address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, August 16, 2013

ရေကြည်မြို့နယ်တွင် ယနေ့ညမှာရင်ချင်းဆက်အမွှာညီအမ ခွဲစိတ်မွေးဖွါးနိုင်ခဲ့

16.8.2013

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းမြင့် တိုက်နယ်ဆေးရုံတွင် ယနေ့သြဂုတ်လ၁၅ ရက်နေ့ ည ၇နာရီ ၂၅မိနစ် အချိန် တိုက်နယ်ဆရာဝန်ဒေါက်တာနေ၀င်းထွန်းနှင့်အဖွဲ့ မှ ရင်ချင်းဆက် အမွှာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပါသည်။

အမွှာမှာ မိန်းခလေးဖြစ်ပြီး မိဘများမှာ လေးမျက်နှာမြို့နယ် ၀က်ကုန်းကျေးရွာမှ ဦးဇော်မျိုးသက် နှင့် အမိ ဒေါ်အေးအေးမိုး တို့ ဖြစ်ကြပါသည်။ယခုညတွင်၎င်းညီအမအားရန်ကုန်မြို့ရန်ကင်းကလေးဆေး ရုံကို ပို့ဆောင်မယ်လို့ သိရတယ်။

Author အေးလပြည့်
The Modern News Journal

No comments:

Post a Comment