address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 29, 2013

ကေအဲန်အယ်လ်အေရဲ့ ၆လပတ် အစည်းအဝေး

                                              ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ
 


29.8.2013

ကေအဲန်ယူရဲ့ စစ်တပ်ဖြစ်တဲ့ ကေအဲန်အယ်လ်အေ ၆လပတ် အစည်းအဝေးကို မနေ့ကစပြီး ၃ရက်တာ ပြုလုပ်သွားမယ့် အစီအစဉ်မှာ လက်ရှိ အစိုးရနဲ့ လုပ်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
 
သြဂုတ်လ ၂၆ရက်ကနေ ၂၈ရက်နေ့အထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ကေအဲန်အယ်လ်အေ ဌာနချုပ် သေ့ပေ ထ မှာ ပြုလုပ်တဲ့ ၆လပတ် အစည်းအဝေးမှာ သူတို့က လက်ရှိ အစိုးရနဲ့လုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ တနှ စ်ေ ကျာ်နေပြီ ဖြစ်ပေမယ့် ရှေ့ကို ဆက်မသွားနိုင်သေးတာနဲ့ ပတ်သက်ပြီးတော့ တပ်မှူးတွေကြားထဲမှာ ဆွေးနွေးသွားဖို့ရှိတယ် လို့ ကေအဲန်အယ်လ်အေ ထိပ်တန်းအရာရှိတွေက ပြောပါတယ်။


ကေအဲန်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကိစ္စကို ဒီ၆လပတ် အစည်းအဝေးမှာ ဆွေးနွေးကြမယ်ဆို တာ ကို ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ဘီဘီစီကို ပြောကြားရာမှာ ကျနော်တို့ ပြန်သုံးသပ်မှာပါ၊ ဒီ၆လပတ်မှာ အခြေအနေဘယ်လိုလဲဆိုတာ နောက်ပြီးတော့ ဒီတနှစ်ကျော်မှာ အပစ်အခတ်ရပ်စဲရေးဟာ ဘယ်အဆင့် ထိ ရောက်နေပြီလဲဆိုတာကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရတဲ့အထိ ကျနော်တို့ သွားမှာပါ။ ကျနော်တို့ မှန်မှန်ကန်ကန်နဲ့ လုပ်မှာ ဖြစ်ကြောင်းနဲ့ အာဏာက နိုင်ငံတော် အစိုးရလက်ထဲမှာသာရှိပြီး အနှစ်၆၀မှာ လူထုပဲ နစ်နာကြရတယ်။ ကျွဲနှစ်ကောင်ခတ် တဲ့ကြား က မြေဇာပင်ပဲ နစ်နာရတယ်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲပြီးနောက် ဆက်လုပ်ရမယ့် ကိစ္စတွေကို အကောင်အထည်မဖော်နိုင်သေးတာကိုလည်း ဗိုလ်ချုပ်ြ ကီးေ စာဂျော်နီ ထောက်ပြရာမှာ ခုပထမခြေလှမ်း ပဏာမအပစ်အခတ်ရပ်စဲရေးကနေ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး၊ တပ်နေ ရာ ချထားရေးတို့ နယ်မြေသတ်မှတ်ရေးတို့ ဒီတပ်တွေ ပြန်လည် လျှော့ချဖို့ ဘာတခုမှ သူတို့တွေ ဆောင်ရွက်တာ မတွေ့ရ ဘူးလို့ သူက ဆိုပါတယ်။

ကေအဲန်ယူနဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာ နှစ်ဖက်ကြားမှာ ဆက်သွယ်နိုင်မယ့် ဆက် ဆံရေး ရုံးတချို့ကိုတော့ ဖွင့်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကေအဲန်ယူရဲ့ စစ်တပ်ဖြစ်တဲ့ ကေအဲန်အယ်လ်အေ တပ်မဟာ ၇ခုအထဲက ၅ခုရဲ့ ဆက်ဆံရေးရုံးတွေကို ဖွင့်နိုင်ခဲ့ပြီးတော့ တပ်မဟာ ၂နဲ့ ၅ဆက်ဆံရေးရုံးတွေကိုတော့ မကြာခင်မှာ ဖွင့်နိုင်ဖွယ် ရှိတယ်လို့ ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောပါတယ်။

BBC

No comments:

Post a Comment