22.11.2013
ငါးဖမ်းလုပ်ငန်းသည် ထိုင်းနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် နေထိုင်ကြသူများအတွက် အဓိကကျသည့် အသက်မွေးဝမ်းကျောင်းအဖြစ် တည်ရှိနေသည်မှာ ကြာညောင်းပြီ ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ခန့်မှစကာ ထိုင်းငါးဖမ်းလုပ်ငန်း၏ စက်ရုံအလုပ်ရုံများ အလျင်အမြန် တိုးတက်ဖွံ့ဖြိုး လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ စီးပွားရေးလည်း သိသိသာစွာ တိုးတက်ဖြစ်ထွန်း လာခဲ့သည်။ ထိုင်းငါးဖမ်းလုပ်ငန်း၏ သဘောသဘာဝပါ အခြေခံကျကျ ပြောင်းလဲလာခဲ့သည်။














