address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, May 13, 2014

လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် အသတ်ခံရသူ၏ မိသားစုဝင်များ စိုးရိမ်ထိတ်လန့်


မန္တလေးမြို့တော်တွင် မေလဆန်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ကျူးလွန်ခဲ့သည့် လူသတ်မှုတွင် တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် အသတ်ခံရသူ၏ မိဘနှင့် ဆွေမျိုး အသိုင်းအဝိုင်းများ စိုးရိမ်ထိတ်လန့် နေရကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်သိန်းက ပြောကြားသည်။

ကဆုန်လပြည့်ညောင်ရေသွန်းလောင်းပူဇော်ပွဲ


ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့ မေလ ၁၃ ရက် ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်တွင် ကျင်းပလျက်ရှိပြီး ပြည်သူများလာရောက်ဖူးမျှော်မှု ယခင်နှစ်များကထက် များပြားလာကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

Photo Eleven







Monday, May 12, 2014

*ကရင်အမျိုးသား အစည်းအရုံး (KNU)ဗဟိုဌာနချုပ်သတင်းထုတ်ပြန်ချက်*


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဒုဥက္ကဌပဒို နော်စီဖိုးရာစိန် ဦးဆောင်ပြီး ပဒိုစောသမိန်ထွန်း၊ ပဒိုစောလစ်စတန်၊ ပဒိုစောလှ ထွန်း နှင့် ပဒိုစောမြမောင် စသည့် ခေါင်းဆောင်ငါးဦးပါကိုယ်စားလှယ်အဖွဲ့ သည်။ ဧရာဝတီနှင့်ရန်ကုန်တိုင်း ဒေသကြီးရှိ လူထုနှင့်တွေ့  ဆုံသည်။

“တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်” ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် တွေ့ဆုံ မေးမြန်းခန်း



သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် မကြာခဏဆိုသလို တွေ့ဆုံခွင့်ရရှိခဲ့သော ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောသည် ဧပြီလ ၂၆ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ တွင် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ၊ ရှမ်းပြည်နယ်

ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ပေးရေး သမ္မတထံ တောင်းဆိုမည်ဟုဆို



ရခိုင်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

တောင်တရုတ်ပင်လယ်အရေးဖြေရှင်းရန် ကြေညာစာတမ်း ထုတ်ပြန်


အငြင်းပွားမှုများ မြင့်တက်နေသည့် တောင်တရုတ်ပင်လယ်အရေး ထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ၂၈ ချက်ပါဝင်သည့် နေပြည်တော် ကြေညာစာတမ်းကို ဒုတိယနေ့အဖြစ် ကျင်းပသည့် မေ ၁၁ ရက်

မန္တလေးတွင် လေပြင်းတိုက်၍ ပြိုလဲဓာတ်တိုင်များ ရှင်းရာမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အပါအဝင် သုံးဦး ဆေးရုံရောက်


မြို့ကြီးအချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ပျက်စီးမှု အပြင် လူသေဆုံးသည်အထိ ဖြစ်ပေါ်နေရာ မန္တလေးမြို့တော်တွင်လည်း မေလ ၁၀ နေ့ ညနေပိုင်းက မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ

Sunday, May 11, 2014

KNU မှ ကရင်ပြည်နယ်တွင်း အိမ်ခြေ ၈၀၀ နီးပါးအား ဆိုလာမီး တပ်ဆင်ပေးမည်

11.5.2014

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ကရင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၈၀၀နီးပါးကို ဆိုလာမီး တပ်ဆင်ပေးသွားမည်ဟု တပ်မဟာ (၇) စီးပွားရေး
တာဝန်ခံ စောမိုးစက်က ပြောသည်။

အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထားသည့်ငွေကို အသုံးပြုကာ တစ်အိမ်လျှင် ၂ သိန်းနှုန်းဖြင့် သိန်း ၁၅၆၀ကို အသုံးပြုသွားမည်ဖြစ်ပြီး မေလအကုန်တွင် အပြီးသတ်
တပ်ဆင်ပေးသွားမည်ဖြစ်သည်။

“တန်ဖိုးနည်းအိမ်ယာ လုပ်ထားပြီး မီးမရသေးတဲ့အတွက် ကျွန်တော်တို့ကဦးစီးပြီး တပ်ဆင်ပေးတာဖြစ်ပါတယ်။ တပ်ဆင်ပေးမှာကတော့ တစ်အိမ်ချင်းစနစ်ဖြစ်ပါတယ်။
ကရင်အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ဝေးပါတယ်။ ဒါကြောင့် တအိမ်ချင်းစနစ်နဲ့ ဆင်ပါမယ်။” ဟုပြောသည်။

တောင်တရုတ် ပင်လယ် ပြဿနာ ပြေလည်ရေး မြန်မာ ဦးဆောင်ဆွေးနွေးမည်

11.5.2014

အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့နှင့် တရုတ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်း ပွား နေသည့် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု ပြဿနာ ပြေလည်ရေး လိုက်နာရမည့် ကျင့်ဝတ် (Code of Conduct for South China Sea) ပေါ်ထွန်းရေး နေပြည်တော် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

နေပြည်တော်တွင် မေလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ အာဆီယံ ထိပ်သီးအအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အာဆီယံ နိုင်ငံများ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ကိစ္စ၊ တရုတ်နှင့် အာဆီယံ နိုင်ငံတချို့ အကြား ပြဿနာတက်နေသည့် ရေပိုက်နက် အငြင်းပွားမှုကိစ္စ အပါအင် ဒေသတွင်း အရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

ရွှေတိဂုံပုံတူကိတ်မုန့်လှီးခဲ့သည့် မြန်မာသံအမတ်ကို သာသနာရေးဝန်ကြီးဌာန ကန့်ကွက်

11.5.2014

ဂျာမနီနိုင်ငံမှ Condor လေကြောင်းလိုင်းဖွင့်ပွဲတွင် ရွှေ တိဂုံစေတီပုံတူကိတ်မုန့်လှီးဖြတ် ခဲ့သည့်အပြုအမူနှင့် ယင်းကိစ္စတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ် တို့အား ကန့်ကွက်လွှာ ပေးပို့ထား ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ဥရောပသို့ တိုက်ရိုက်ပြေးဆွဲမည့် အဆိုပါ လေကြောင်းဖွင့်ပွဲအခမ်းအနား တွင် ရွှေတိဂုံစေတီပုံတူကိတ်မုန့် အားလှီးဖြတ်ကာ အခမ်းအနားဖွင့် လှစ်ခဲ့ခြင်းသတင်းကို ဧပြီ ၂၅ ရက်က ရဲရင့်ငယ် (ကနေဒါ)အမည်ဖြင့် အင်တာနက်တွင် လွှင့် တင်ခဲ့ကြောင်း ဧပြီ ၃၀ ရက်က ထုတ်ပြန်သော သာသနာရေးဝန် ကြီးရုံးမှ ကန့်ကွက်လွှာတွင် ဖော် ပြထားသည်။

Saturday, May 10, 2014

မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦးအား KIA က ဖမ်းဆီးခေါ်ဆောင်



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦး အား မေ ၇ ရက် ညပိုင်းတွင် ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ

ကမ္ဘာ့ဖလား Visa Card များ ထုတ်မည်


ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားကို ဂုဏ်ပြု၍ နိုင်ငံတကာ ငွေပေးချေကတ် Visa ကုမ္ပဏီနှင့် ပြည်တွင်းဘဏ်အချို့ ပူးပေါင်းကာ FIFA Visa Card များကို ထုတ်ဝေမည် ဖြစ်ကြောင်း

KIO လက်နက်စွန့်ရန် ကချင်အထူးဒေသ (၁) နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တိုက်တွန်း


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်၌ တပ်မတော်နှင့် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သော KIO/KIA အဖွဲ့ကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရန် ကချင်အထူးဒေသ (၁) ထာဝရ

မျိုးစောင့် ဥပဒေမူကြမ်း ကန့်ကွက်သူများကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ရှုတ်ချကြောင်း ကြေညာချက်ထုတ်



မျိုးစောင့်ဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အပါအဝင် အဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) က

ကန့်ဘလူမြို့နယ် လေပြင်းတိုက်၊ မိုးသီးကြွေ၊ စာသင်ကျောင်းနှင့် အိမ် ၆၀ ခန့်ပျက်စီး


ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကျီကုန်းတောင်ရွာ၊ ကာဘိုးနှင့်ဘူးကြီး ကျေးရွာတို့တွင် မေလ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ပြီး မိုးသီးများ ကြွေခဲ့ခြင်းကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့်

Friday, May 9, 2014

စည်းကမ်းမဲ့ယာဉ် မှတ်သားဖမ်းဆီးရန် မီးပွိုင့်များတွင် သီးသန့်ယာဉ်ထိန်းများ ထားရှိမည်


ရန်ကုန်၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား မှတ်သားဖမ်းဆီး အ ရေးယူသွားရန် မီးပွိုင့်များတွင် ယာဉ် ထိန်းရဲ သီးသန့်ထားရှိသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အ

ဗီယက်နမ် သင်္ဘောနှစ်စင်းကို တရုတ်သင်္ဘော ရည်ရွယ်ချက်ရှိရှိ ဝင်တိုက် တောင်တရုတ်ပင်လယ် တင်းမာမှုမြင့်တက်


တောင်တရုတ် ပင်လယ် အငြင်းပွား ရေပြင်တွင်းရှိ ဗီယက်နမ်သင်္ဘော နှစ်စင်းကို တရုတ်သင်္ဘောက ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့သည်ဟု ဗီယက်နမ် နိုင်ငံက

ကြောက်မက်ဖွယ်ရာ မီးလေပွေ ဖြစ်ပေါ်မှုကို အမိအရဓာတ်ပုံရိုက်ကူးနိုင်ခဲ့


အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်၊ Chillicothe မြို့ မှာ မီးလေပွေတစ်ခု ဖြစ်ပေါ်တိုက်ခတ်နေပုံကို Instagram အသုံးပြုသူတစ်ဦးက အမိအရဓာတ်ပုံရိုက်ကူးပြီး တင်ခဲ့တာပါ။

၁၆ နှစ်အတွင်း ချင်းတွင်းမြစ်ရေ အကြည်ဆုံးသို့ရောက်



တရားမဝင် ရွှေတူးဖော်မှု လုပ်ငန်းများကြောင့် သောက်သုံး၍ မရအောင် ညစ်ညမ်းခဲ့သော ချင်းတွင်းမြစ်ရေသည် ယခုနှစ် ဧပြီလအတွင်းမှ စတင်ကာ ၁၆ နှစ်အတွင်း အကြည်လင်ဆုံး အဆင့်သို့ေ

ရွှေတောင်မြို့နယ်တွင် ဒုတိယအကြိမ် လေပြင်းတိုက်ခတ်ခံရ၍ နေအိမ် ၄၀ ကျော် ထပ်မံပျက်ဆီး



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် မေလ (၈) ရက်နေ့ ညနေပိုင်းက ဒုတိယအကြိမ် လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ် ၄၀ ကျော် ထပ်မံပျက်ဆီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။