address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 26, 2013

ကုလစုံစမ်းရေးအဖွဲ့ကို ဆီးရီးယားဝင်ခွင့်ပြုပြီ


26.8.2013

ဆီးရီးယားအစိုးရတပ်အနေနဲ့ အတိုက်အခံလုပ်သူတွေအပေါ် ဓာတုလက်နက်အသုံးပြုပြီး နှိမ်နင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟုတ်မဟုတ်ဆိုတာ စစ်ဆေးခွင့်ပေးဖို့ ကုလသမဂ္ဂ တောင်းဆိုလိုက်တာ ကို ဆီးရီး ယားအစိုးရက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။


ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကိုဆီးရီးယားနိုင်ငံထဲဝင်ခွင့်ပေးဖို့ကုလသမဂ္ဂက ဆွေးနွေးတောင်း ဆိုမှုတွေ နှစ်ရက်ကြာ လုပ်ဆောင်ပြီးမှဝင်ခွင့်ရသွားတာဖြစ်ပေမယ့်ဒီအချိန်လောက်မှာဓာတုလက်နက်တွေ  အသုံးပြုတဲ့ သက်သေ အထောက်အထားတွေ ကျန်ရှိတော့မှာ မဟုတ်ဘူးလို့ ပြောနေကြပါ တယ်။

အရင်ကတည်းက ဆီးရီးယားနိုင်ငံမှာ ရောက်ရှိပြီးသား ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ကို စစ်ဆေးခွင့်ပြု တာဖြစ်ပြီး ဓာတုလက်နက် အသုံးပြုတဲ့အတွက် လူပေါင်း ရာနဲ့ချီ သေဆုံးရတယ်ဆိုတဲ့ နေရာ ကို စစ်ဆေး မှာဖြစ်ပါတယ်။

ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက် မသုံးရဘူးလို့ ခုချိန်ထိ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ ဓာတုလက်နက်တွေ အသုံးပြုခဲ့မယ်ဆိုရင် အရေးယူတုန့်ပြန်မှုတွေ ပြုလုပ် သွား မယ်လို့ အမေရိကန်အစိုးရက သတိပေး ပြောဆိုခဲ့ပါတယ်။

ABC




No comments:

Post a Comment