address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 29, 2013

ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် UNFC ထိုင်းတွင် ထပ်မံ တွေ့ဆုံမည်



29.8.2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့သည်လာမည့် စက်တင်ဘာတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေး မည်ြ ဖစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်တီက ပြောကြားလိုက်သည်။

သြဂုတ်၂၇ရက်က နှစ်ဘက်နည်းပညာအထောက်အကူပြုအဖွဲ့တို့ချင်းမိုင်တွင် တွေ့ဆုံမှုအပြီး နိုင်ငံရေးဆွေးနွေးပွဲပြင်ဆင် သည့်အနေ နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။


“အခုတော့ တရားဝင် စာမပို့ရသေးဘူး။ အကြမ်းဖျင်းတော့ ညှိနှိုင်းထားတယ်။ စက်တင်ဘာ ပထမပတ်၊ ဒုတိယပတ် အတွင်းမှာပဲ ဆောင်ရွက်သွားပါမယ်”ဟု အထောက်အကူပြုအဖွဲ့ ခေါင်းဆောင် ဦးလှမောင်ရွှေက ဆိုသည်။ ထို့ပြင် UNFC ဒုဥက္ကဋ္ဌ ဖဒိုစောဒေးဗစ်သာကပေါကလည်း တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

လာမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များထဲမှ မပြီးပြတ်သေး သည်များကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်တီဘက်မှ ဆွေးနွေးသွားနိုင်မည်ဟု မျှော်လင့်နေပြီး UNFC ဘက်မှ လည်း တိုင်းရင်းသားညီလာခံမှ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရာ ကိစ္စများကို တင်ပြသွားမည်
ဖြစ်ကြောင်း ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊၂၀၀၈ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး အပါအ၀င် အချက် ၁၀ ချက်ကို UNFC ၏ တိုင်းရင်းသားညီလာခံမှ သဘောတူ ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်နားလည်တာက အရင်တစ်ခေါက်ဆွေးနွေးပွဲမှာ UNFC ဘက်က ပေးတဲ့ အဆိုပြုချက်တွေကို အောက်ခြေ မှာ မပြီးသေးတဲ့အတွက် ဒီတစ်ခေါက်မှာလည်း စောစောက အဆိုပြုချက်တွေကို ဦးအောင်မင်းအနေနဲ့ တွေ့ဆုံပြီး
တော့ ထပ်ဆွေးနွေးပါလိမ့်မယ်”ဟု ဦးလှမောင်ရွှေက ပြောကြားခဲ့သည်။

UNFC ဒုဥက္ကဋ္ဌ ဖဒိုဒေးဗစ်သာကပေါ၏ ပြောကြားချက်အရ အမျိုးသားညီလာခံ လုပ်သည့်အပေါ် မလိုသူများ၏ပြော ဆို သံ များ ထွက်ပေါ်လျှက်ရှိပြီး အဆိုပါအချက်များကို ယခုတွေ့ဆုံမှုတွင် အသေးစိတ် ရှင်းပြလိုပြီး တစ်ဖက်တွင် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)တို့ ဦးဆောင်ရာကော်မတီ တစ်ရပ်ဖွဲ့ရန် ပြင်ဆင်လျက်ရှိသည်။.

Mizzima

No comments:

Post a Comment