address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 31, 2014

ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား




31.8.2014

ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိန်းချုပ်နယ်မြေ သတ်မှတ်တာနဲ့ပတ်သက်ပြီး အငြင်း ပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေ အနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပြောကြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန် လူငယ်များတောင်းဆို


31.8.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းအတွက် ပြုလုပ်နေသည့် ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန်အရပ်ဘက် လူငယ်အဖွဲ့ အစည်းများက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တောင်းဆိုခဲ့သည်ဟု အဖြူရောင်တွဲလက်များ အဖွဲ့ဝင် ကိုသီဟမောင်မောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်သာရှိ




31.8.2014

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို




31.8.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ်ထူးဝင်းက ပြောသည်။

ရှမ်းမျိုးနွယ်စုနှင့် ကချင်အထူးဒေသ (၁) အဖွဲ့တို့က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် KIO/KIA လက်မှတ်ထိုးရန် တောင်းဆို


31.8.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လပိုင်းအတွင်း ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပါဝင် လက်မှတ်ရေးထိုးရန် ကချင်ပြည်နယ် အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နှင့် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့တို့က ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကရင်လက်နက်ကိုင်အဖွဲ့များအကြား နယ်မြေသတ်မှတ်မှု ပြဿနာမဖြစ်နိုင်ဟု BGF ဆို


31.8.2014

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်၍ ပြဿနာဖြစ်လာမည်မဟုတ်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှုးကြီးစောချစ်သူက ပြောသည်။

Wednesday, August 27, 2014

ဓမ္မစေတီခေါင်းလောင်းကို စတင်တွေ့ရှိပြီဟု ဆိုသော်လည်း ဆယ်မည့်ရက် မရေရာ




27.8.2014

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယခုရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေသော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုတွင် ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီဟု ကြေညာခဲ့သော်လည်း ပြန်လည် ဆယ်ယူမည့်ရက်ကိုမူ မကြာမီ ရက်ပိုင်းအတွင်း ဆယ်ယူမည်ဟုသာ သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းငါးဖမ်းစက်လှေတွင်ရောင်းချခံခဲ့ရသော ရခိုင်လူမျိုး ၁၄ဦးကိုကယ်တင်နိုင်ခဲ့ပြီးနေရပ်သို့ပြန်ပို့





27.8.2014

ထိုင်းနိုင်ငံ မဟာချိုင်ရှိငါးဖမ်း စက်လှေတွင် ရောင်းစားခြင်းခံရပြီး အင်ဒိုနီးရှားနိုင်ငံ အွန်ဘွန်ဆိပ်ကမ်း အရောက်တွင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့မှ ကယ်တင် နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြေပုံ မြို့နယ် သရက်တောင်ကျေးရွာမှ ကိုးဦးနှင့်ကမ်းထောင်းကြီးကျေးရွာ မှ ငါးဦးတို့ကို ယခုလ ၂၃ရက်တွင် ၄င်းတို့နေထိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

စံချိန်တင် ဖမ်းမိသည့် မူးယစ်ဆေးဝါးကိစ္စ တပ်နှင့်ပေါင်းကာ ဖော်ထုတ်နေဟု ဆို


27.8.2014

ကော့သောင်းမြို့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှ မလေးရှားနိုင်ငံသို့ ဦးတည်နေသည့် စက်လှေပေါ်ပါ မူးယစ်ဆေးဝါးများကို တင်သွင်းသူနောက်ကွယ် ဂိုဏ်းအဖွဲ့ကို တပ်မတော်နှင့် ပူးပေါင်းကာ ရှာဖွေနေသည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဘိလပ်မြေစက်ရုံမှူးက ကျူးကျော်အဆောက်အဦများ အမြန်ဆုံးဖယ်ရှားရန် အကြောင်းကြားစာပေးပို့



27.8.2014

ဖားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ တန် ၉၀၀ထွက် အမှတ်(၁) ဘိလပ်မြေစက်ရုံပိုင်နယ် မြေတွင် နေထိုင်လျှက်ရှိသည့် ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို ကျူးကျော်အဆောက်အဦဟု သတ်မှတ်ကာ အမြန် ဆုံး ဖယ်ရှားပေးရန် စက်ရုံမှူးက ဒေသခံများထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

Tuesday, August 26, 2014

တန်ခိုးထက်သည့် ဆရာတော်



26.8.2014
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ်လိုက်ခြင်းသည် ကရင်ပြည်နယ်  ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

Monday, August 25, 2014

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်




25.8.2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အောင်မြင်ပါက နယ်ခြားစောင့်တပ်များကို မူလအတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မဇ္ဈိမကို ပြောသည်။

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု




25.8.2014

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သိမ်းဆည်းခံလယ်မြေ ပြန်ရရေး ဘားအံမြို့တွင် ချီတက်ဆန္ဒပြ




25.8.2014

သိမ်းဆည်းခံရတဲ့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ ကျေးရွာပေါင်း ၉ ရွာက တောင်သူ ၁၀၀ ကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရွာများကို စည်းရိုးခတ်မယ်လို့ တရုတ် ကုမ္ပဏီပြော



25.8.2014

စံပယ်တောင်-ကြေးစင်တောင်စီမံကိန်း ၀န်းကျင်က ရွာတွေမှာ စည်းရိုးခတ်မယ်လို့ ကျေးရွာ အုပ်ချုပ်ရေး မှူးတွေကို မြန်မာ-ယန်စီကြေးနီကုမ္ပဏီက အကြောင်းကြား ထားတယ် လို့ ဒေသခံတွေက ပြော ပါတယ်။

Thursday, August 21, 2014

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ



21.8.2014

ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန်လာစေနိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ်သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်တွင် ကျဆုံးသွားသည့် ABSDF တပ်ဖွဲ့ဝင်များ စာရင်းကောက်ယူမည်


21.8.2014

ကရင်ပြည်နယ်တွင်ကျ ဆုံးသွားခဲ့ကြသည့် ABSDF တပ် ဖွဲ့ဝင်များ၏ အရေအတွက်ကို စာရင်းပြုစုကောက်ယူကာ ဂုဏ်ပြု ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း စာရင်းကောက်ယူရေးတာဝန်ခံ ရဲဘော်စိုးထွဋ်က ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)၏ ဆောက်လုပ်ပြီး အိမ်ယာစီမံကိန်း၌ နေရာချထားပေးရန် မဖြစ်နိုင်သေး




21.8.2014

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲမြို့နယ်ရှိ မော်ဖိုးကေနှင့် မဲ့တရိဒေသများတွင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော တန်ဖိုးနည်းအိမ်ရာများတွင် နေထိုင်မည့်သူများအတွက် နေရာချစီစဉ်ပေးရန် လက်ရှိတွင် မဖြစ်နိုင် သေးကြောင်း သိရသည်။

အမျိုးအမည်မသိခရုကြောင့် စိုက်ပျိုးပြီးလယ်များပျက်စီးဆုံးရှုံး



21.8.2014

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကော့ကရင်ကျေးရွာအနီးရှိ ကျုံ ကပိုင်ကွင်းတွင် အမျိုးအမည်မသိ ခရုကိုက်ဖျက်မှုကြောင့် စပါးစိုက် ပျိုးပြီးလယ်ဧက (၁၅၀) ကျော်ရှိ သည့်အနက် ဧက ၁၀၀ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူ များ၏ ပြောကြားချက်အရ သိရသည်။

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကေအိုင်အို၏ မူဝါဒတို့ကို ဗိုလ်ချုပ်ဂွမ်မော် ရှင်းလင်း



21.8.2014

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ မူဝါဒတို့ကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။