address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, August 30, 2013

ကေဒဗလျူအိုကို ကူညီရန် နီပွန်ဖောင်ဒေးရှင်း ခေတ္တရပ်နားမည်



30.8.2013

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်ရေးကာလ အ တွင်း ဒေသ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးနေသည့် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းက ကရင်အမျိုးသမီး အစည်းအရုံး (ကေဒဗလျူအို)ကို အကူအညီဆက်ပေးရန် ခေတ္တရပ်နားထားမည်ဟု သိရသည်။


သြဂုတ်လ ၂၆ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့တွင် နီပွန်ဖောင်ဒေးရှင်းမှ ကိုယ် စား လှယ်နှစ်ဦး ဖြစ်သူ မစ္စတာခီမိုတိုနှင့် မစ္စတာယူကီတို့က ကေဒဗလျူအို ဗဟိုကော်မတီဝင် ၁၀ဦးနှင့် တွေ့ဆုံရာတွင် ထို သို့ ပြောဆိုခဲ့ခြင်း ဖြစ် သည်ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ကေဒဗလျူအို ဥက္ကဌ နန်းဒါးအဲ့ကလယ်က ကေအိုင်စီ သို့ ပြော သည်။

“နီပွန်ဖောင်ဒေးရှင်းက ကေအဲန်ယူကနေတဆင့် ကေဒဗလျူအိုကို ဆေးဝါးနဲ့ ဆန်အိတ် တစ်ခါပေးဖူးတယ်။ ဒါကို ဆက် မပေးနိုင် တော့တာကို ရှင်းပြဖို့ လာတာပါ။ ကေဒဗလျူအိုကို ဆက်မကူညီတာဟာ သူတို့မှာ အစီအစဉ် အသေးစိတ်ဆွဲ ထား တာ မရှိဘူး တဲ့။ ဒါပေမယ့် လာမယ့်ကာလမှာ ကေဒဗလျူအိုကို ဘယ်လိုကူညီသွားနိုင်မလဲ သိနိုင်ဖို့ သူတို့က လာတွေ့ တာဖြစ်တယ်ပေါ့”ဟု နန်းဒါးအဲ့ကလယ်က ပြောဆိုသည်။

ယင်းသို့ အကူအညီရရှိရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကေဒဗလျူအိုထံမှ ပရိုပိုဆယ်(အဆိုပြုချက်)ကို ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအဲန်အက်ဖ်စီ)မှတဆင့် နီပွန်ဖောင်ဒေးရှင်ထံ သို့ လျှောက် ထားခဲ့ သည်။ ထို့နောက် နီပွန်ဖောင်ဒေးရှင်းသည် ၎င်းတို့အဖွဲ့ကို ယခုနှစ် ဖေဖော်ဝါရီလတွင် ဆန်အိတ်နှင့် ဆေးဝါးအချို့ ကူညီခဲ့ခြင်း ဖြစ်သည်ဟု ကေဒဗလျူအိုက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အချို့ရှိသော်လည်း သိသာထင်ရှားသည့် အပြောင်းအလဲ မရှိသေးသောကြောင့် နီ ပွန်ဖောင် ဒေးရှင်းအနေဖြင့် မြန်မာပြည်ဒေသဖွံ့ဖြိုးမှု အကူအညီ ပေးသည့်အခါ ပြည်တွင်း၌သာ မဟုတ်ဘဲ နယ်စပ်ဒေ သ၌ပါ စဉ်းစားပေး ရန် ၎င်းတွေ့ဆုံမှုတွင် ဆွေးနွေးတင်ပြခဲ့သည်ဟုလည်း နန်းဒါးအဲ့ကလယ်က ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ နီပွန်ဖောင်ဒေးရှင်း ကိုယ်စားလှယ်နှစ်ဦးသည် ကေဒဗလျူအိုနှင့် မတွေ့ဆုံမီ သြဂုတ်လ ၂၂ရက်နေ့တွင် ဒီမို ကရေ စီအ ကျိုးပြုကရင်အမျိုးသားတပ်မတော် DKBA နှင့် တွေ့ဆုံကာ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင် ရာ ဒေသဖွံ့ဖြိုး မှုဆိုင်ရာ ကူညီမှုပေးနိုင်ရန် ထိုင်း- မြန်မာနယ်စပ်တနေရာ၌ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

နီပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ နယ်စပ်ဒေသတလျှောက်ရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များအ တွက် ဒေါ်လာ ၃သန်း ကူညီပေးရန် ယူအဲန်အက်ဖ်စီနှင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့က ဂျပန်နိုင်ငံတွင် သဘောတူညီခဲ့ ကြသည်။

ထိုသဘောတူညီမှုအရ ယူအဲန်အက်ဖ်စီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KNU၊ KNPP၊ NMSP၊ SSA အဖွဲ့ များကို အကူအညီအချို့ပေးကာ ဌာနေမဲ့ပြည်တွင်းဒုက္ခသည်(အိုင်ဒီပီ)များကိုလည်း ကူညီခဲ့သလို ယခုနှစ် ဖေဖော် ၀ါရီ လ ၁၂ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်ရှိ အိုင်ဒီပီများအား ဆန်အိတ်ပေါင်း ၁,၄၀၀ ပေး ခဲ့သေးသည်။

နီပွန်ဖောင်ဒေးရှင်းသည် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာ စသည်တို့တွင် အကူအညီပေးလေ့ ရှိပြီး မြန်မာနိုင် ငံတွင် ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့ပေးမှုလုပ်ငန်းပေါင်း ၄၀ကျော်ရှိသည်။

KIC (Karen Information Center)

1 comment:

  1. ဒီသတင်းမမှန်ပါ. kic website ထဲကို ပြန်ကြည့်ပါ။။။။

    ReplyDelete