address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 18, 2013

(ABSDF)ကျောင်းသားတပ်မတော် ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်း ထားဝယ်မြို့မှပြန်လည်မထွက်ခွာမီ ရဟန်းဘောင်သို့ခေတ္တ၀င်ရောက်

18.8.2013

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်မြို့သို့ တရားဝင်ရောက်ရှိခဲ့ပြီးနောက် မွေးဇာတိ ထားဝယ်မြို့သို့ သြဂုတ်လ ၁၂ ရက်နေ့က ရောက်ရှိနေသောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီ မိုကရက်တစ်တပ်ဦး(ABSDF)ကျောင်းသားတပ်မတော် ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်းသည် ထားဝယ်မြို့မှပြန် လည်မထွက်ခွာမ သြဂုတ်၁၇ရက်နံနက်ပိုင်းတွင် ၀ဲကျွန်းရပ် ကမ္မဋ္ဌာန်းကျောင်း၌ ရဟန်းဘောင် သို့ခေတ္တ ၀င်ရောက်ခဲ့သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း နယ်စပ်သို့ထွက်ခွာသွားခဲ့ပြီးနောက်  ၂၅ နှစ်အကြာတွင်မှဇာတိမြေသို့ ပြန်လည်ခြေ ချနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ရဲဘော်မျိုးဝင်းသည် ထား ၀ယ် တွင်ခေတ္တနေ ထိုင်စဉ် ကာလအတွင်း ထားဝယ်ဒေသရှိနိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအခြေပြုအ ဖွဲ့အစည်းများနှင့်တွေ့ဆုံကာပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုအခြေအနေများ ကိုရှင်းလင်း တင်ပြ ခဲ့ပြီးယနေ့သြဂုတ်လ ၁၈ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသည်။ ထိုမှ တစ်ဆင့် ထိုင်းနိုင်ငံ၊မဲဆောက်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal

No comments:

Post a Comment