address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 2, 2014

ပြည်ပသို့တရားမဝင်လုပ်သားစေလွှတ်သည်ဟုသံသယရှိသော အေဂျင်စီငါးခု ကို လုပ်သားစေလွှတ်ခွင့်ယာယီရပ်ဆိုင်း



2.11.2014

စမတ်ကတ်အတုဖြင့် ပြည်ပသို့တရားမဝင်လုပ်သား စေလွှတ်မှုပြုလုပ်ရာ တွင်ပါဝင် ပတ်သက်သည်ဟု သံသယရှိသော ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီငါးခုကို လုပ်ငန်း ဆောင်ရွက်ခွင့်ယာယီရပ်နား ထားစေကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော် ထင်ကျော်ကပြောသည်။

စမတ်ကတ်အတုပြုလုပ် သည့်လုပ်ငန်းကို စက်တင်ဘာလအတွင်း သက်ဆိုင် ရာက ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်းလုပ်ငန်းနှင့်ပါဝင် ဆက်စပ်မှုရှိ သည်ဟု သံ သယရှိသောအေးဂျင်စီငါးခုကို စုံစမ်းနေသည်။ ယခုအခါ ပြည်ထဲ ရေးဝန်ကြီး ဌာနက ၎င်းတို့အား ခေါ်ယူစစ်ဆေးမေးမြန်းနေချိန် တွင် ယင်းအေးဂျင်စီများ လုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တို ဘာမှစ၍ ယာယီရပ်နားထားစေ ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

‘‘သံသယရှိတဲ့အေးဂျင့်ငါးခု လုံးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စသုံးလုံး စတဲ့အဖွဲ့ပေါင်း စုံကခေါ်ယူစစ်ဆေးနေပါပြီ။ စစ် ဆေးဆဲကာလမှာ သူတို့လုပ်ငန်း ကိုလည်း ယာယီရပ်နားထားစေပါ တယ်’’ဟု ဦးကျော်ထင်ကျော်က ပြောသည်။

စမတ်ကတ်ကို ပြည်ပသို့ ထွက်ခွာအလုပ်လုပ်မည့် အလုပ် သမားများ၏ လုပ်ငန်းခွင်အကြို သင်တန်းပြီးစီးမှု အခြေအနေ ပေါ်မူတည်၍ သက်ဆိုင် ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိ အမှတ်ပြုသက်သေအဖြစ် ထုတ် ပေးခြင်းဖြစ်သည်။ အချို့သော အေးဂျင်စီ များမှာ အလုပ်သမား များကို လုပ်ငန်းခွင်အကြိုသင် တန်းပို့ချရန် အချိန်မ ပေးနိုင်ခြင်း၊ ပြည်ပထွက်ခွာခွင့်အတွက် အမြန်လုပ်ဆောင်လိုခြင်းများကြောင့် စမတ်ကတ်အတုများကို အစား ထိုးသုံးစွဲလာခဲ့ကြခြင်းဖြစ်သည် ဟုသိရသည်။

ဇွန်လအတွင်းက မလေးရှား နိုင်ငံသို့ ယင်းနည်းလမ်းဖြင့် တရားမဝင် အလုပ် သမားစေ လွှတ်မှုဖြစ်စဉ်ပေါ်ပေါက်လာခဲ့ ပြီးနောက် စမတ်ကတ်အတုဖြင့် အလုပ်သမားစေလွှတ်မှုကို စုံစမ်း စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ် သည်။ အထက်ပါအေးဂျင်စီများ ပါဝင်ပတ်သက်သောကြောင့် ဖော်ထုတ်နိုင်ပါက ထိရောက် သည့်အရေးယူမှုများပြုလုပ်သွား မည်ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။

‘‘စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေရဲ့တွေ့ရှိချက် အစီရင်ခံ စာအပေါ်မူတည်ပြီး အလုပ်သမားဝန်ကြီးဌာနကနေ ဘယ်လိုအရေးယူမလဲဆိုတာ ဆုံးဖြတ်ပါလိမ့် မယ်။ သူတို့ပါဝင်ပတ်သက်ခဲ့တာမှန်ရင်တော့ ထိရောက်တဲ့အရေး ယူမှုခံရ နိုင်ပါတယ်။ ကျွန်တော်တို့က ဝန်ကြီးဌာနရဲ့ ဆုံးဖြတ် ချက်အတိုင်း အရေး ယူသွားရမှာ ပါ’’ဟု ဦးကျော်ထင်ကျော်က ဆက်လက်ပြောကြားသည်။

စစ်ဆေးမေးမြန်းခြင်းခံနေရ သော အေးဂျင်စီများမှာ မလေးရှား နိုင်ငံသို့ အလုပ်သမားစေလွှတ်မှုပြုလုပ်နေသော အေးဂျင်စီများဖြစ်သော်လည်း ၎င်းအေးဂျင်စီများ၏ အမည်ကို ထုတ်ဖော်ပြောကြား ခြင်းမရှိသေးပေ။

မကြာသေးမီကလည်း အရှေ့အလယ်ပိုင်းနိုင်ငံသို့ တရားမဝင် အိမ်အကူ လုပ်သားစေလွှတ်ခဲ့ သည့်အေးဂျင်စီတစ်ခုအား ရာသက်ပန် လုပ်ငန်းလိုင် စင်ရုပ်သိမ်း အရေးယူခဲ့ပြီး ယခုဖြစ်စဉ်မှာ လည်း မှန်ကန်ပါက အလားတူ အရေးယူခံရနိုင်ဖွယ်ရှိနေသည်ဟု ယင်းလုပ်ငန်းအသိုင်းအဝိုင်းကြား သုံးသပ်မှုများရှိနေသည်။

7Day Daily

No comments:

Post a Comment