ဌာနဆိုင် ရာအသီးသီး၏ ရာထူးအမြင့် နေရာများတွင် လုပ်ငန်းမကျွမ်း ကျင်သည့် နယ်ပယ်မှပုဂ္ဂိုလ်များ ခန့်အပ်နေခြင်းသည် သက်ဆိုင် ရာဌာနကို ပျက်စီးဆုတ်ယုတ် စေသည့်အတွက် ဖက်ဒရယ် ပြည်ထောင်စု ပါတီမှ ပြင်းပြင်း ထန်ထန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း
သိရသည်။ တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အသက်လေး ဆယ်ပြည့်အရာရှိများကို အဆို ပါဌာနဆိုင်ရာနယ်ပယ်အသီး သီးတွင် ပြောင်းလဲခန့်ထားသည့် အပေါ် တွင် ယင်းကဲ့ သို့ပြော ကြားခြင်းဖြစ်သည်။ဖက်ဒရယ်ပြည်ထောင်စု ပါတီဒုတိယဥက္ကဋ္ဌ ဦးစိုင်းစော သန်းမြင့်က ““လက်ရှိဝန်ထမ်း တွေကို ရာထူးတိုးရွေးချယ်ခန့် ထားတဲ့အခါ မိမိဌာနက ထူး ချွန်တဲ့ အလုပ်ကြိုးစားတဲ့သူ၊ ဝန်ထမ်းလုပ်သက် များတဲ့သူပဲ ဖြစ်ရမယ်။ စစ်တပ်၊ ရဲ စတာ တွေရဲ့ ဆွေမျိုးတွေ မလာရဘူး။ မိုးကျရွှေကိုယ်တွေကို မကြိုက် ဘူး””ဟု ပြောသည်။ ဝန်ကြီးဌာနများနှင့် ဌာန ဆိုင်ရာအားလုံးတွင် စစ်တပ်မှ ပြောင်းလဲ တာဝန်ထမ်းဆောင် သူများကိုသာ တွေ့နေရကြောင်း၊ ထိုသို့ ဌာန၏လုပ်ငန်းဆောင် တာများ ကို နားမလည်သည့်သူ ကို အုပ်ချုပ်စေခြင်းသည် ဌာန ၏ တိုးတက်ရာလမ်းကြောင်း ကို ပိတ်ဆို့နေသည့်အတွက် ရှုတ်ချကြောင်း၊ ယင်းတို့ပါတီ ဝင်အင်အား တောင့်တင်းလာ ပါက ထိုကိစ္စကိုပြင်းပြင်းထန် ထန်ကန့်ကွက်သွားရန်မှာ ပါတီ ၏ မူဝါဒတစ်ရပ်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
ထိုသို့ လုပ်ငန်းမကျွမ်းကျင် သည့် အခြားနယ်ပယ်မှသူများ ကိုခန့်ထားခြင်းဖြင့် ဌာနတွင်း ကျွမ်းကျင်ဝန်ထမ်းကောင်းများ ကို အလုပ်မှထွက်သည်အထိ ဖြစ်စေရာ နိုင်ငံ့ဝန်ထမ်းကောင်း များဆုံးရှုံးနေရကြောင်း ယင်း တို့က ပြောသည်။ ပါတီ၏ ဗဟိုကော်မတီဝင် ဦးနိုင်ခင်မောင်က ““အရပ်ထဲက စာမေးပွဲဖြေပြီး ခန့်ထားတဲ့သူက နောက်ထပ်တက်ဖို့အကြောင်း မရှိတော့ဘူး။ အရည်အချင်းရှိ တယ်။ လုပ်သက်ပြည့်ရင် သူ တို့ကိုဦးစားပေးပြီး Promotion ပေးရမယ်””ဟု ပြော သည်။
ယခင်က စစ်တပ်တွင်တာ ဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန် တွင် ရွာမသံမဏိစက်ရုံ၌တာ ဝန်ထမ်းဆောင်နေသူတစ်ဦး က ““ကျွန်တော်တို့ပြောင်းလာလို့ ဘာမှထူးထူးခြားခြားပြောင်း သွားတာတော့မရှိပါဘူး။ ဝန် ထမ်းအားလုံးက တန်းတူဆက် ဆံပါတယ်။ အရာရှိတွေတော့ ဘယ်လိုအခြေအနေရှိတယ်ဆို တာမသိဘူး””ဟု ပြောသည်။
ရေကြောင်းပို့ဆောင်ရေး မှဝန်ထမ်းတစ်ဦးက ““အဓိက ကတော့ တက်လမ်းပိတ်တယ်။ သူတို့ရဲ့သြဇာခံရတယ်။ လုပ် ငန်းမကျွမ်းကျင်လို့ ပြန်ပြောပြ ရင်တောင် လက်မခံဘူး။ စစ် တပ်ကလာတယ်ဆိုတဲ့အတွက် အမိန့်နဲ့ တဇွတ်ထိုး တွေရှိ တတ် တယ်။ အရပ်သားလူကြီးတွေ၊ အောက်ခြေကနေ တက်လာတဲ့ သူတွေကနေ လုပ်ငန်းသဘော ကျွမ်းကျင်မှုရှိတယ်။ နားလည် မှုရှိတယ်””ဟု ပြောသည်။ ၂၀၀၉ခုနှစ်ခန့်မှစတင် ကာ အသက်လေးဆယ်ပြည့် အရာရှိများကို ကာကွယ် ရေး ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ၏ စက်ရုံအလုပ်ရုံများတွင် စက် ရုံမှူးနှင့် အုပ်ချုပ်သူများအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင် စေခဲ့ခြင်းဖြစ်ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ သိရသည်။
သို့သော်လည်း အရာရှိ များကိုသာ ပြောင်းလဲတာဝန် ထမ်းဆောင်စေသည် မဟုတ် ဘဲ အဆိုပါစက်ရုံများ၏လိုအပ် ချက်အရ အခြားအဆင့်ဝန်ထမ်း များကိုလည်း ပြောင်းရွှေ့မှုများ ပြုလုပ်ပေးကြောင်း၊ အရာရှိများ ကို အသက်လေးဆယ်ဟု ကန့် သတ် ထားသော်လည်း အခြား အဆင့်ဝန်ထမ်းများကိုမူ အသက် ကန့်သတ်ချက်မရှိဟု သိရသည်။ ယခုလက်ရှိအချိန်တွင်မူ ထိုသို့လုပ်ဆောင်ခြင်းကို ခေတ္တ ရပ်နားထားကြောင်း သိရသည်။
နန်းသီတာဝင်း
Yangon Media Group
No comments:
Post a Comment