ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ
29.8.2013
ကေအဲန်ယူရဲ့ စစ်တပ်ဖြစ်တဲ့ ကေအဲန်အယ်လ်အေ ၆လပတ် အစည်းအဝေးကို မနေ့ကစပြီး ၃ရက်တာ ပြုလုပ်သွားမယ့် အစီအစဉ်မှာ လက်ရှိ အစိုးရနဲ့ လုပ်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၆ရက်ကနေ ၂၈ရက်နေ့အထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ကေအဲန်အယ်လ်အေ ဌာနချုပ် သေ့ပေ ထ မှာ ပြုလုပ်တဲ့ ၆လပတ် အစည်းအဝေးမှာ သူတို့က လက်ရှိ အစိုးရနဲ့လုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ တနှ စ်ေ ကျာ်နေပြီ ဖြစ်ပေမယ့် ရှေ့ကို ဆက်မသွားနိုင်သေးတာနဲ့ ပတ်သက်ပြီးတော့ တပ်မှူးတွေကြားထဲမှာ ဆွေးနွေးသွားဖို့ရှိတယ် လို့ ကေအဲန်အယ်လ်အေ ထိပ်တန်းအရာရှိတွေက ပြောပါတယ်။