address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 15, 2014

ထိုင်းဥပဒေအရ သတ်မှတ်ထားသော လုပ်အားခ တစ်ရက်ဘတ် (၃၀၀) အပြည့်အ၀ မရသောကြောင့် မြန်မာအလုပ်သမားများ ဆန္ဒပြ


15.1.2014 

ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ သတ်မှတ်ထားသည့် တစ်နေ့လုပ်အားခ ဘတ် (၃၀၀) အပြည့်အ၀ မရရှိခြင်းကြောင့် မဲဆောက်မြို့၊ ဝှေ့မုတ်ကျေးရွာမှာရှိ မာလီအထည်ချုပ်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ရာခန့်သည် ဇန်န၀ါရီ ၁၄ ရက် မွန်းလွဲပိုင်းမှ စတင်အလုပ်မဆင်းတော့ဘဲ ဆန္ဒပြခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မာလီအထည်ချုပ်စက်ရုံ ဖွင့်လှစ်ခဲ့သည်မှာ လပိုင်းသာရှိပြီး အလုပ်သမား စတင်စုဆောင်းနေဆဲ ကာလဖြစ်ကြောင်း သိရသည်။ စက်ရုံတာဝန်ရှိသူများက မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အလုပ်ခေါ်ယူစဉ်က စက်ချုပ်ကျွမ်းကျင်မှုကို စစ်ဆေးခဲ့ပြီး တစ်ရက်လုပ်အားခ ဘတ်ငွေ (၃၀၀) နှင့် အချိန်ပိုလုပ်အားခ တစ်နာရီ (၅၆) ဘတ်ပေးမည်ဟုဆိုကာ အလုပ်ခန့်ခဲ့ကြခြင်း ဖြစ်သည်ဟုလည်း ထိုစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများက ပြောကြားခဲ့သည်။ ယခုလစာထုတ်သည့် အချိန်တွင် သတ်မှတ်လုပ်အားခ အပြည့်အ၀မရဘဲ ဘတ် ၂၀၀ နှင့် ၂၅၀ သာ ရကြသည့်အတွက် မကျေမနပ်ဖြစ်ကာ အလုပ်မဆင်းဘဲ ဆန္ဒပြကြခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။

သူတို့အလုပ်စခေါ်တုန်းက လုပ်ငန်းအတွေ့အကြုံတွေကိုစစ်တယ်၊ ပြီးမှ သုံးရက်အစမ်းခန့်မယ် အဲဒီသုံးရက်အတွင်းမှာ တစ်ရက်ဘတ်တစ်ရာနဲ့ ရှင်းပေးမယ်။ သုံးရက်ကျော်တာနဲ့ ဆက်ခန့်ထားတဲ့ သူတွေကို ဘတ် ၃၀၀ နှုန်းနဲ့ ရှင်းပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ကျွန်တော်တို့ကို ခေါ်တာဖြစ်တယ်။ အခုလုပ်ခရှင်းတော့ အဲလိုမဟုတ်ဘဲ ကျနော်တို့ကို နာရီနဲ့ပေးတဲ့ ပုံစံမျိုးဖြစ်ပြီး သူတို့ပြောထားတဲ့အတိုင်း မဖြစ်ဘူး အဲဒါကြောင့် ကျနော်တို့ အလုပ်မဆင်းတော့ဘဲ ဆန္ဒပြရတာဖြစ်တယ် . . . . .

ယခုရက်ပိုင်းအတွင်း လုပ်အားခ အပြည့်အ၀ မရသဖြင့် ဦးဆောင်တောင်းဆိုခဲ့သည့် အလုပ်သမား ငါးဦးကိုလည်း အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟုလည်း သတင်းရရှိသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်မဆင်းဘဲ ဆန္ဒပြကြသည့် အကြောင်းအရင်းကို ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “သူတို့အလုပ်စခေါ်တုန်းက လုပ်ငန်းအတွေ့အကြုံတွေကိုစစ်တယ်၊ ပြီးမှ သုံးရက်အစမ်းခန့်မယ် အဲဒီသုံးရက်အတွင်းမှာ တစ်ရက်ဘတ်တစ်ရာနဲ့ ရှင်းပေးမယ်။ သုံးရက်ကျော်တာနဲ့ ဆက်ခန့်ထားတဲ့ သူတွေကို ဘတ် ၃၀၀ နှုန်းနဲ့ ရှင်းပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ကျွန်တော်တို့ကို ခေါ်တာဖြစ်တယ်။ အခုလုပ်ခရှင်းတော့ အဲလိုမဟုတ်ဘဲ ကျနော်တို့ကို နာရီနဲ့ပေးတဲ့ ပုံစံမျိုးဖြစ်ပြီး သူတို့ပြောထားတဲ့အတိုင်း မဖြစ်ဘူး အဲဒါကြောင့် ကျနော်တို့ အလုပ်မဆင်းတော့ဘဲ ဆန္ဒပြရတာဖြစ်တယ်” ဟုပြောကြားခဲ့သည်။

အခု ပြဿနာဖြစ်နေသည့် မာလီအထည်ချုပ်စက်ရုံသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ်နံဘေးက ဝှေ့မုတ်ကျေးရွာ၌ရှိပြီး၊ ထိုင်းနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားပိုင် အချုပ်ထည်ချုပ်စက်ရုံ တစ်ခုဖြစ်ကြောင်းလည်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment