address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 29, 2014

မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတား အချိန်တိုးဖွင့်မည့် အစီအစဉ် ယာယီရပ်ဆိုင်း





29.12.2014

ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ဖြတ် မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတား အချိန်တိုးဖွင့်မဲ့ အစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားကြောင်း ထိုင်း-မြန်မာနယ်စပ် ကော်မတီ မဲဆောက်ရုံး ၀န်ထမ်းတဦးက ပြောပါတယ်။

အဲအေးရှားလေယာဉ် ပင်လယ်ကြမ်းပြင်အောက် ရောက်နေဖို့များကြောင်း ရှာဖွေရေးခေါင်းဆောင် ပြော





29.12.2014

အဲအေးရှားလေယာဉ်ပျောက်ရှာဖွေရေး အင်ဒိုနီးရှားအဖွဲ့ခေါင်းဆောင်က လေယာဉ်ဟာ ပျောက်ဆုံးသွားတဲ့နေရာရဲ့ ပင်လယ်ကြမ်းပြင်အောက် ရောက်နေဖို့များတယ်လို့ ဒီနေ့ မနက်ပိုင်းက ထုတ်ဖော်ပြောဆိုပါတယ်။

တစ်နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ဗုံးဖောက်ခွဲရန် စေခိုင်းသည်ဟု ယူဆသူကို မဖမ်းဆီး နိုင်သေး


29.12.2014

တစ်နှစ်ကျော် ကြာမြင့် လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့ကြီးနှင့် အခြားသော မြို့ကြီးများတွင် ဗုံးဖောက်ခွဲမှု များနှင့် ပတ်သက်၍ ဗုံးဖောက်ခွဲသူ များကို နောက်ကွယ်က စေခိုင်းသည်ဟု ယူဆသည့် စောနေတိုးအား ဖမ်းဆီး နိုင်ခြင်း မရှိ သေးကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ထံမှ သတင်း ရရှိသည်။

ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာ ၁၀ ဦး ဖမ်းမိ



29.12.2014

ထိုင်းနိုင်ငံ အနောက်ဘက် ကန်ကျနပူရီခရိုင်ထဲမှာ ပွဲစားကနေတဆင့် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အံဒင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခု တိုယိုထိုင်းနှင့် ပူးပေါင်းမည်


29.12.2014

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အံဒင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည့် Toyo Thai Corporation Public Co., Ltd (TTCL) နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စီမံကိန်းဒေသအနီးတွင် မြေယာအများအပြား ဝယ်ယူထားသည့် လင်းရောင်ခြည်ဦးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ မိဌေးဌေးဝင်းက ပြောသည်။

စည်ပင်ရွေးကောက်ပွဲ မသမာမှုတွေ နော်လှလှစိုး တိုင်ကြားမယ်



29.12.2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ မသမာမှုတွေကို တိုင်ကြားသွားမယ်လို့ မြောက်ပိုင်းခရိုင်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ နော်ဆူဇန်နာ လှလှစိုးက ဒီဇင်ဘာ ၂၈ရက်နေ့မှာ သတင်းမီ ဒီယာတွေကို ပြောဆိုလိုက်ပါတယ်။ ဘယ်လို မသမာမှုတွေကို ကိုယ်တိုင်တွေ့ ခဲ့ရသလဲ။

Wednesday, December 24, 2014

အမိုးတို့နယ်မြေ အေးချမ်းပါစေ၊ ဖိုးခွားတို့ ကရင်ပြည်ကြီးလည်း လွတ်လပ်ပါစေ



24.12.2014

“အော်ဆူလာဆိုက်” “တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ကျန်းမာချမ်းသာကြပါစေ” “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ” စသည့် ကရင်ကျေးရွာသူ၊ ကျေးရွာသား ကျောင်းသားကျောင်းသူများ၏ ကြွေးကြော်သံကို လမ်းတစ်လျှောက် ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ သူတို့မျက်ဝန်းတွေမှာ မျှော်လင့် ချက်ရောင်နီတွေ သန်းနေလေရဲ့။

Tuesday, December 23, 2014

မြဝတီနှင့် ချိတ်ဆက်မည့် မဲဆောက်နယ်စပ် အထူးစီးပွားရေးဇုန်ကို အလျင်အမြန်လုပ်ဆောင်ရန် စီစဉ်




23.12.2014

မြန်မာနိုင်ငံရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ချိတ်ဆက်မည့် မဲဆောက်နယ်စပ် အထူးစီးပွားရေးဇုန်ကို အလျင်အမြန် လုပ်ဆောင်သွားမည်ဟု ထိုင်းတာဝန်ရှိသူ၏ ပြောကြားချက်ကို ထိုင်းအမျိုးသား သတင်းဗျူရိုက ဒီဇင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်သည်။

ထိုင်းရှိ မြန်မာလုပ်သားများကို စစ်တမ်းကောက်ရာ၌ ငွေတောင်းခံခြင်းမလုပ်ရန် စာချုပ် ချုပ်ဆိုရမည်




23.12.2014

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများအား စစ်တမ်းသွားကောက်မည့် မြန်မာအစိုးရဝန်ထမ်း အရာရှိအဖွဲ့များသည် မြန်မာရွှေ့ပြောင်း လုပ်သားများအပေါ် ငွေတောင်းခံခြင်းမပြုရန် ကတိစာချုပ် ချုပ်ဆိုပြီးမှ စေလွှတ်မည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

Thursday, December 18, 2014

မြဝတီမှာ ဗိုက်ဖောက်ခံရမယ်၊ သတိထား




18.12.2014

သောင်ရင်းမြစ်ကိုဖြတ်ပြီး လှေနဲ့ကူးလာတဲ့ ကိုအောင်တယောက် မြန်မာ ဘက်ကမ်းကို ရောက်တော့မှ ပင့်သက်ရှိုက်ခဲ့ရတဲ့ အဖြစ်ကို ယနေ့ထက် တိုင် မေ့မရသေးပါဘူး။ ထိုင်းနိုင်ငံဘက်မှာ ၃ နှစ် ကျော်လောက် တရားမဝင်သွား ရောက်လုပ်ခဲ့ပြီးမှ စုမိခဲ့တဲ့ ပိုက်ဆံတွေကို မြဝတီမြို့ပေါ်မှာပင် ကိုယ့်နိုင်ငံသား အချင်း ချင်း ခေါင်းပုံဖြတ်ခံလိုက်ရတဲ့အဖြစ်ပါ။

မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ




18.12.2014

တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။

မြ၀တီမြို့ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး ကော်မတီတို့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ဘောလုံးပွဲ ကျင်းပမည်




18.12.2014

လာမည့်စနေနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကရင်အမျိုးသားများ မြ၀တီအမှတ် (၄) ရပ်ကွက်တွင် ထိပ်တိုက်တွေ့ဆုံမှုတရပ်ပြုလုပ်ပြီး အဆုံးအဖြတ်ခံယူကြမည်ဟုသိရသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးမည်





18.12.2014

၂ နိုင်ငံ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာစေဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံက ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဆွေးနွေးပွဲကို ရှေ့လ ကျင်းပမှာ ဖြစ်ပါတယ်။

KSNG နှစ်ပတ်လည်အစည်းအဝေးတွင် ပြည်ပရောက်ကရင်ကျောင်းသားကျောင်းသူများ တက်ရောက်မည်




18.12.2014 

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ဒီဇင်ဘာ ၂၂ ရက်နေ့၌ ပြုလုပ်မည့် ကရင်ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)၏ တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည် အစည်း အဝေးတွင် ပြည်ပရောက်ကရင်ကျောင်းသားကျောင်းသူများ တက်ရောက်မည်ဖြစ်သည်ဟု သိရ သည်။

Tuesday, December 16, 2014

ကမ်းရိုးတန်းဒေသများ လေပြင်းအန္တရာယ် ကျရောက်နိုင်ဟုဆို




16.12.2014

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ဒီဇင်ဘာလ တတိယပတ်အတွင်း အရှေ့ဘက်ခြမ်းမှ တိုက်ခတ်လာသည့် လေပြင်းအန္တရာယ် ကျရောက်နိုင်ခြင်းကြောင့် ငါးဖမ်းရေယာဉ်များ သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

လိပ်ကျွန်းအမှု သက်သေထွက်ဆိုမည့် မြန်မာများ လုံခြုံရေးကြောင့် အခက်တွေ့နေ




16.12.2014

ထိုင်းတောင်ပိုင်း စူရဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးဖက်မှသက်သေ ထွက်ဆိုမည့် အခြားသော မြန်မာနိုင်ငံသား ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအာမခံချက် မရှိ၍ အခက်တွေ့နေသည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။

KNU နိုင်ငံခြားရေးရာဌာန ပဋိပက္ခဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းပေး




16.12.2014

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို နိုင်ငံခြားရေးရာဌာနက ဦးဆောင်ဖွင့်လှစ်သော ပဋိပက္ခဖြေရှင်းခြင်း နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သင်တန်းတစ်ရပ်ကို KNU တပ်မဟာ(၆)၊ ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့ စီးပွားရေးရုံးတွင် ဒီဇင်ဘာ ၁၅ မှ ၁၈ရက်နေ့အထိ ပို့ချပေးနေပြီဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် အပစ်ရပ်မူကြမ်း ခရစ္စမတ်မတိုင်မီ ဆွေးနွေးရန် NCCT လက်ခံ




16.12.2014

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) မတိုင်မီ ရန်ကုန်မြို့၌ တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မူကြမ်းပါ ကျန်ရှိသည့် အချက်များကို ဆွေးနွေးရန် ဒီဇင်ဘာ ၁၅ ရက်က သဘောတူလိုက်ပြီဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

မြဝတီမြို့တွင် တပ်မတော်သားများနှင့်KNLA တိုင်းရင်းသားလက်နက်ကိုင်များ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ



16.12.2014

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်၊ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ တပ်မတော်သားများဘောလုံးအသင်းနှင့် KNLA တပ်မဟာ(၇)မှ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် သော ဘောလုံးအသင်းတို့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်းထဲ၌ ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်(၈)နာရီအချိန်က ချစ်ကြည်ရေးဘောလုံးပွဲ ဆင်နွှဲခဲ့ကြသည်။

Thursday, December 11, 2014

အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အစီရင်ခံစာသစ် ကရင်နီလူမှုကွန်ရက် ထုတ်ပြန်



11.12.2014

မြန်မာအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့၏ ၂နှစ်ကျော်ကြာ အပစ်ခတ်ရပ်စဲရေးကာလအတွင်း ကရင်နီ (ကယား)ပြည်နယ် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရင်းများကို စုစည်း၍ ကရင်နီအခြေပြု လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) မှ “ဘယ်မှာလဲ စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်”ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၅ရက်နေ့က အစီရင်ခံ စာတစ်စောင် ထုတ်ပြန်လိုက်သည်။

Tuesday, December 9, 2014

သံတောင်ကြီးတောင်စခန်းမြို့၌ ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး




9.12.2014

ကရင်ပြည်နယ်၊ သံတောင်ကြီးတောင်စခန်းမြို့တစ်မြို့အနေဖြင့် ကမ္ဘာလှည့် ခရီးသွားလာရေးလုပ်ငန်းများ အဆင် ပြေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသ ခံပြည်သူများသည် ယနေ့နံနက်(၉)နာရီတွင် သံတောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် တွေ့ဆုံကြသည်။

ဆီအုန်းစီမံကိန်းကြောင့် နစ်နာမှုများကို KNU နှင့် တိုင်းအစိုးရထံ ဒေသခံများ လက်မှတ်ထိုးတောင်းဆိုမည်




9.12.2014

တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ကြောင့် သိမ်းဆည်းခံထားရသော ဒေသခံများ၏ ဥယျာဉ်၊ ခြံမြေများ၏ နစ်နာမှုများအတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် တိုင်းဒေသကြီးအစိုးရထံ ဒေသခံများက လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဘိန်းထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်းအထိ ကျဆင်း




9.12.2014

မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အခုနှစ်မှာ ထူးထူးခြားခြား ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွား ခဲ့ကြောင်း၊ အဲ့ဒါဟာ တစ်ဧက အထွက်နှုန်း ကျဆင်းမှုနဲ့ ထိရောက်တဲ့ ဘိန်းခင်းဖျက်ဆီးမှုတွေကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ UNODC က ဒီနေ့ကြေညာလိုက်ပါတယ်။

မြန်မာလုပ်သားနှစ်ဦး အပြစ်ဝန်ခံရန် ထိုင်းတရားသူကြီးပြော၊ လုပ်သားနှစ်ဦးက ပြစ်မှုမကျူးလွန်ဟု ငြင်းဆန်




9.12.2014

မြန်မာလုပ်သားနှစ်ဦး အမှုတွဲတင်ပြီး ပထမဆုံးအ ကြိမ်ရုံးထုတ်စစ်ဆေးသည့်နေ့ တွင် ကော့စမွီမြို့နယ်တရားသူ ကြီးက အပြစ်ဝန်ခံလျှင်ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟု မြန်မာလုပ်သားနှစ်ဦးကိုပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

Monday, December 8, 2014

မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်မည်




8.12.2014

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်သား စစ်ပြေး ဒုက္ခ သည်တွေ ကို ဆေးကုသပေးနေတဲ့ မယ်တော်ဆေးခန်း ကို နေ ရာပြောင်းရွှေ့ ဖွင့် လှစ်တော့မယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

လက်ရှိ ဆေးခန်းတည်ရှိတဲ့ ရပ်ကွက်အတွင်းက တခြားနေရာကို ပြောင်းရွှေ့ တာ ဖြစ်ပြီး သင်တန်းပိုင်း လူနာတွေကို ၀န်ဆောင်မှု ပေးတဲ့နေရာတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ နေရာထိုင်ခင်းလုံခြုံစိတ်ချမှုအတွက် အခုလို ပြောင်းရွှေ့ရတာလို့ သူက ပြောပါတယ်။

ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ ဆုံးဖြတ်




8.12.2014

ကရင်လက်နက်ကိုင်အချင်းချင်း ပြဿနာများ ထပ်မံဖြစ်ပွားပါက ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းသွားကြရန် ဒီဇင်ဘာ ၅ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ နန်းရွှေမှုံရွာ၌ ပြုလုပ်ခဲ့သော ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ၏ (၅)ကြိမ် မြောက်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော


8.12.2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

Thursday, December 4, 2014

သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့်ရေအားလျှပ်စစ်ဆည်စီမံကိန်းခြောက်ခုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် အရေးကြီးအဆို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တင်မည်



4.12.2014

သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်ဆည်စီမံကိန်းခြောက်ခုနှင့်ပတ်သက်၍ အစိုးရ အနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် အရေးကြီးအဆိုကိုတင်သွင်းသွားမည်ဟု ကရင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဟွာကပြောကြားသည်။

ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းအား တရားဝင်ချထားပေးခြင်းမရှိသေးဘဲ အကြိုလေ့လာဆန်းစစ်ဆဲအဆင့်သာဖြစ်ကြောင်း MIC ပြောကြား


4.12.2014

မြန်မာနိုင်ငံမှ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းထုတ်လုပ် ခွင့်ရရှိထား သည့် မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိသည့် ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းအား MIC မှ တရားဝင်ချထားပေးခြင်းမရှိသေးကြောင်းနှင့် အကြိုလေ့လာဆန်းစစ်ဆဲအဆင့်သာဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကပြောကြားခဲ့သည်။

Wednesday, December 3, 2014

UNFC လုပ်ဆောင်ချက် ပံ့ပိုးနိုင်ရေး ဖက်ဒရယ် ပြည်ထောင်စုတပ်ဖွဲ့စည်း




3.12.2014

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ မထိခိုက်အောင် ထိန်းသိမ်းကြီးကြပ်ဖို့ ရည်ရွယ်ချက်နဲ့ UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် စစ်ဦးစီးအဖွဲ့ကနေ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ပထမအကြိမ် အစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။

Tuesday, December 2, 2014

၂၀၁၅ရွေးကောက်ပွဲပြိုင်မည့် အမျိုးသမီးများအား မဲပေးနိုင်ရန် ကရင်ပြည်နယ် တွင် စည်းရုံးလှုံ့ဆော်



2.12.2014

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးများအား မဲဆန္ဒပေးနိုင်ရန် Vote for Women ခေါင်းစဉ် ဖြင့် ကရင်ပြည်နယ် အမျိုးသမီးကွန်ယက်မှ စည်းရုံးလှုံ့ဆော်ပွဲ(campaigning)တစ်ခုကို ဖားအံမြို့၊ အဂ္ဂပေဘုရားကျောင်း၌ နိုဝင် ဘာ ၂၈ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့မဲဆောက်မြို့ မြန်မာများ ကျင်းပ


2.12.2014

ဒီနေ့ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသထဲက ကျန်းမာရေးနဲ့ ပညာရေးလုပ်ဆောင်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းဝင်တွေပူးပေါင်းပြီး အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။

အန်စီစီတီ၏ ဆွေးနွေးမှုတွင် အစိုးရနှင့် ဆွေးနွေးရန်ကျန်သည့် အချက်များထဲ မှ တစ်ဝက်ခန့် သဘောတူမှုရ




2.12.2014

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူချုပ်မူကြမ်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ နှစ်ရက်ကြာ အကြိုဆွေးနွေးမှုတွင် အစိုးရနှင့် ဆွေးနွေးရန် ကျန်ရှိသည့် အချက် ၈ ချက်ထဲမှ ထက်ဝက်ခန့်ကို သဘောတူညီမှု ရခဲ့ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

ဗီဇာအတုဖြင့် သွားရောက်သူ မြန်မာ ၅၂ ဦးကို မလေးရှားနိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့်ပေး


2.12.2014

မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့် သွားရောက်မှုကြောင့် ဖမ်းဆီးခံရ၍ ထောင်တစ်နှစ်စီချမှတ်ခံရသော မြန်မာ ၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ရန် မလေးရှားနိုင်ငံ၊ ရှားအလမ်းတရားရုံးက ယနေ့အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ခြောက်ကြိမ်မြောက် ထိန်းသိမ်းထားဖို့ တရားရုံးဆုံးဖြတ်





2.12.2014

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးကို ခြောက်ကြိမ်မြောက် နောက်ထပ် ၁၂ရက် ထမ်မံ ထိန်းသိမ်းထားဖို့ ကော့စမွီတရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဆီကနေ သိရှိရပါတယ်။

ငြိမ်းချမ်းရေး ရရှိရန် အချိန်ယူရမည်ဟု နော်ဝေ ဘုရင် ပြော



2.12.2014

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ရဦးမည်ဖြစ်၍ အချိန်ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော နော်ဝေနိုင်ငံ ဘုရင် ဟာရယ်(Harald) က ပြောကြားလိုက်သည်။