address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 2, 2014

ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်သည့် KNU မှ ဒုဗိုလ် စိတ်ကျန်းမာရေး ချို့ယွင်း နေသူဖြစ် ဟုဆို


2.11.2014

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၆မှ Karen National Police Force (ကရင် အမျိုးသား ရဲတပ်ဖွဲ့)၀င် တပ် သားငါး ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ဒုဗိုလ် စောဆေးဝါးသည် စိတ်ကျန်းမာရေး ချို့ယွင်းနေသူ တစ်ဦးဖြစ်သည်ဟု KNU ဌာနချူပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ဒုဗိုလ်စောဆေးဝါးသည် တပ်မဟာ (၆)မှပင် ဖြစ်ပြီး စိတ်ကျန်မာရေး ချို့ယွင်းနေခြင်းကြောင့် ၎င်းအား မည့်သည့်တာဝန်မှ ပေးအပ်ခြင်း မရှိဘဲ အကျယ် ချူပ် ဖြင့် ထားရှိခံရသူတစ်ဦးဖြစ်ကြောင်းနှင့်မည်သည့် အကြောင်းကြောင့် ထိုသူများကို သတ်ခဲ့ရခြင်းကို KNPF ၏ ဒူးပလာယာခရိုင် ရဲမင်းကြီးက သွားရောက် စစ်ဆေး နေသည်ဟု ၎င်းက ဆိုသည်။

“စိတ်ဖောက်ပြန်ဆိုတာက ဆိုးဆိုးရွားရွား ဖြစ်နေတာတော့ မဟုတ်ဘူး။ တခုခု ဖြစ်ရင် အရမ်းကို စွန့်စားပြီး လုပ်တယ်။ သတ်ရဲဖြတ်ရဲတဲ့ လူတစ်ယောက်ပါ။ ခုသတ်လိုက် တာကလဲ ဖမ်းစီးညှင်းပန်း နှိပ်စက်ပြီး သတ်လိုက်တာ မဟုတ်ဘူး။ စိတ်ကြောင့် တစ်ခုခုဖြစ်သွားတာ လို့ ယူဆလို့ရပါတယ်” ဟု အဆိုပါ တာဝန်ရှိ သူ ဆက်ပြောသည်။

သေဆုံးသူများသည် ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ တပ်ရင်း(၁၆)မှ KNPF ခရိုင်ရဲမင်းကြီး၏ လက်ထောက် ဒုတိယ ရဲမှူးတစ်ဦးနှင့် တပ်သား၎ဦး တို့ ဖြစ် ကာ အောက်တိုဘာလ ၂၃ရက်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် နှစ်အိမ်ရွာအနီးတ၀ိုက်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်း ဖြစ်သည်။

လတ်တလော အနေဖြင့် ဒုဗိုလ်အား ဖမ်းစီးထားကာ ကရင်အမျိုးသား အစည်းအရုံး၏ ဥပဒေများ အတိုင်း ခရိုင် ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ တာဝန်၍ယူ စစ်ဆေး အပြစ်ပေးသွားမည် ဖြစ်သည်။

Mizzima

No comments:

Post a Comment