address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 29, 2015

ထိုင်းရှပ်နီခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ



29.1.2015

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝကို သရေဖျက်တဲ့အတွက် အတိုက်အခံ ရှပ်နီ ခေါင်းဆောင်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

မြန်မာကုန်စည်တွေပြတဲ့ မဲဆောက်နယ်စပ်ကုန်စည်ပြပွဲကြီး.




29.1.2015

ဒီနေ့စတင်တဲ့ မဲဆောက်က နယ်စပ်ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက အထင်ကရ လုပ်ငန်းရှင်တွေကလည်း မြန်မာထွက် ကုန် အချို့ ကို လာရောက်ပြသခဲ့ပါတယ်။

ပဒိုမန်းရှာ ကျဆုံးခြင်း (၇) နှစ်ပြည့်တွင် ‘မန်းရှာ’ အမည်ဖြင့် စာအုပ် ထုတ်ဝေမည်



29.1.2015

ကရင်အမျိုးသား အစည်းအရုံး(KNU) အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၇)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ‘မန်းရှာ’အမည်ရှိ တော်လှန်ရေးပုံရိပ် စာအုပ်တစ်အုပ်ကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တော်လှန်ရေး ရဲဘော်ရဲဘက်များက ထုတ်ဝေသွားရန် စီစဉ်နေသည်ဟု စာရေး ဆရာမ တစ်ဦးဖြစ်သူ နော်ခိုင်မာကျော်ဇောက ပြောသည်။

မြန်မာ−ထိုင်း−ကမ္ဘောဒီးယား ရထားလမ်းကွန်ရက် တည်ဆောက်ရန် ဂျပန်က ထိုင်းအား ကူညီမည်


29.1.2015

ထိုင်းနှင့် ဂျပန်အ စိုးရတို့သည် ထိုင်းနိုင်ငံတွင်းရှိ မြန်မာ နယ်စပ် ကန်ချနဘူရီမှ ထားဝယ်နှင့်လည်း ဆက်သွယ်ပြီး ထိုင်းနိုင်ငံမှ အနောက်သို့ ဖြတ်သန်းကာ ကမ္ဘောဒီးယားနှင့်ဆက်သွယ်မည့် ရထားလမ်းကွန်ရက်တည်ဆောက်ရေး ပူးတွဲ လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခိုတောင်လူသတ်မှုတွင် စွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ် ဦး အတွက် ရန်ပုံငွေကောက်ခံ




29.1.2015

၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၌ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိသျှခရီး သည်နှစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာရွှေ့ ပြောင်း အလုပ်သမားနှစ်ဦး တရားစွဲ ဆိုခံထားရရာ သူတို့နှစ်ယောက်အ တွက် ခန့်ထားသည့် ရှေ့နေများက ထိရောက်စွာ ခုခံချေပလျှောက်လဲ ချက်ပေးနိုင်ရေးအလို့ငှာ ကူညီပံ့ပိုး ပေးကြ ပါရန် ရွှေ့ပြောင်းအလုပ်သ မားအခွင့်အရေးကွန်ရက်(MWRN) က ထိုင်းနိုင်ငံ ရှိ ရွှေ့ပြောင်းအလုပ်သ မားများကို ကိုယ်စားပြုလျက် ဇန်န ဝါရီ ၂ရရက် ၌ မေတ္တာရပ်ခံလိုက်သည်။

တရားစွဲခံရသော အမှုများတွင် သမာသမတ်ကျသော စကားပြန်များ အသုံးပြု ပေး ရန် ထိုင်းအစိုးရကို တောင်းဆို


29.1.2015

ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် မြန်မာနှစ်ဦး တရားစွဲဆိုခံထားရမှုများရှိနေရာ ထိုင်းနိုင်ငံ၌ မြန်မာများ တရားစွဲဆိုခံရသည့် အမှုများတွင် စကားပြန်များ ဘက်လိုက်မှု မရှိစေရေးအတွက် ထိုင်းနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနက လေ့ကျင့် ပေးထားသော ဘာသာပြန်များကိုသာ အသုံးပြုပေးရန် တောင်းဆိုထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက The Voice သို့ပြောကြားသည်။

Wednesday, January 28, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင်စီးပွားရေးလုပ် ပါက ယင်းအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရမည်



ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှစ်ပတ်လည်နေ့ ကျင်းပသည့် အခမ်းအနားကို တွေ့ရစဉ်။ (ဓာတ်ပုံ -                           ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
 
28.1.2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်လျက်ရှိသော ဒေသများတွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထိုဒေသရှိ အပစ် အခတ်ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေး တိုင် ပင်၍ လုပ်ဆောင်သွားရန် သဘောတူညီထားပါသည်ဟု သမ္မတရုံးဝန်ကြီး ဌာန(၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောသည်။

ကြောက်စရာကောင်းတဲ့ တညင်းသီး



28.1.2015

ရှောင်စေချင်သည် တညင်းသီးအဆိပ်တွေနဲ့ အသီးအားလုံး သိကြ တဲ့ အသီး ပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။
တညင်း သီး ကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။

ထိုင်းလိပ်ကျွန်းပုံရိပ် ဗြိတိန် မီဒီယာကြောင့်ပျက်ဟု ကျွန်းသူကြီးပြော



28.1.2015

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း (ခိုတောင်) ရဲ့ နာမည်ကောင်းဟာ ဗြိတိန် မီဒီယာရဲ့ သတင်းတွေကြောင့် ပျက်စီးသွားတယ်လို့ ကျွန်းသူကြီးက ပြော ပါတယ်။

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်



28.1.2015

မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများအ တွက် အင်တာနက်လျှောက်ထား ခ တစ်သောင်းကျပ်ကို ပယ်ဖျက် ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ရက်ပိုင်းအတွင်း ညီအမမြို့ ဖြစ်တော့မည့် မဲဆောက်နှင့်မြ၀တီ




28.1.2015

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မနက်ဖြန်ကစပြီး ၅ ရက်ကြာပြုလုပ်မဲ့ နယ်စပ်ကုန်စည်ပြပွဲ ကာလအတွင်းမှာ နှစိဖက်အစိုးရတာဝန်ရှိသူတွေက မဲဆောက်နဲ့မြ၀တီမြို့တွေကို ညီအမမြို့တွေအဖြစ် တရားဝင်ကြေညာမယ်လို့ သတင်းရရှိပါတယ်။

ထိုင်းတွင် တယ်လီဖုန်းဆင်းကတ် သုံးစွဲသူအားလုံး မှတ်ပုံတင်ရမည်



28.1.2015

လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ တယ်လီဖုန်း ဆင်းကတ် ပိုင်ရှင်တွေအားလုံး မှတ်ပုံတင်ရမယ်လို့ ထိုင်းအမျိုးသား ဆက်သွယ် ရေး နဲ့ အသံလွှင့် လုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ထားဝယ်-ထီးခီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆက်ဆံရေးရုံး ထပ်မံဖွင့်လှစ်ရန် စီစဉ်နေ


28.1.2015

ထားဝယ်-ထီးခီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆက်ဆံရေးရုံကို ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း လူကုန်ကူးတားဆီး နှိမ်နင်းရေး (ဗဟို) မှ သိရသည်။

ဆာသူးလေ ရွှေ့ပြောင်းကျောင်းတွင် ပထမဆုံးအကြိမ် အာစရိယ ပူဇော်ပွဲ ကျင်းပ



28.1.2015

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ် သည့် ဆာသူးလေ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/သားများ ပူးပေါင်း၍ ပထမဦးဆုံးအကြိမ် အာစရိယ ပူဇော်ပွဲ (ဆရာကန်တော့ပွဲ)ကို ယနေ့ ဇန်န၀ါရီ ၂၇ရက်နေ့၌ ဆာသူးလေကျောင်းတွင် ကျင်းပခဲ့သည်။

Monday, January 26, 2015

ထိပ်တန်းအဆင့် ဆေးရုံ ၂ ရုံကို ထိုင်းဆေးရုံအုပ်စု မြန်မာတွင် တည်ဆောက် မည်



26.1. 2015

မြန်မာနိုင်ငံမှာ ထိပ်တန်းအဆင့် ဆေးရုံ ၂ ရုံ ဆောက်လုပ်ဖို့အတွက် နောက် တပတ် ရန်ကုန်မှာ ဂမုန်းပွင့်ကုမ္ပဏီအဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံက ထွန်ဘူရီ ဆေးရုံအုပ်စု (THG) က ပြောပါတယ်။

ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ပြည်သူအသံ၊ အကြံဉာဏ်ရယူခြင်း စီမံကိန်းတာဝန်ခံ စောဖိုးခွါးကြီး (ခေါ်) စောထက်ဝေယံကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း



26.1. 2015

စောဖိုးခွါးကြီးဟာ ၂၀၀၁ခုနှစ်မှာ ဖားအံမြို့၊ အ.ထ.က(၁)မှာ ဆယ်တန်းအောင်မြင်ပြီးတော့ ၂၀၀၅ခုနှစ်မှာ နိုင်ငံတကာဆက်ဆံ ရေး(I.R BA)ဘွဲ့ရခဲ့ပါတယ်။ လက်ရှိ ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖေါင်ဒေးရှင်းမှာ ၂၀၀၇ခုနှစ်ကနေ စတင်လုပ်ဆောင်ပြီး “ငြိမ်းချမ်းရေးအတွက် ခြေတစ်လှမ်း”ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် မှာရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးအကြောင်း အမြင်ဖွင့်သင်တန်းတွေ လိုက်လုပ်ပေးခဲ့ တယ်။ ၂၀၁၀ခုနှစ်မှာတော့ ရွေးကောက်ပွဲအတွက် မဲပေးတဲ့ကိစ္စတွေကို လိုက်လံလုပ် ဆောင်ပေးတယ်။ ၂၀၁၃ခုနှစ်က ၂၀၁၄ခုနှစ်အထိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအလုပ်များ လုပ်ဆောင် ခဲ့ပါ တယ်။ ယခုအချိန်ထိ ငြိမ်းဖောင်ဒေးရှင်းမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

(OKRSO) အဖွဲ့ ရွှေးကောက်ပွဲ ကျင်းပပြီးစီး



26.1. 2015

ဘန်ကောက်အခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) အဖွဲ့ ရွှေးကောက်ပွဲကို ဒီနေ့ဘန်ကောက်မြို့မှာ ကျင်းပခဲ့ကြီး စောထွန်းနိုင်သန်း ဥက္ကဌ - နန်းသမော့ခလိန်းဆန့် အတွင်းရေးမှူး - အဖြစ် ရွေးကောက်တင်မြောက် ခဲ့ကြပါတယ်။

ဒုတိယမြောက် မြ၀တီ−မဲဆောက်တံတား မကြာမီ တည်ဆောက်မည်




26.1. 2015

မြ၀တီနှင့် မဲဆောက်သို့ ဆက်သွယ်မည့် ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံ တားတည်ဆောက်ခြင်းစီမံကိန်း ကို ထိုင်းဘက်ခြမ်းတွင် မကြာ မီ စတင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြ ထားသည်။

ကလေး ၁ ဦးအပါအ၀င် မြန်မာအလုပ်သမား ၃ ဦး ထိုင်းတွင် အသတ်ခံရ



26.1. 2015

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ချိုက်ပူရီမြို့နယ်မှာ ရာဘာခြံအလုပ်သမား ၃ ဦး အသတ်ခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ)က ပြောပါတယ်။

မွန်ပြည်နယ်မှ လိုင်စင်မဲ့ကား ၁၅၀ လေလံတင်မည်



26.1. 2015

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားအစီးရေ (၂၀၀)ကျော်ရှိသည့်အနက် တရားရုံးများမှ စီရင်ချက်ချပြီးသည့် လိုင်စင်မဲ့ကား (၁၅၀)စီးကို ကားအရည်အသွေးအပေါ် မူတည်၍ ကြမ်းခင်းဈေး သတ်မှတ်ပြီး လာမည့် ဖေဖေါ်ဝါရီလအတွင်း ဒုတိယအကြိမ်လေလံစနစ်ဖြင့် ရောင်းချမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။