address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 30, 2014

မြို့တော် တောင်ကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခရိုင်ရုံးရှေ့တွင် အားပြင်းသော ယမ်းထုပ်များ တွေ့ရှိ




30.1.2014

သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီး၊ ကျောင်းကြီးစု ရပ်ကွက် ဂန္ဓမာလမ်းရှိ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်(NLD) ခရိုင်ရုံး ခြံစည်းရိုးဘေး တွင် ပြင်းအား များသော ယမ်းထုပ်ကြီးများ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးမည်


30.1.2014

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေး သွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင် ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။

တိုင်းရင်းသားများ၏ လော်ခီးလာ အပစ်ရပ်မူကြမ်းအပေါ် NCCT နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေး


30.1.2014


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ထိပ်သီးညီလာခံမှ ရေးဆွဲထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ( NCCT)နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ဇန်န၀ါရီ ၂၉ ရက် က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ



30.1.2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၊ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီတစ်ဦးအား အမှုဖွင့် အရေးယူထားကာ တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြသည်။

တနိုင်ငံလုံး အပစ်ရပ်သဘောတူညီချက်မူကြမ်း ပေးအပ်



30.1.2014

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(မူကြမ်း) ရရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ အဲဒီမူကြမ်းကို အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကို ပေးအပ်လိုက်ပါတယ်။

ကရင်လူငယ်ဆွေးနွေးပွဲ ကော့ကရိတ်မှာ ကျင်းပ




30.1.2014

နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို "ကရင်လူငယ်များရဲ့ အခန်းကဏ္ဍ၊ အကူးအပြောင်းကာလနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကောင်းမှုကျေးရွာမှာ ကရင်လူငယ် ၄၀၀ နီးပါးလောက်က ဒီနေ့ ဖွင့်လှစ်ကျင်းပပါတယ်။

ထိုင်း-မြန်မာနယ်စပ်တွင် ရှေရှည်ဖွံ့ဖြိုးမှု လေ့လာရေးဌာန ဖွင့်လှစ်ရန် ဆွေးနွေး




30.1.2014

ထိုင်းမြန်မာ အိမ်နီးချင်း ၂ နိုင်ငံ နယ်စပ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရေးဗဟိုဌာနတခု ဖွင့်လှစ်ဖို့ ၂ နိုင်ငံ နယ်ခြားတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ၇၈ ကြိမ်မြောက် ထိုင်း-မြန်မာနယ်ခြား ဆက်ဆံရေးကော်မတီမှာ ဆွေးနွေးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံ Camp ကိုးခုရှိ မြန်မာနိုင်ငံသား ၁၄၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ



30.1.2014

သီတဂူ အထောက်ကူအပြုအဖွဲ့ (မလေးရှား) ၏အစီစဉ်ဖြင့် မလေးရှားနိုင်ငံရှိ Camp ကိုးခုထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦး ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

မြန်မာဒုက္ခသည်များကိုခေါ်ယူမှု အမေရိကန် ရပ်ဆိုင်း




30.1.2014

ထိုင်းမြန်မာနယ်စပ် စခန်းတွေဆီက ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၉ နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရေးအတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။

RCSS နှင့် ၀န်ကြီးဦးအောင်မင်းတို့ အပစ်အခတ်ရပ်စဲရေး ယနေ့ဆွေးနွေးမည်


30.1.2014

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီခေါ် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA နှင့် ပြည် ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင် သောအဖွဲ့တို့ ဇန်န၀ါရီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထပ်မံတွေ့ဆုံမည် ဖြစ်သည်။

ဖားအံညီလာခံ မတိုင်ခင် အစိုးရနဲ့ တိုင်းရင်းသားတွေ ထပ်တွေ့


30.1.2014

မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေး ဦးဆောင် အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး ၈၀ ရာခိုင်နှုန်းခန့် သဘောတူညီမှုရရှိ




30.1.2014

မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အခြေခံမူတွေ ညှိနှိုင်းကြတာမှာ ၈၀ % သဘောတူညီချက် ရခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှ ငြိမ်းချမ်းရေးရမည်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား




30.1.2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေစတင်ရန် များစွာအရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ တခဏနဲ့ ပျက်ပြားသွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Wednesday, January 29, 2014

မလေးရှားစီမံချက် မြန်မာနိုင်ငံသား ရာချီထိန်းသိမ်းခံရ




29.1.2014

မလေးရှားနိုင်ငံမှာ တရားမ၀င်လုပ်သားတွေကို ဖမ်းဆီးမှုစီမံချက်မှာ ဒီကနေ့ထိ မြန်မာပြည်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မြန်မာသံရုံးနဲ့ နီးစပ်တဲ့ ကိုသီဟက ဒီဗွီဘီကို ပြောပါတယ်။

DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ ကရင့်တော်လှန်ရေးနေ့တွင် ပူးတွဲစစ်ရေးပြမည်




29.1.2014

လာမည့် ဇန်န၀ါရီ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၅နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနား၌ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့်အတူ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ)တို့ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးပြမည်ဟု သိရသည်။

ဖလုံ-စဝေါ် မျက်နှာစုံညီ ဆွေးနွေးပွဲတွင် ရှေ့လုပ်ငန်း (၁၁)ချက် ချမှတ်




29.1.2014

ကရင်ပြည်နယ်၊ ဖားအံမြို့အခြေစိုက် ကရင်ပါတီကြီးတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ၎င်းတို့ပါတီ ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အတွက် ရည်ရွယ်၍ အချက် (၁၁)ပါသည့် ရှေ့လုပ်ငန်းတစ်ရပ် ကို တညီတညွှတ်တည်း ချမှတ်လိုက်သည်။

UNA နှင့် UNFC တို့ အသစ်ရေးဆွဲထားသော အခြေခံဥပဒေမူကြမ်း မြန်မာဘာသာပြန်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြရန်ရှိ


29.1.2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC)နှင့် ပြည်ပရှိဥပဒေပညာရှင်များနှင့် ပူးပေါင်းရေးဆွဲထားသော ဖက်ဒရယ်မူ အခြေ ခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းမှာ အပြီးသတ်ရေးဆွဲပြီးဖြစ်သောကြောင့် မြန်မာဘာသာပြန်ဆို ပြီးနိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြသွားရန်ရှိသည်ဟု UNA အဖွဲ့ဝင်၊ အခြေခံဥပဒေရေးဆွဲရေး အကြံပေး ကော်မတီဝင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်




29.1.2014

မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။

ဖေဖော်ဝါရီတွင် ဆိုင်ကယ်လိုင်စင်များ ထပ်မံချထားပေးမည်


29.1.2014

ဖေဖော်ဝါရီတွင် မော်တော်ဆိုင်ကယ်ယာဉ်လိုင်စင်များကို တစ်နိုင်ငံလုံးအတိုင်းအတာအရOne Stop Service ဖြင့် ထပ်မံချထားပေးမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်း ဦးစီးမှူးဦးသိန်းဦးက ဇန်န၀ါရီ ၂၈ ရက်က မဇ်္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံသို့ လိမ်လည်ပို့ဆောင်ခံရသည့် လုပ်သား၂၀၀ နယ်စပ်တွင် သောင်တင်နေ


29.1.2014

ထိုင်းနိုင်ငံသို့ အလုပ်ခေါ်စာအတု၊ တံဆိပ်တုံးအတုဖြင့် ပို့ဆောင်ခံရသည့် မြန်မာလုပ်သား ၁၉၅ယောက် သည် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် သောင်တင်နေကြောင်း မဲဆောက်ရှိ အလုပ်အကိုင်အေဂျင်စီ တစ်ခုမှ အကြောင်းကြားလာသည်ဟု မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ်(အေဂျင် စီအဖွဲ့ချုပ်) ဒု-ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

မြစ်ဆုံအရေးနှင့်ပတ်သက်၍ ကြီးမားသောဟောပြောပွဲတစ်ခု ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပမည်ဖြစ်ပြီး မြစ်ဆုံအရေးကန့်ကွက်သူ မည်သူမဆို တက်ရောက်နိုင်




29.1.2014

မြစ်ဆုံအရေးနှင့်ပတ်သက်၍ နယ်ပယ်စုံမှ ပညာရှင်များ ဟောပြောဆွေးနွေးမည်ဖြစ်ကာ ယခုနှစ်အတွင်း ကြီးမားသော ဟောပြောပွဲတစ်ခုအဖြစ် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးဆောင်ကာ ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဗုံးဖောက်ခွဲမှုအဓိကတရားခံစောနေတိုးကိုဖမ်းပေးမည်ဟုKNU ထိပ်သီးခေါင်းဆောင်အချို့ဆို




29.1.2014

၂၀၁၃ ခုနှစ်၊ အောက်တို ဘာလအတွင်းဖြစ်ပွားခဲ့သော ဗုံး ဖောက်ခွဲမှုဖြစ်စဉ်များ၏ အဓိက တရားခံတစ်ဦးဟုယူဆရပြီးလက်ရှိ အချိန်ထိထွက်ပြေးလွတ်မြောက် နေသည့် စောနေတိုးအားဖမ်းမိ နိုင်ရေးအတွက် ဆက်လက်လုပ် ဆောင်သွားမည်ဟု ကရင်အမျိုး သားအစည်းရုံးဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြား သည်။

ကချင်စစ်ပြေး ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မရသော ရှမ်းနီစစ်ဘေးဒုက္ခသည်များ ဆောင်းရာသီ အအေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရ


29.1.2014

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်များအတွက် စစ်ရှောင်စခန်း များဖွင့်ကာ ပြည်တွင်း၊ ပြည်ပမှ အထောက်ပံ့များ၊ လှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှူများကြောင့် ယခုနှစ်ဆောင်းရာသီ၏ အအေးဒဏ်ကို ကချင်စစ်ပြေးဒုက္ခသည်များ အတော်အသင့် အံတုနိုင်ခဲ့သော်လည်း ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မရသော ရှမ်းနီစစ်ပြေးဒုက္ခသည် များမှာ အအေးဒဏ်ကို အပြင်အထန်ခံစားခဲ့ကြရသည်။

ဇန်န၀ါရီ ၂၈ ရက်ညပိုင်းက ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာ ရှိ အလှပြင်ဆိုင်နှင့် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား




29.1.2014

ဇန်န၀ါရီ ၂၈ ရက် ည ၉ နာရီခန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်နှင့် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင်
ည ၁၁ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာ ၁၄၀ ကျော် ပြည်တော်ပြန်မည်


29.1.2014

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သည့် သီတဂူ အထောက်အကူပြု အဖွဲ့၏ အကူအညီဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးသီဟမောင်မောင်က ပြောကြားသည်။

တနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ် ဆွေးနွေးပွဲ စတင်၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် ကရင်လူငယ်ဆွေးနွေးပွဲ ၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် ကရင်လူငယ်ဆွေးနွေးပွဲ



29.1.2014

မြန်မာနိုင်ငံ ဒေသအသီးသီးက ကရင်လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာမှာ ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေပါတယ်။

Tuesday, January 28, 2014

၂၀၀၈ ဖွဲ့စည်းပုံပါ ၅၉ (စ) ပြင်ဆင်မည်ဆိုပါက တစညမှ ကန့်ကွက်မည်


28.1.2014

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မည်ဆိုပါက တစညပါတီအနေဖြင့် ကန့်ကွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး တစညပါတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြိတ်မြို့ တစ်ဖက်ကမ်းရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် ၀န်ထမ်းများ အိမ်ယာ ပေါ့ဆ မီးလောင် နေအိမ် (၈၅) လုံး ဆုံးရှုံး




28.1.2014

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အပိုင် မြိတ်မြို့ တစ်ဖက်ကမ်း ပထော် ပထက်ကျွန်းပေါ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံအနီး အလုပ်သမား လုံးချင်း အိမ်ယာ တွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်နေ့ ည (၁၀)နာရီ (၄၀) မိနစ် အချိန်ခန့်၌ ပေါ့ဆမီး လောင်ကျွမ်းရာ နေအိမ် (၈၅)လုံး ဆုံးရှုံးပြီး အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၄၀၀) ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရကြောင်း သိရသည်။

မွတ်စလင်ရိုဟင်ဂျာ ၅၀၀ ကျော် ထိုင်းအာဏာပိုင် တွေ့ရှိထိန်းသိမ်း




28.1.2014

ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်အယောက်ပေါင်း ငါးရာကျော်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိထိန်းသိမ်းလိုက်ပါတယ်။

သန်းခေါင်စာရင်းကောက်ရန် အစိုးရနှင့် မွန်ပြည်သစ် ပူးပေါင်းမည်


28.1.2014

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ လက်အောက်ရှိ ကျေးရွာများတွင် မတ်လအတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းထားသည်ဟု မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ နှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတို့က ပြောသည်။

ပထမဦးဆုံးအကြိမ် စင်ကာပူအလုပ်အကိုင်ပြပွဲ မတ်လတွင် ပြုလုပ်မည်


28.1.2014

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ်မှ ပထမဦးဆုံးအကြိမ် စင်ကာပူအလုပ်အကိုင်ပြပွဲကို လာ မည့် မတ်လ ၁ ရက်နှင့် ၂ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိMICT Park တွင်ပြုလုပ်သွားမည်ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးကျော်ထင်ကျော်ကမဇ္ဈိမကို ပြော သည်။

တိုင်းရင်းသားများ သဘောတူက ဒေါ်စုကို ဘားအံဆွေးနွေးပွဲ ဖိတ်မည်


28.1.2014

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မကြာမီ ပြုလုပ်ရန်ရှိသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ အားလုံး၏ သဘောတူညီချက်ဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို ဖိတ်ကြားရန် စီစဉ်နေသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဇန်န၀ါရီ ၂၇ ရက်တွင် မီဒီယာများကို ပြောသည်။

ရွေးကောက်ပွဲ ရက်ရွေ့ဆိုင်းသင့်ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင်ပြော




28.1.2014

ထိုင်းနိုင်ငံက ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး အခြေအနေ တင်းမာမှုတွေကြောင့် လာမယ့်အပတ်အတွင်း ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အနည်းဆုံး တစ်လလောက် ရွေ့ဆိုင်းထား သင့်တယ်လို့ ထိုင်းရွေးကောက်ပွဲကျင်း
ပရေးကော်မရှင်အဖွဲ့ကပြောပါတယ်။

ဟောင်သရောမြစ်အတွင်း လှိုင်ကွယ်-မဲသရောအပိုင်း တံတား စတင် ဆောက်လုပ်နေပြီ




28.1.2014

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ (လှိုင်ကွယ်-မဲသရောအပိုင်း) ဟောင်သရောတံတားကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကော့ကရိတ်မြို့နယ် တံတားဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၂)က တာဝန်ယူကာ ဇန်န၀ါရီ လ ပထမအပတ်မှစ၍ ဆောက်လုပ်နေပြီဖြစ်သည်။

ငြိမ်းချမ်းရေး တည်တံ့ရေး အခြေခံဥပဒေ ပြင်ဆင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း



28.1.2014

မြန်မာ နိုင်ငံအတွင်းတည်ဆောက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များရေရှည်တည်တံ့ နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးမှာ အဓိကကျ သည့် အချက်တစ်ခုဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြသစ် ဖေဖော်ဝါရီ ၂ ရက်တွင် စာချုပ်,ချုပ်မည်


28.1.2014

မြန်မာ့လက်ရွေးစင်နည်းပြချုပ် ရာထူးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသော ဆားဘီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စာ ချုပ်, ချုပ်ဆိုမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် မီဒီယာ များနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က မဇ္ဈိမသို့ ပြောသည်။

ထိုင်းတွင် ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေး အကြိုညှိနှိုင်းပွဲလုပ်မည်


28.1.2014

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အကြိုဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ လာမည့် ဇန်န၀ါရီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံကြ မည်ဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

Monday, January 27, 2014

နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမည်


27.1.2014

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် ယင်းဝန်ကြီးဌာနက ဆုံးဖြတ်ပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သော အဆင့်မြင့် ပညာကဏ္ဍ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပသီလူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆို


27.1.2014

ပြည်တွင်းရှိ ပသီလူမျိုးများကို တိုင်းရင်းသား လူမျိုးအဖြစ် တရားဝင် သတ်မှတ်ပေးရန် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) က ဇန်နဝါရီလ ၂၆ ရက်နေ့၊ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် ပထမအကြိမ် ပါတီညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။

အလုပ်ရှင် အာမခံချက်ပေးမှသာ ပြည်ပသို့ လုပ်သားပို့ခွင့်ပြု



27.1.2014

အလုပ်ရှင်က တာဝန်ယူကြောင်း အာမခံချက်ပေးမှသာ မြန်မာ လုပ်သားများကို ပြည်ပနိုင်ငံများသို့ ပို့ခွင့်ပြုနေပြီ ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

ထိုင်းဆန္ဒပြမှုများကြောင့် ဗီဇာကုန်မြန်မာအလုပ်သမားများအခက်ကြုံ


27.1.2014

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ် ပွားနေသော နိုင်ငံရေးဆန္ဒပြမှုများ ကြောင့် ဗီဇာသက်တမ်းပြည့်မြန်မာ အလုပ်သမားများအတွက် အစိုးရ ချင်းညှိနှိုင်းဖြေရှင်းရန် အခက်အခဲ များရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

UWSA “ ၀ ” တပ်ဖွဲ့ဝင်မှ ဒေသခံ ရွာသားတစ်ဦးအား အနိုင်ကျင့် မိုင်းဖောက်ခွဲစဉ် “၀” တပ်ဖွဲ့ဝင် ပွဲချင်းပြီး သေဆုံး




27.1.2014

မိုင်းပျဥ်းမြို့နယ် မိုင်းသွေးကျေးရွာနေ အိုက်ဆွတ်၏ နေအိမ်တွင် ဇန်န၀ါရီ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ရာ “ ၀ ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA အဖွဲ့မှ အိုက်နွံသည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းရွာသား အချို့ထံမှ သိရသည်။

ပြည်ပရောက်လုပ်သားများအရေး အေဂျင်စီ၊ အေဂျင်စီအဖွဲ့ချုပ်နှင့် ၀န်ကြီးဌာန သုံးပွင့်ဆိုင် တာဝန်ယူရမည်


27.1.2014

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပအလုပ်အကိုင်ခေါ်စာများကို မြန်မာပြည်ပအလုပ်အ ကိုင်ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ချုပ်မှတစ်ဆင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သို့ တင်ပြရမည်ဟု ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က ဇန်န၀ါရီ ၂၆ ရက်က လှိုင်သာယာစက်မှုဇုန်ရှိ သု ခစုစံသင်တန်းကျောင်းတွင် ပြုလုပ်သော ပထမဦးဆုံး ပြည်ပအလုပ်အကိုင်ပြပွဲဖွင့်ပွဲတွင် ပြောကြားလိုက် သည်။

ကရင့်တော်လှန်ရေးနေ့တွင် Karen Unity Hope Network ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ခွင့်ရ




27.1.2014

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် ကရင်ညီညွတ်မှုကို မျှော်လင့်သော ကွန်ယက်အဖွဲ့ (Karen Unity Hope Network)မှ ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် “၀”အဖွဲ့ပါဝင်နိုင်မည်ဟုဆို


27.1.2014

“၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP သည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေ တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်ထိ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များညီလာခံသို့တက်ရောက်ခြင်းမရှိသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင်မူ ပါဝင်နိုင်မည်ဟု လော်ခီးလာညီလာခံပြောရေးဆိုခွင့်ရှိသူ ဖဒိုကွယ်ထူး ၀င်းက ပြောသည်။

ထိုင်းအတိုက်အခံ ခေါင်းဆောင်တဦး ပစ်သတ်ခံလိုက်ရ




27.1.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်နားအရပ် သီရိ အီအမ် (Sri Iam ) ဘုန်းကြီးကျောင်းမှာ မဲရုံကို ကန့်ကွက် ဆန္ဒပြကြတဲ့ People Democratic Force ( ရှပ်ဝါ ) ခေါင်းဆောင်တဦး ဖြစ်သူ မစ္စတာ ဆူထင်း ထားရထင်း ( Suthin Tharathin) ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ခွဲကျော်က သေနတ်နဲ့ ပစ်သတ်ခံ လိုက်ရပါတယ်။

ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ တစ်ပတ်လျှင် လုပ်သားဦးရေ ၂၀၀၀ ခန့်ရှိနေ


27.1.2014

ပြည်ပသို့ မြန်မာလုပ်သားများ စေလွှတ်ခွင့်ပြုရန် အစိုးရအဖွဲ့ထံ တစ်ပတ်လျှင် လုပ်သားဦးရေ ၂,၀၀၀ ခန့်အတွက် တင်ပြပေးနေရကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးအေးမြင့်က ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေး မတ်လ လက်မှတ်ထိုးမည်


27.1.2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် အပြီးသတ်သဘောတူညီမှုအား မတ်လတွင် လတ်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်ဟု အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ၏ လုပ်ငန်းအဖွဲ့မှ အကြီးတန်းအရာရှိ ဦးလှမောင် ရွှေက မဇ္ဈိမသို့ ပြောသည်။

တော်လှန်ရေးဆိုသည့် အသုံးအနှုန်းကို မလိုအပ်ဘဲမသုံးရန် KNU ဥက္ကဋ္ဌ တိုက်တွန်း




27.1.2014

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် တော်လှန်ရေး ဟူသော ဝေါဟာရ အသုံးအနှုန်းကို နေရာဒေသ ရွေးပြီးမှသာ အသုံးပြုသင့်ပြီး မလိုအပ်ဘဲ မသုံးနှုန်းကြရန် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။

Sunday, January 26, 2014

ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ KNPP ဒုဥက္ကဌပြော



26.1.2014

တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အမှန်တကယ် ထူထောင်မယ်ဆိုရင် တပ်မတော်ကိုလဲ ဒီစနစ်နဲ့ကိုက်ညီတဲ့ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့လိုသလို ဒီအတွက်လည်း လက်ရှိတပ်မတော်အနေနဲ့ စိုးရိမ်မှုမဖြစ်သင့်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကပြောလိုက်ပါတယ်။

ဖူးကတ်မှာ အလုပ်မဆင်းပဲ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ ထိုးကြိတ်ခံရ



26.1.2014

ထိုင်းနိုင်ငံ ဖူးကတ်မှာ အလုပ်မဆင်းပဲ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေ နဲ့ အလုပ်ရှင်ရဲ့ လုံခြုံရေးအစောင့်တွေအကြား ပဋိပက္ခ ဖြစ်ပွားပြီး ထိုးကြိတ် မှုတွေ ဖြစ်ပွားခဲ့လို့ မြန်မာအလုပ်သမား ၂ ဦး ဒဏ်ရာရသွားပါတယ်။

မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း


26.1.2014

မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေbအပါအ၀င် မြန်မာတိုင်းရင်းဆေးတွေကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ်နင်းနေပြီ ဖြစ်ပါတယ်။

မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်ခြေ ၇၈၀ ကို ဆိုလာမီး အခမဲ့တပ်ဆင်ပေးမည်




26.1.2014

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီနှင့် ဖားအံမြို့နယ်တို့ အတွင်းရှိ အိမ်ခြေ ၇၈၀ လုံးကို မြဝတီမြို့ အခြေစိုက် မိုးကိုစံကုမ္ပဏီက ဦးဆောင်၍ ဆိုလာလျှပ်စစ်မီး အခမဲ့ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ (၇)စီးပွားရေးကုမ္ပဏီဖြစ်သည့် မိုးကိုစံကုမ္ပဏီက ပြောဆိုသည်။

ဘိတ်/ထားဝယ်ခရိုင်တွင် KNU မြေယာတိုင်းတာမည်


26.1.2014

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်/ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ မြေယာများကို မြန်မာအစိုးရမှ တရားဝင် အသိမှတ်ပြုနိုင်ရန် ဇန်န၀ါရီမှ ဖေဖော်ဝါရီလအထိ တိုင်းတာသတ်မှတ်သွားမည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်၏ တွဲဘက်အတွင်းရေးမှူး ပဒိုစောအဲ့နာက ပြောဆိုလိုက်သည်။

ကရင်လူဦးရေစာရင်း အမှန်ရရှိရန် ပဲခူးမြို့တွင် သန်းခေါင်စာရင်းကိစ္စ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်



26.1.2014

လာမည့် မတ်လ၌ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူသည့်အခါ ကရင်လူဦးရေစာရင်း အမှန်ရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး ပဲခူးမြို့၌ ဇန်နဝါရီ ၂၉ မှ ၃၀ ရက်နေ့အထိ သန်းခေါင်စာရင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။

KIA မှ စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသားများအရေး ဆွေးနွေးရန် MPC သို့ ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်မှုမရှိသဖြင့် KIA အလုပ်အဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ထားဟု ရှမ်းရေးရာအဖွဲ့ပြောကြား


26.1.2014

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့၏ စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသားများအရေး ဆွေးနွေးရန် မြန်မာ့ငြိမ်း ချမ်းရေး ပြန်လည်တည်ဆောက်ရေးဗဟိုဌာန(MPC)သို့ ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ KIA အလုပ်အဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ထားဟု ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များပါ တစ်ပြိုင်နက် ပါဝင်ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းဖြင့်သာ အစိုးရနှင့် ညှိနှိုင်းရန် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးညီလာခံ ဆုံးဖြတ်




26.1.2014

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များပါ တစ်ပြိုင်နက် ပါဝင်ရေးဆွဲထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းဖြင့်သာ အစိုးရနှင့် ညှိနှိုင်းရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေရှိ လော်ခီးလာ စခန်း၌ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း အဆိုပါပွဲ တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။

အမျိုးသားရင်ကြားစေ့ရေး မထိခိုက်အောင် ဆောင်ရွက်ဖို့ ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း



26.1.2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာမှာ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်တဲ့ ဆွေးနွေးညှိ့နှိုင်း အဖြေရှာတဲ့နည်းလမ်းနဲ့ ပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

လော်ခီးလာကွန်ဖရင့်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ်ရေးထိုး



26.1.2014

လိုင်ဇာတွင် မူကြမ်းရေးဆွဲခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုး သားအစည်းအရုံး(KNU) ထိန်းချုပ်ရာ လော်ခီးလာ(လေးဝါး)စခန်း၌ ဇန်န၀ါရီ ၂၅ရက်(ယမန်နေ့)က ကျင်းပပြီးစီးသည့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ကွန်ဖရင့်တွင် အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်သည်။

ကရင်အမျိုးသားပါတီတည်ထောင်ရန် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း



26.1.2014

ရန်ကုန် ကရင့်နိုင်ငံရေးအသိုင်းအ၀ိုင်း၌ လွန်ခဲ့သည့် တနှစ်ဝန်းကျင်က ထူထောင်ရန်ရှိခဲ့သည့် ကရင်အမျိုးသားပါတီ(Karen National Party)ကို ဖွဲ့စည်းသွားနိုင်ရန်အတွက် ဇန်န၀ါရီ ၂၅ရက်နေ့တွင် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဝင်းစိန်တောရဆရာတော်ကြီး သက်တော် ၉၃ နှစ်ပြည့် မွေးနေ့ပူဇော်ပွဲ၊ မိဘကျေးဇူးဆပ် ငွေလှူဒါန်းပွဲနှင့် အခမဲ့နိဗ္ဗာန်ဈေး စတုဒိသာကျွေးမွေးပွဲ ကျင်းပ




26.1.2014

မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်း ကျေးရွာရှိ အတောင် ၄ဝဝ ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးတည်ရှိရာ ဝင်းစိန်တောရကျောင်းဆရာတော် ဘဒ္ဒ န္တကေသရ၏ သက်တော် (၉၃)နှစ်၊ ဝါတော် (၄၃)ဝါပြည့် မွေးနေ့ပူဇော်ပွဲ၊ မိဘကျေးဇူးဆပ် ငွေလှူဒါန်းပွဲနှင့် နိဗ္ဗာန်ဈေး၊ စတုဒိသာကျွေးမွေးပွဲများကို ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

Friday, January 24, 2014

စောဘဦးကြီး ပုံပန်းချီကား နောက်ခံမျက်နှာဖုံးဖြင့် ကရင့်ကြေးမုံမဂ္ဂဇင်း ထပ်မံပုံနှိပ်


24.1.2014

ကရင်အမျိုးသားခေါင်ဆောင် စောဘဦးကြီး ပုံပန်းချီကား နောက်ခံမျက်နှာဖုံးဖြင့် ထုတ်ဝေထားသည့် ယခုနှစ် အတွက် ကရင့်ကြေးမုံမဂ္ဂဇင်းကို ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိရန် အုပ်ရေ ၅၀၀ ကို ယခုအပတ်အတွင်း ထပ်မံ ပုံနှိပ်နေပြီဖြစ်ကြောင်း ရန်ကုန်ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီက ပြောဆိုလိုသည်။

ချမ်းမြေ့တည်းခိုခန်း ဗုံးဖောက်ခွဲသူကို လူသတ်မှုအပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေဖြင့် ထပ်မံစွဲချက်တင်


24.1.2014

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက်၊ ကန်လမ်း ချမ်းမြေ့တည်းခိုခန်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန်က ဗုံးဖောက်ခွဲသူဟု ယူဆရသူ စောထွန်းထွန်းကို လူသတ်မှုပုဒ်မ လေးခု အပြင် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တောင်ငူခရိုင် တရားရုံးက ဇန်နဝါရီ ၂၃ ရက်က ထပ်မံပြီး တရားစွဲဆိုခဲ့ကြောင်း တောင်ငူမြို့မ ရဲတပ်စခန်းထံမှ စုံစမ်းသိရသည်။

အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့ NCCT မူကြမ်းကို မူအရ သဘောတူဖွယ်ရှိဟု ဗိုလ်ချုပ်ဂွန်မော်ပြော




24.1.2014

ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇နယ်မြေ လော်ခီးလာမှာ ၃ရက်မြောက် ကျင်းပနေတဲ့ ညီလာခံမှာ NCCT ရဲ့မူကြမ်းကို တက်ရောက်လာတဲ့ အဖွဲ့ပေါင်း ၁၇ဖွဲ့က လိုင်ဇာမူ အပြောင်းအလဲဖြစ်ခဲ့ရတဲ့အကြောင်း ရှင်းလင်းခဲ့ပါတယ်။