address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

KNU နယ်မြေတွင်း သန်းခေါင်စာရင်း ကိုယ်တိုင်ကောက်မည်


24.1.2014

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူမှုကို KNU မှ ကိုယ် တိုင်ဆောင်ရွက်သွားမည်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက မဇ္ဈိမကို ဇန်န ၀ါရီလ ၂၂ ရက်တွင် ပြောသည်။

“ကျွန်တော်တို့နယ်မြေထဲမှာ ကျွန်တော်တို့ကိုယ်တိုင် ကောက်မယ်။ လိုအပ်တဲ့ သင်ကြားမှုတွေကို ကျွန် တော်တို့ဆီကို ပို့ချပေး၊ သန်းခေါင်စာရင်းကောက်တယ်ဆိုတာ လွယ်လွယ်မရဘူး။ မြေပုံချပြီး သေချာ ကောက်ရတာ၊ ဒါတွေက စစ်ရေးအရဆိုရင် ခွင့်ပြုလို့ မရနိုင်ဘူး။ ဒါကြောင့် သူတို့လိုအပ်တာကို ကျွန် တော်တို့လူတွေကို ပို့ချပေး၊ ကျွန်တော်တို့လုပ်မယ်”ဟု ပြောသည်။

အစိုးရမှဆောင်ရွက်မည့် သန်းခေါင်စာရင်းကောက်ယူရေးအတွက်မေးမြန်းမည့် မေးခွန်းများကို မိမိတို့ ကိုယ်တိုင် လိုက်လံ ဆောင်ရွက်သွားမည်ဖြစ်ပြီး KNU နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူမည့် အစိုးရအဖွဲ့များကို ခွင့်ပြုမည်မဟုတ်ဟု ၎င်းက ဆိုသည်။

လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သန်းခေါင်စာရင်းကောက်ယူရာတွင် ထည့် သွင်းမည့် ကရင်လူမျိုးများ၏အမည်များမှာ မှားယွင်းနေမှုများရှိသဖြင့် နှစ်ဖက်ညှိနှိုင်းမှုများလည်း ပြုလုပ် နေသည်ဟု KNU ဒုတိယဥက္ကဋ္ဌ ဖဒိုနော်စီးဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ သန်းခေါင်စာရင်းကောက်ရာမှာ ဒီမှာရှိတဲ့ ကရင်တွေသာမက မြစ်ဝကျွန်းပေါ်က ကရင်တွေ ကိုပါ မှန်ကန်စွာ ကောက်ဖို့အတွက်ရယ်၊ ဒီ KNU နယ်ထဲမှာ ကောက်ဖို့အတွက်ကို ညှိနှိုင်းနေဆဲပါ”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ IDP များ သန်းခေါင်စာရင်းကောက်ယူ ရေးအတွက်ကိုမူ ကရင်ပြည်နယ် KNU/KNLA (PC) နယ်မြေအတွင်းတွင် နယ်မြေတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့် လ၀ကတို့ ပူးပေါင်း၍ ဇန်န၀ါရီ ၂၀ ရက်မှ စတင်ကောက်ယူနေ ပြီဖြစ်သည်။

Mizzima

No comments:

Post a Comment