address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, August 30, 2013

ဇွဲကပင်တောင်ပေါ် ကေဘယ်လ်ကားနဲ့တက်ရေး စီမံကိန်း


30.8.2013

ကရင်ပြည်နယ်ဇွဲကပင်တောင်ပေါ်စေတီကို ရဟန်းရှင်၊လူ၊ ပြည်သူအများ သွားရောက် ဖူးမျှော်နိုင်ဖို့ Cable Car တပ်ဆင် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ဇွဲကပင်တောင်ဟာ ဘားအံမြို့တောင်ဘက်(၇)မိုင်အကွာ က ဇွဲကပင်တောင်ဟာ  မြင့် မားမတ်စောက်တာကြောင့် ဘုရားဖူးများ တက်ရောက်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။


ယခုအခါ မလေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ Cable Car စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရပါတယ်။

Cable Car ဟာ လူ(၄၀)အထိစီးနိုင်ပြီး ကြိုးကို လျှပ်စစ်မော်တာဖြင့် ဆွဲတင်ပို့ရမှာပါ။

Cable ကြိုးအချင်း(၃၈)မီလီမီတာ ရှိပြီး သက်တမ်း(၁၀)နှစ်မှ(၁၅)နှစ်အထိ ခံနိုင်အားရှိတယ်၊ ပစ္စည်း အစိတ်အပိုင်းများကို ဆွစ်ဇာလန်နဲ့ သြစတြေးလျနိုင်ငံတို့က မှာယူမယ်၊ မတော်တဆမှုများကို ကြိုတင်ကာကွယ်မယ့် လုံခြုံရေးအစီအစဉ်များ တပ်ဆင်မယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car တည်ဆောက်ရေး စီမံကိန်း ပြီးသွားရင် ဒေသတွင်း ခရီးသွားလုပ်ငန်း တိုး တက် လာဖို့ မျှော်လင့်နေကြသူလည်း အများအပြား ရှိပါတယ်။

ဇွဲကပင်တောင်ကို တကမ္ဘာလုံးက သတိထားသိသွားရမယ့် စီမံကိန်းတခုလည်း ဖြစ်သွားနိုင်ကြောင်း တချို့က ပြော ပါ တယ်။

ကုန်ကျစရိတ်မှာ ဒေါ်လာသန်း(၂၀)ကျော် ဖြစ်ကြောင်း စီမံကိန်းဖြစ်မြောက်ရေးဥက္ကဌဦးယဉ်ထွေးဆွေ ကဟြေပြခဲ့ပါတယ်။

အခုလည်းစီမံကိန်းစတင်တဲ့ အစည်းအဝေးမှာတင် အလှူငွေ (၇၃၆)သိန်းကျော် လက်ခံရရှိထားကြောင်း သိရပါတယ်။

စီမံကိန်းဖြစ်မြောက်ရေးကော်မတီရဲ့ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

၀၉ ၄၃၂၀ ၁၀၉၀
၀၉ ၈၇၃ ၁၀၀၈
၀၉ ၅၁၃ ၅၈၄၆

၀၉ ၄၃၁၁ ၁၁၁၈
၀၉ ၅၁၂ ၂၄၅၉
၀၉ ၈၇၃ ၀၆၉၅

၀၉ ၅၆၆ ၁၀၁၂
၀၉ ၈၇၃ ၀၃၀၉
၀၉ ၈၇၃ ၀၇၂၃

၀၉ ၄၄၉ ၂၅၁ ၀၅၀
၀၉ ၈၇၃ ၀၄၁၁


မြတ်သူအောင်

ဧရာဝတီ

No comments:

Post a Comment