address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 14, 2014

ရွှေ့ပြောင်းအလုပ်သမားများကို ကလေးထိန်းအလုပ်ခန့်ထားမှု ထိုင်းကန့်သတ်


14.8.2014

ထိုင်းနိုင်ငံမှာ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကလေးထိန်းအလုပ် မခန့်ထားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဆုမစ် မဟိုဆွတ်က ပြောကြားတယ်လို့ အဲမ်ခွတ် နဲ့ မတီချွန်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

အယုဒ္ဓယ ခရိုင် ရွှေ့ပြောင်း အလုပ်သမားမှတ်ပုံ တင်ပေးရေး ၀မ်းစတော့ပ် ဆားဗစ်စင်တာက အလုပ်သမား ကျန်းမာရေး စစ်ဆေးသူ ဒေါက်တာ ဒုန်းဖွန်းအဆိုရာချန်း ရဲ့ သတိပေး ပြော ဆိုချက်အပေါ်မှာ ညွှန်ကြားရေးမှူးက သြဂုတ် ၁၂ ရက်နေ့မှာ ထပ်မံထောက်ခံပြောဆိုလိုက်တာဖြစ်ပါတယ်။

အယုဒ္ဓယဆေးရုံကြီးရဲ့ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ ဒုန်းဖွန်းအဆိုရာချန်းက တင်ပြပြောဆိုရာမှာ ထိုင်းလူမျိုးရဲ့ ရင်သွေးငယ်တွေကို နိုင်ငံခြား ကလေးထိန်းတွေလက်ထဲ အပ်တာဟာ ကလေးတွေရဲ့ အမူအကျင့်၊ နေထိုင်စားသောက်ပုံတွေ ထိုင်းလူမျိုးရဲ့ ၀ိသေသလက္ခဏာကို ပျောက်ကွယ်စေတဲ့အပြင် စကားပြောမပီသတာ၊ လေယူလေသိမ်းဝဲတာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် မှတ်ပုံတင်တာတွေ လက်ရှိ လုပ်ပေးနေတဲ့အတွက် နိုင်ငံခြား အလုပ်သမားဦးရေ တိုးများလာပြီး ကလေးထိန်း အလုပ်တွေမှာပါ ၀င်ရောက်လုပ်ကိုင်လာမှာ စိုးရိမ်မကင်းဖြစ်လို့ ဒီကိစ္စကို ကြပ်မတ်ပေးဖို့ သြဂုတ်လ ၆ ရက်နေ့က ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကောင်စီကို တင်ပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အလုပ်သမားညွှန်ချုပ်ကလည်း ထိုင်းနိုင်ငံမှာ မွေးစကလေးကနေ အသက် ၅ နှစ်ရွယ်ကြား ကလေးငယ်တွေကို နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားအိမ်ဖော်တွေနဲ့ ထိန်းကျောင်းတာတွေ မလုပ်ဖို့ အလုပ်သမားဥပဒေမှာ သတ်မှတ်ထားပေမယ့် ပြောင်းလဲလာတဲ့ ထိုင်းလူနေမှုစရိုက်မှာ မိဘတွေက ပြင်ပမှာ အလုပ်ရှာထွက်ရသလို၊ ရွှေ့ပြောင်း အလုပ်သမားအိမ်ဖော်တွေ ငှားရမ်းပြီး ကလေးကို ထိန်းကျောင်းခိုင်းကြတဲ့အတွက် ဒီဥပဒေအတိုင်း လိုက်နာဖို့ ထပ်မံကြပ်မတ်ရမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB

No comments:

Post a Comment