိုင်ရေး နီပွန်ဖောင်ဒေးရှင်းနှင့် DKBA တို့ဆွေးနွေးခဲ့
25.8.2013
ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA နှင့် ဂျပန်နိုင်ငံရှိနီ ပွန်ဖော င်ဒေးရှင်းမှ
ကိုယ်စားလှယ်များသည် ဒေသဖွံ့ဖြိုးမှု အကူအညီများပေးနိုင်ရေးနှင့်
ပတ်သက်ပြီး သြဂုတ် လ ၂၂ရက်နေ့တွင် ထိုင်း- မြန်မာ နယ်စပ်တစ်နေရာ၌
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသမီးဓာတ်ပုံဆရာမ အုပ်စုလိုက်မုဒိမ်းကျင့်ခံရ
25.8.2013
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တွင် အမျိုးသမီးဓာတ်ပုံဆရာမ တစ်ဦးအား
အမျိုးသားငါးဦးက အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ်
၂၃ရက်တွင် ပြောကြားခဲ့ရာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက နယူးဒေလီတွင်
အလားတူမုဒိမ်းမှုမျိုး ဖြစ်ပွားခဲ့မှု အား အမှတ်ရစရာဖြစ်လာခဲ့ပြီး
အများပြည်သူ အ တွက် ဒေါသ ထွက်စရာဖြစ်လာခဲ့သည်။
လိပ်ခဲတင်းလင်းဖြစ်နေသော KNU တောင်ငူ ဆက်ဆံရေးရုံး ထားရှိရေးပြသနာ
25.8.2013
ပဲခူးတိုင်း၊ တောင်ငူ ခရိုင်တွင် လှုပ်ရှားနေသော ကရင် အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၂) သည် ၄င်းတို့ ထိန်းချုပ် နယ်မြေ၌ ရှိနေသော အစိုးရ တပ်များ ဆုတ်ပေးခြင်း မရှိပါက ဆက်ဆံရေးရုံး ထား ရှိရန် မဖြစ်နိုင်သေးကြောင်း၊ KNU တောင်ငူ ခရိုင် ဥက္ကဌ စောအဲဝါးက ဆိုပါသည်။
ထိုင်းနယ်စပ် မြန်မာဒုက္ခသည်အချို့နေရပ်ပြန်ပို့ဖို့ စီစဉ်
25.8.2013
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေက သတိပေးပြောဆိုနေတဲ့ကြားက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို အသုတ်လိုက် နေရပ်ရင်းပြန်ပို့ဖို့ ပြင်ဆင်နေပါတယ်။ နှစ်ဘက် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး KNU၊ RCSS/SSA နှင့် အစိုးရ အကြိုဆွေးနွေး
25.8.2013
တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပ ရန်ကရင်အမျိုးသားအစည်းအရုံး(KNU)၊ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSA နှင့် ပြည်ေ ထာင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး အလုပ်အဖွဲ့
(Technical Team) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ
ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထားဝယ်-ထီးခီး ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်
25.8.2013
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ခွဲနှင့် မေတ္တာမြို့နယ်ခွဲ
ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး စခန်းသို့ ပြေးဆွဲနေသော ခရီးသည်တင်
ယာဉ်အချို့ကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် KNU တပ်မဟာ-၎
တပ်ဖွဲ့ဝင်အချို့က တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း
ထားဝယ်ဒေသခံများက ပြောကြား သည်။
မြ၀တီစက်မှုဇုန် တည်ဆောက်ရေးအတွက် မြေနေရာများ စတင်ဖော်ထုတ်
25.8.2013
မြ၀တီမြို့ နယ်စပ်ကုန်သွယ်ရေး စခန်းအနီးတွင် မြ၀တီ စက်မှုဇုန်အတွက်မြေနေရာ ဖော်ထုတ်ခြင်း လုပ် ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် ရွာသစ်ကျေးရွာကြားရှိ မြေဧကများအနက် ညီနောင်ဦး ကုမ္မဏီ လီ မိတက်မှ မြေဧက ၁၅၀ တို့အား မြ၀တီစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းအဖြစ် မြေကွက်ဖော် ထုတ်ခြင်း လုပ်ငန်းများကို မတ်လမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် RCSS/SSA၊ KNU အဖွဲ့များ သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်
25.8.2013
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နှင့် ကရင်အမျိုး သား အ စည်းအရုံး (KNU) အဖွဲ့တို့သည် သြဂုတ် ၃၁
ရက်တွင် နေပြည်တော်၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သည့်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
Saturday, August 24, 2013
ဂျကာတာ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်သူ ၈ ဦး ထပ်မံ ဖမ်းဆီး
24.8.2013
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို ဗုံးခွဲရန်
ကြံစည်မှုနှင့် ဆက်စပ် သံသယရှိသူ ၈ ဦးကို အင်ဒိုနီးရှား နိုင်ငံ အကြမ်းဖက်မှု
နှိမ်နင်းရေး အထူးတပ်ဖွဲ့က ထပ်မံဖမ်ဆီးလိုက်ကြောင်း
အင် ဒိုနီးရှားရဲတပ်ဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့ တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။
ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့ မစ္စတာကင်တာနားနှင့် တွေ့ဆုံ
24.8.2013
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေးကင်တားနား
မိုးကြီး၍ အောက်ကျောက်ခက်ရွာလုံးကျွတ်နီးပါး အိမ်ခြေပျက်စီး
24.8.2013
ကရင်ပြည်နယ်၊ မြ၀တီမြို့အတွင်းရှိ အောက်ကျောက်ခက်ရွာတွင် သြဂုတ်လ
တတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ကျောက်ခက်ချောင်းရေလျှံမှုကြောင့်  အိမ်ခြေ ၁၉လုံးရှိသည့်အနက် ၁၇လုံး ပျက်စီးသွားခဲ့သည်ဟု ရွာခံများက ပြောသည်။
အရပ်သားတစ်ဦးကို အစိုးရတပ်ရင်းမှူး အကြောင်းမဲ့ ထိုးကြိတ်
24.8.2013
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်
အခြေစိုက်နေသည့် မြန်မာ အစိုးရစစ် တပ် ခြေလျင်တပ်ရင်း (ခလရ-၂၈၃)မှ တပ်ရင်းမှူး
ဒုဗိုလ်မှူးကြီးမျိုးမြင့်ကျော်သ ည် ယမန်နေ့မွန်းလွဲ ၂နာ ရီကျော်က မြို့ခံအရပ်သားတစ်ဦးကို အကြောင်း မဲ့ ထိုးကြိတ်ခဲ့သည်။
Thursday, August 22, 2013
ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ တရားဝင် ဖြတ်သန်းခွင့် ယခုလကုန် စတင် ခွင့်ပြုမည်
22.8.2013
လာမည့် သြဂုတ်လ (၂၈) ရက်နေ့မှ စတင်၍ ထိုင်းမြန်မာ နယ်စပ်ဂိတ် လေးခုမှ စတင်၍ နှစ်ဖက် နိုင်ငံ များသို့ ပတ်စပိုစ့် များဖြင့်သွားလာ ဖြတ်သန်းခွင့်ကိုမထမဆုံးအကြိမ်တရားဝင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်း က ပြောသည်။
UNFC ၏သဘောထား RCSS ထောက်ခံ၊ ဖွဲ့စည်းပုံအသစ်ပြန်ရေးရန် အချိန်စောသေး ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ပြော
22.8.2013
ယခင်လ UNFC ညီလာခံကြီးမှ သဘောတူဆုံးဖြတ်ချက်များကို ထောက်ခံသော်လည်း
အသစ်ပြန် လည်ရေးဆွဲရန်အတွက်မူ အချိန်စောနေသေးကြောင်း RCSS
ခေါင်းဆောင်ကပြောဆိုလိုက်ပါသည်။
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများ ကျင်းပ
22.8.2013
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို ကရင်တိုင်းရင်းသားတွေ အဓိကနေထိုင်ကြတဲ့ ကရင်ပြည် နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဒီနေ့ဝါခေါင်လပြည့်နေ့မှာ ကျင်းပကြပါတယ်။
မြဝတီမြို့ သမဂ္ဂသုခ ဘေးမဲ့ကျောင်းတိုက်မှာ ဒီနေ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပ တာနဲ့ပတ်သတ်ပြီး ပွဲကျင်းပရေးနာယက ဦးစောဘတိုးက RFA ကို ခုလိုပြောပါတယ်။
ကရင် ငြိမ်းချမ်းရေး ကောင်စီနှင့် ၈၈ မျိုးဆက်တို့ တွေ့ဆုံ
22.8.2013
ငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရည်စူးပြီး၈၈
မျိုးဆက် ခေါင်းဆောင် များနှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC)
ကိုယ်စားလှယ် တို့သည် ယနေ့ နံနက်၁၀ နာရီခွဲတွင် ရန်ကုန် သင်္ကန်း ကျွှန်း
မြို့နယ်ရှိ ၈၈ မျိုးဆက် ရုံး၌ (၁) နာရီကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်ဟု
၈၈ မျိုးဆက် အဖွဲ့မှ တိုင်းရင်းသား ရေးရာ တာဝန်ခံ ကိုမြအေး က ဆိုပါသည်။
Subscribe to:
Posts (Atom)

















