address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 2, 2013

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အညီ ကျန်းမာရေးလုပ်ငန်း ကြိုးပမ်းမည်ဟု BPHWT ဆုံးဖြတ်



2.9.2013

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အညီ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများ၏ ကျန်းမာရေးလုပ်ငန်းများ ကို ကြိုး ပမ်းလုပ်ဆောင်သွားမည်ဟု နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားဖွဲ့(BPHWT)က ၎င်းတို့၏ ၃၀ကြိမ်မြောက် ၆လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ၆ကြိမ်မြောက်ညီလာခံတွင် ဆုံးဖြတ်လိုက်သည်။

ကရင်ရိုးရာ ယဉ်ကျေးမှုပွဲ လန်ဒန်မြို့မှာ ကျင်းပ

2.9.2013

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ က သူတို့ရိုးရာယဉ်ကျေးမှုတွေ ဆက်လက်တည်တံ့စေဖို့ အ တွက် “ကရင်ရိုးရာ ယဉ်ကျေးမှု ပွဲတော်” တစ်ရပ်ကို လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲတော်လာရောက်တဲ့သူတွေကို ကရင်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကရင် တာ လဘောဟင်းနဲ့ ထမင်းကျွေးပြီး ဧည့်ဝတ်ပြုပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးတော့မည်



 2.9.2013

သြဂုတ် ၁၆ ရက် ကော့ကရိတ်ခရိုင် ၀ဲကြီးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အပါအ၀င် KNU တပ်မဟာ (၅) ငြိမ်း   ချ မ်းရေး ကိစ္စရပ်များကို ကရင်လက်နှက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေးကော်မတီ အစည်းအဝေး၌ထည့်သွင်း ဆွေးနွေး သွားဦးမည်ဖြစ်ကြောင်း သိရှိရသည်။

Saturday, August 31, 2013

ငြိမ်းချမ်းရေးအတွက် စိတ်ရှည်သည်းခံကြဖို့ ဒုသမ္မတ တိုက်တွန်း


31.8.2013

တစ်နိုင်ငံလုံးအနှံ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနိုင်ဖို့အတွက် အားလုံးက စိတ်ရှည်သည်းခံပြီး ကတိ တည်ကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက် တာ စိုင်းမောက်ခမ်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

KNLA ကရင်လက်နက်ကိုင်အဖွဲ့ စုံညီအစည်းအဝေး



31.8.2013

KNLA ကရင်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့ ရဲ့ ၆ လ ပတ် အစည်းအဝေး ကို ဌာနချုပ်ရှိရာ သေဘေထ မှာ သြဂုတ်လ ၂၇ ရက် က စပြီး ၃ ရက် ကြာ ကျင်းပရာမှာ ပြီးဆုံးသွားပါပြီ။ ပြီးခဲ့တဲ့ လုပ်ငန်းဆောင်တာ တွေ အပေါ် မှာ ဆွေးနွေးသလို၊ ရှေ့လုပ်ငန်းစဉ် တွေ လည်း ဆွေးနွေးကြောင်း ဘီဘီစီ ကို ပြောပါတယ်။

KNU နှင့် RCSS တို့ အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မီတီနှင့်တွေ့ဆုံ


31.8.2013
  
ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့သည် ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် နှစ်နာရီ ကျော်ကြာ အလွတ်သဘော တွေ့ဆုံ ခဲ့ကြ သည်ဟု ယင်းဆွေးနွေး ပွဲကို တက်ရောက် ခဲ့သည့် RCSS ကိုယ်စားလှယ်မှ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

Friday, August 30, 2013

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ


30.8.2013

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင် ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူ ဖို့ အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ တနာရီတောင်မကြာခဲ့သလို သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြား ခဲ့ပါဘူး။

" ကျွန်တော်တို့ရဲ့ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိအပေါ်လုံးဝမူတည်တယ်"


30.8.2013

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

► ဟုတ်ကဲ့ မန်းငြိမ်းမောင်ခင်ဗျာ။ မန်းက တစ်ကျွန်းပြန်လည်းဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပါ။ အခုတစ်ကျွန်း ကနေ ထွက်ပြေးလွတ်မြောက်မှုကို စာအုပ်လည်း ရေး သားထုတ်ဝေထား တာဆိုတော့ ကိုကိုးကျွန်းမှာ မန်းတို့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးကို အကျဉ်းပြောပြပါလား။

ဒုက္ခသည်အသိုင်းအ၀ိုင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ကေအဲန်ယူ တွေ့ဆုံဆွေးနွေး


30.8.2013

မြန်မာအစိုးရနှင့် လက်ရှိ အပစ်ရပ်ထားသော ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် များနှင့် အဖွဲ့ပေါ်လစီအချို့ကို မယ်လစခန်းရှိ လူထုအဖွဲ့အစည်းများအား သြဂုတ်လ ၂၉ရက်နေ့ က တွေ့ဆုံေ ဆွးနွေး ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဇွဲကပင်တောင်ပေါ် ကေဘယ်လ်ကားနဲ့တက်ရေး စီမံကိန်း


30.8.2013

ကရင်ပြည်နယ်ဇွဲကပင်တောင်ပေါ်စေတီကို ရဟန်းရှင်၊လူ၊ ပြည်သူအများ သွားရောက် ဖူးမျှော်နိုင်ဖို့ Cable Car တပ်ဆင် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ဇွဲကပင်တောင်ဟာ ဘားအံမြို့တောင်ဘက်(၇)မိုင်အကွာ က ဇွဲကပင်တောင်ဟာ  မြင့် မားမတ်စောက်တာကြောင့် ဘုရားဖူးများ တက်ရောက်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် KNU နှင့် ကရင်နိုင်ငံရေးပါတီများ ဆွေးနွေး


30.8.2013

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နိုင်ငံရေး ပါ တီများ သည် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်း၌ သြဂုတ်လ ၂၈ရက်နေ့က တွေ့ဆုံ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြင်ဆင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ကေဒဗလျူအိုကို ကူညီရန် နီပွန်ဖောင်ဒေးရှင်း ခေတ္တရပ်နားမည်



30.8.2013

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်ရေးကာလ အ တွင်း ဒေသ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးနေသည့် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းက ကရင်အမျိုးသမီး အစည်းအရုံး (ကေဒဗလျူအို)ကို အကူအညီဆက်ပေးရန် ခေတ္တရပ်နားထားမည်ဟု သိရသည်။

Thursday, August 29, 2013

အကြွေးမဆပ်နိုင်၍ ဖမ်းဆီးခံထားရသော NDF ပါတီဝင်အား စက်တင်ဘာ ၁ ရက် နောက်ဆုံးထား ပြန်ရွေးရန် မွန်ငြိမ်းချမ်းရေးအဖွဲ့မှ အကြောင်းကြားထား


29.8.2013

အကြွေးမဆပ်နိုင်သောကြောင့် မွန်ငြိမ်းချမ်းရေး အဖွဲ့၏ ဖမ်းဆီးခံထားရသော မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ အမျိုး သား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီဝင် ကိုမင်းဇော်ထွန်း (ခ) ကိုမောင်မောင်ကို စက်တင်ဘာ ၁ ရက် နောက်ဆုံး ထား ပြန်ရွေးရန် မိသားစုထံ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား မှ KIO ခေါင်းဆောင်များအား အကြမ်းဖက်လုပ်ငန်းများ ၊ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုများ ၊ အတင်းအဓမ္မလူသစ်စုဆောင်းမှုများ မပြုလုပ်ရန် တိုက်တွန်းပြောကြား

29.8.2013

လိုင်ဇာမြို့သို့ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက KIO ခေါင်းဆောင်များနှင့် သြဂုတ် ၂၈ ရက်နေ့လယ် ၂ နာရီ ၃၀ မိနှစ် မှ ၃ နာရီ ၃၅ မိနှစ်ထိ ပဲကြားလှော် လောင်းကစားရုံအောက်ထပ် အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ရာ အကြမ်းဖက်လုပ်ငန်းများမပြုလုပ်ရန် ၊ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုများ မပြုလုပ်ရန် ၊ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများမပြုလုပ်ရန်တိုက်တွန်း ပြော ကြား သွားခဲ့ကြောင်း လိုင်ဇာဒေသခံတစ်ဦးထံမှ သိရှိရသည်။

ကရင်လက်နက်ကိုင်သုံးဖွဲ့ ပူးပေါင်း၍ ကရင်ရိုးရာလက်ချီပွဲ ပထမဆုံးကျင်းပမည်


29.8.2013

ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းလျက်ရှိသော ကရင်လက်နက်ကိုင် တပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းကာ ကရင်တိုင်းရင်းသား ရိုးရာ လက်ချီပွဲကို ပြည်တွင်း၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲကျင်းပ ရန် စီစဉ်နေသူ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး တိုက်ဂါးက The Voice သို့ ပြောကြားသည်။

KNU တပ်မှူးများ (၆) လ ပါတ် အစည်းအဝေး ပြီးဆုံး



29.8.2013
 
 ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မှူးများ (၆) လပါတ် အစည်းအဝေးတွင် အပစ်အခတ် ရပ်စဲရေး အခြေ အနေနှင့် ပါတ်သက်ပြီး ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြသည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သော KNU အရာရှိ တစ်ဦးက ဆိုပါသည်။

“ ကျင်းပတာက သြဂုတ်လ (၂၆)ကနေ (၂၉) ရက်နေ့ အထိပါဘဲ။ နေရာက ကရင် ပြည်နယ် လှိုင်းဘွဲ မြို့နယ်မှာ ရှိတဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး စခန်း ဌာနချုပ် သေ့ပေထမှာ ကျင်းပ ခဲ့ကြပါတယ်”ဟု ဆိုပါသည်။

ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ၂ နှစ်ချမှတ်


29.8.2013

လက်ပံတောင်းတောင် အရေးကိစ္စ ဆန္ဒထုတ်ဖော်မှုကြောင့် မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ဒီမိုကရေ စီနှင့်ငြိမ်း ချမ်းရေးအမျိုးသမီးကွန်ရက်ခေါင်းဆောင်ဒေါ်နော်အုံးလှကိုအလုပ် ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ်ချမှတ် လိုက်ကြောင်းသိရသည်။

ယနေ့ နံနက် ၁၀ နာရီက မုံရွာအကျဉ်းထောင်မှ မုံရွာတရားရုံးသို့ တရားရင်ဆိုင်ရန် တရားရုံးထုတ်ခဲ့ပြီး နံနက် ၁၁ နာ ရီ ခွဲတွင် ပုဒ်မ (၅၀၅/ခ) ဖြင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် UNFC ထိုင်းတွင် ထပ်မံ တွေ့ဆုံမည်



29.8.2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့သည်လာမည့် စက်တင်ဘာတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေး မည်ြ ဖစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်တီက ပြောကြားလိုက်သည်။

သြဂုတ်၂၇ရက်က နှစ်ဘက်နည်းပညာအထောက်အကူပြုအဖွဲ့တို့ချင်းမိုင်တွင် တွေ့ဆုံမှုအပြီး နိုင်ငံရေးဆွေးနွေးပွဲပြင်ဆင် သည့်အနေ နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး



 29.8.2013

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြား သွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလျှော့မည်


29.8.2013

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို ရိက္ခာတချို့ လျှော့မယ်လို့ ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) က အတည်ပြုပြောဆိုလိုက်ပါတယ်။ထိုင်း-မြန်မာ နယ်စပ်က စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်း ၃ သောင်းလောက် ခို လှုံနေ တာဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ဆန်ကို လျှော့ပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီလျော့နည်းတဲ့အတွက် ဒီဇင်ဘာလကစလို့ ဆန်ရိက္ခာ စလျှော့ချမယ်လို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။