address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, September 12, 2014

တပ်ပေါင်းစုများသည်လည်း အနတ္တ



12.9.2014

“တပ်ပေါင်းစု” ဆိုတာ ဒူးရင်းသီးနဲ့တူတယ်။

“တပ်ပေါင်းစု” စတင်ဖွဲ့စည်းကာစ၊ စုစည်းကာစဆိုရင် မမှည့်သေးတဲ့ ဒူးရင်းသီးနဲ့တူမှာပေါ့။ မာမာကျစ်ကျစ်၊ ဆူးချွန်ချွန်တွေနဲ့။ ဘုံရန်သူကို ညီညီညွတ်ညွတ် တွန်းလှန်ကြမယ်ဆိုတဲ့သဘော။ ကာလတစ်ခုဖြတ်သန်းသွားပြီးတဲ့အခါ ဒူးရင်းသီးဟာ အခြမ်း လိုက် အက်ကြောင်း၊ ကွဲကြောင်းကြီးတွေ ထင်ထင်ရှားရှားပေါ်လာပြီ၊ အနံ့တွေလည်း ထွက်လာပြီ၊(တချို့က ဒူးရင်းသီးအနံ့ မွှေး တယ်/တချိ့က နံတယ်ပေါ့)။

Thursday, September 11, 2014

တောင်တက်သမား ၂ ဦး ရှာဖွေကယ်ဆယ်ရေးအစီအစဉ် စတင်





11.9.2014

တောင်ခြေစခန်းနှင့် အဆက်အသွယ် ပြတ်နေသော ခါကာဘိုရာဇီတောင်တက်သမား ၂ ဦးကို ရှာဖွေရေး လုပ်ငန်းအတွက် ယနေ့ ရဟတ်ယာဉ်များ ထွက်ခွာထွားကြပြီဖြစ်သည်။

မြန်မာ-ဗီယက်နမ် ဆီမီးဖိုင်နယ်ပွဲစဉ် အချိန်ပြောင်း





11.9.2014

၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမယ့်အချိန်ကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီအစား ည ၆း၄၅ နာရီကို ပြောင်းလဲလိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နှိပ်စက်မှုတွေ ထိုင်းစစ်အစိုးရကျူးလွန်





11.9.2014 

ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကြာခဲ့ပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေး ကာလအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ တော်တော် များများ ဖြစ်ပွားခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောဆိုလိုက်ပါတယ်။

တပ်နေရာချထားရေးနှင့် တပ်သားသစ်စုဆောင်းရေးကိစ္စ အန်စီစီတီ ဆက်လက်ဆွေးနွေး





11.9.2014

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ရဲ့ ဒုတိယနေ့ အစည်းအဝေးပွဲမှာ ကြားကာလ တပ်နေရာချထားရေးကိစနဲ့ တပ်သားသစ် စုဆောင်းရေး ကိစ္စတို့ကို အဓိကထား ဆွေးနွေးနေတယ်လို့ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ရန်ကုန်၌ ပြုလုပ်မည့် နိုင်ငံရေးပါတီများ အကြိုတွေ့ဆုံပွဲတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီအကြောင်း PSDP အဆိုတင်သွင်းမည်





11.9.2014



လာမည့် စက်တင်ဘာ ၁၃ရက်နေ့မှ ၁၄ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည့် နိုင်ငံရေးပါတီများ ကြိုတင် တွေ့ဆုံညှိနှိုင်းပွဲတွင် ဖက်ဒရယ်အရေးနှင့် ဒီမိုကရေစီအရေးကို အဓိက အဆိုတင်သွင်းသွားမည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ယမန်နေ့က ပြောဆိုလိုက်သည်။

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်





11.9.2014

ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။

ခေါင်းလောင်းရှာဖွေသည့်အဖွဲ့ကို စိစစ်ရန်လိုပြီဟု မွန်သုတေသနအသင်း ဝေဖန်




11.9.2014

တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့် ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသည့် အဖွဲ့ကို ခွင့်ပြုချက်ပေးထားသော ရန်ကုန်တိုင်းအစိုးရအနေဖြင့် စိစစ်ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းမွန်သမိုင်း သုတေသနအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Tuesday, September 9, 2014

မြ၀တီမြို့တွင် မြေနေရာကိစ္စရပ်အတွက် သေနတ်ပစ်ဖောက်မှုဖြစ်


 

9.9.2014

 ကရင်ပြည်နယ် မြ၀တီမြို့မှာ အစိုးရတပ်နဲ့ နယ်မြေခံ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ) တပ်ဖွဲ့ဝင်တွေအကြား  မြေနေရာကိစ္စ အငြင်းပွားရာကနေ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဖွဲ့ခွဲ တည်ထောင်တဲ့ ရဲဘော် နှစ်ဦး ABSDF က ထုတ်ပယ်


 9.9.2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့တွေ တည်ထောင် တဲ့ ရဲဘော်တချို့ကို ABSDF ဗဟို စစ်ကော်မရှင်က စက်တင်ဘာ ၅ ရက်နေ့နဲ့ ၇ ရက်နေ့မှာ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။

နိုင်ငံကူးလက်မှတ်မှောင်ခိုဂိုဏ်း ဘန်ကောက်မှာ ဖမ်းမိ





9.9.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပတ်စ်ပို့ အတုတွေ ရောင်း နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်း အမျိုးသမီး ၂ ဦးနဲ့ ပါကစ္စတန် အမျိုးသား ၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပါတယ်။ 

ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရန် သြစတြေးလျားရောက် ကရင်များကို ၀ါရင့်ကရင်အနုပညာရှင် စောကျော်လိုက်သိန့် တိုက်တွန်း




9.9.2014

သြစတြေးလျားနိုင်ငံရောက် ကရင်များအနေနဲ့ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရန် စက်တင်ဘာ ၆ရက်နေ့၊ နယူးဆောက်သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Lidcombe ရပ်ကွက်၊ Ukarainian Hall ၌ ကျင်းပ သော Karen Triangle Music Band ဖျော်ဖြေပွဲတွင် ၀ါရင့်ကရင်အနု ပညာရှင် စောကျော်လိုက်သိန့်က တိုက်တွန်းပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်





9.9.2014

ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေ ကြပါတယ်။

ထိုင်းရှိ လုပ်သားများအား အထောက်အထား ထုတ်ပေးနေသော်လည်း မြန်မာဘက်မှ နိုင်ငံသားစိစစ်မှု ကြန့်ကြာနေ



9.9.2014

ထိုင်းရှိ တရားမဝင် လုပ်သားများကို ဒဏ် ငွေဆောင်စေပြီး အထောက်အထားထုတ်ပေး နေသော်လည်း အစိုးရဘက်မှ နိုင်ငံသား စိစစ် ပေးရာတွင် ကြန့်ကြာနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားအံမြို့၌ သတင်းထောက်တစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်





9.9.2014

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သတင်းထောက်တစ်ဦးဖြစ်သည့် မြန်မာပို့စ် သတင်းထောက် ဦးဇော်ရဲထက် ဆိုသူသည် ယနေ့မနက် ၉ နာရီမှ ၁၁ နာရီအထိ မီဒီယာလွတ်လပ်ခွင့်အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

MPT ဆင်းမ်ကတ်တွေ ရဦးမှာလား၊ မရတော့ဘူးလား


9.9.2014


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်လို့ ပြောထားပေမယ့်လည်း နှစ်ရက်သာ ရောင်းပေးပြီး သီတင်းတစ်ပတ်ခန့် ကြာတဲ့အထိ ထပ်ရောင်းပေးဖို့ ဆင်းမ်ကတ်တွေ မရသေးဘူးလို့ သိရပါတယ်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု ထူးခြားမှု မရှိသေး၊ အစိုးရက စစ်ဆေးမည် ဆိုသည့် သတင်းများ မမှန်ဟုဆို



  
9.9.2014

လွန်ခဲ့သော တစ်လခန့်မှ စတင်ကာ ပြည်သူများအကြားတွင် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုမှာ သတ်မှတ်ရက်ထက် ၁၂ ရက် ပိုပြီး ရှာဖွေနေသည့်တိုင် ထပ်မံထူးခြားမှု မရှိသေးကြောင်း အဆိုပါ ခေါင်းလောင်း ရှာဖွေရေး အဖွဲ့ဝင်များထံမှ စက်တင်ဘာလ ၇ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

မြန်မာနှင့်အင်ဒိုနီးရှား ယူ၁၉ အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်မည်




9.9.2014

၂၀၁၄ အာဆီယံ ယူ ၁၉ ပြိုင်ပွဲ (AFF Notifood U19 Cup 2014) ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဗီယက်နမ်နိုင်ငံ My Dinh အားကစားကွင်းမှာ ဗီယက်နမ်စံတော်ချိန် ဒီနေ့ ညနေ ၄ နာရီခွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ဒေါနတောင်ကျော်ကားလမ်းနှင့်မိုးရာသီ



9.9.2014

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောဖြစ်တဲ့ မြ၀တီ - ကော့ကရိတ်ဒေါနတေဆာင်ကျော်လမ်းမှာ မိုးတွင်းကာလရောက်တိုင်း ကြုံ တွေ့နေရတာကတော့ ကားလမ်းပျက်ပြီး ရာနဲ့ချီတဲ့မော်တော်ယာဉ်တန်းတွေ သွားလာရခက်ခဲပြီး အချိန်ကုန်ငွေကုန်ပြီး နှောင့်နှေးတဲ့ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နှစ်စဉ် ရင်ဆိုင်ရတယ်လို့ ကုန်သည်တွေ ခရီးသွားတွေ ကားမောင်းသမားတွေက ပြောဆိုကြပါတယ်။

Thursday, September 4, 2014

KNU၏ ယာယီနုတ်ထွက်စာအပေါ် တရားဝင်အကြောင်းပြန်ကြားရန်အပါအဝင် အချက်၆ချက် UNFCညီလာခံဆုံးဖြတ်





4.9.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပထမဆုံးညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းရန်နှင့် KNU၏ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းသည့် စာအပေါ် တရားဝင်အကြောင်းပြန်ကြားရန် အပါအဝင် အချက် ၆ ချက် ဆုံးဖြတ်ခဲ့သည်ဟု စက်တင်ဘာ ၃ရက် နံနက်က ချင်းမိုင်မြို့တွင် ညီလာခံနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။