address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 31, 2014

နိုင်ငံရေးဆွေးနွေးပါက ၈၈မျိုးဆက်ပါရန် တိုင်းရင်းသားခေါင်းဆောင်များ ဆုံးဖြတ်


31.7.2014

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရစ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ဆွေးနွေးရာတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များပါဝင်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့ NCCT ၀င်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

အန်စီစီတီနှင့်အမ်ပီစီ မြစ်ကြီးနားတွင် အလွတ်သဘော တွေ့မည်





31.7.2014

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတို့ မြစ်ကြီးနားမှာ လာမယ့် သြဂုတ် ၃ ရက်နေ့မှာ အလွတ်သဘောတွေ့ဆုံမယ်လို့ အန်စီစီတီ အကြံပေး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဒီဗွီဘီကိုပြောပါတယ်။

နော်ဘူဘောကုမ္ပဏီ အမည်သုံးစွဲခြင်းအပေါ် KNU တောင်ငူခရိုင် ကန့်ကွက်




31.7.2014

KNLA တပ်မဟာ(၂) တောင်ငူခရိုင် “နော်ဘူဘော”ကုမ္ပဏီအမည်ဖြင့် သုံးနှုန်းသည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး (ကေ အဲန်ယူ) တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ ဇူလိုင် ၂၈ရက်နေ့က ကန့်ကွက်အသိပေးစာတစ်စောင် ပေးပို့ခဲ့သည်။

လက်နက်များနှင့် ဖမ်းမိသည့် တရုတ်နိုင်ငံသားများကို ထောင် ၁၃ နှစ်ချမှတ်




31.7.2014

မြန်မာနိုင်ငံထဲမှာ လက်နက်တွေနဲ့ ဖမ်းဆီးမိထားတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ထောင်ဒဏ် ၁၃ နှစ်ကနေ ၁၀ နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ကြေညာပါတယ်။

ကြည့်မြင်တိုင်မှာ နှစ်ထပ်တိုက်ဟောင်း ပြိုကျလို့ လူတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ




31.7.2014

ရန်ကုန်မြို့တော် ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း တောင်အနောက် ရပ်ကွက်မှာ နှစ်ထပ်တိုက်ဟောင်း ပြိုကျတဲ့ အတွက် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Wednesday, July 30, 2014

တစ်မိနစ် ၂၅ ကျပ်ဖြင့် တစ်လ ဖုန်းခေါ်နိုင်မည့် MPT ၏ ဝန်ဆောင်မှုအတွက် ကျပ် ၂၅၀၀ ပေးဆောင်ရမည်





30.7.2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပထမဆုံးအကြိမ်အဖြစ် အထူးဆောင် ရွက်ပေးသည်ဆိုသော လူသုံးဦးကို တစ်မိနစ် ၂၅ ကျပ်နှင့် တစ်လအတွင်း ဖုန်းခေါ်ဆိုနိုင်မည့် Friends and Family ဝန်ဆောင်မှုအတွက် ၂၅၀၀ ကျပ်ပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပဋိပက္ခကြိုတင်အသိပေးစနစ် အကောင်အထည်ဖော်ရန် စီစဉ်





30.7.2014

တိုက်ပွဲများကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဋိပက္ခ ကြိုတင်သတိပေးစနစ်အကောင် အထည်ဖော်ရန် ပြင်ဆင်မှုလုပ် နေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟို ဌာနမှ အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညွှန်ကြားရေးမှူးဒေါက်တာ မင်းဇော်ဦးကပြောသည်။ယင်းစနစ်သည်အစိုးရတပ် မတော်နှင့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြားမြေပြင်အ ချက်အလက်များ ကောက်ယူ သုတေသနပြု၍ ပဋိပက္ခဖြစ်ပွား မည့်အရိပ်အယောင်ကို ကြိုတင် တွေ့ရှိနိုင်ပြီး ယင်းမှရရှိသည့် တွေ့ရှိချက်အပေါ်မူတည်၍ အ ခြေအနေကို နှစ်ဖက်အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခမဖြစ် ရေးကြိုတင်ကာကွယ်ရန်အချက် ပေးမည့် စနစ်ဖြစ်သည်။

တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်



30.7.2014

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။

အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ၈၈ တိုက်တွန်း




30.7.2014

88studentတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲအစည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။

(၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား နေရာ (၅) ခု၌ မွန်ပြည်သစ် ကျင်းပမည်



30.7.2014

ယခုနှစ်၏ သြဂုတ်လ (၁၀) ရက်နေ့၌ ကျရောက်မည့် (၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနား များကို မွန်ပြည်သစ် ပါတီမှ နေရာ (၅) နေရာ၌ ကျင်းပရန် စီစဉ် ထားကြောင်း ဗဟိုအလုပ်အမှုဆောင် နိုင်အေးမွန်က ပြောသည်။

Tuesday, July 29, 2014

ဘန်ကောက်သွားမည့် တရားမ၀င် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ




29.7.2014

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် ကုန်တင်ကားတစီးထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်တပ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ရှမ်းပြည်နယ်တွင် အပစ်အခတ်အမြန်ရပ်စဲရေးအတွက် ပြည်သူ့ဆန္ဒလက်မှတ်များကောက်ယူ





29.7.2014

အပစ်အခတ် အမြန်ရပ်စဲ ရေးအတွက် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလူထု၏ သဘောထားဆန္ဒနှင့် လက်မှတ် များကောက်ယူလျက်ရှိကာဒေသ တွင်းလက်နက်ကိုင်အဖွဲ့အစည်း များနှင့် မြန်မာ့တပ်မတော်ထံ တင်ပြတောင်းဆိုမည်ဟုတအာင်း ကျောင်းသား လူငယ်များအဖွဲ့( TSYO ) ထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံးချုပ်ဆိုရန် တရုတ်တိုက်တွန်း


29.7.2014

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လျင်မြန်စွာ ချုပ်ဆိုရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ သံတမန် မစ္စတာ ဝမ်ယင်ဖန်း၏ လက်ထောက်အရာရှိ ဖြစ်သူ မစ္စတာ ထန်ယင်းက တိုက်တွန်းလိုက်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရအဆိုပြုသော ရှစ်ပွင့်ဆိုင်ထက် သုံးပွင့်ဆိုင်ဆွေးနွေးရန်သာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူ




29.7.2014

နိုင်ငံရေးဆွေးနွေးပွဲများ တွင် ရှစ်ပွင့်ဆိုင်ဆွေးနွေးရန် အစိုးရဘက်မှ အဆိုပြုထားမှုကို တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များက သဘောမတူဘဲ သုံးပွင့် ဆိုင်ဆွေးနွေးရန် အချက်ကိုသာ လက်ခံထားကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ NCCT အကြံပေး ပုဂ္ဂိုလ်ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းက ဆိုသည်။

မြန်မာငွေ သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိ



29.7.2014
 
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းနှစ်သောင်း ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက်နက်ခဲယမ်းတွေကို ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၁ဝ နာရီခွဲက လားဟူလူမျိုးနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Monday, July 28, 2014

ကရင့်အာဇာနည်နေ့အကြောင်း သိကောင်းစရာ



28.7.2014

မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင် မည်သူနည်းဟုမေးလျှင် ဗိုလ်ချုပ်အောင်ဆန်းဟု အားလုံးသော မြန်မာပြည်သူများ ဖြေ ကြပါလိမ့်မည်။ အာဇာနည်ဟူသည် တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အသေခံရဲသူပုဂ္ဂိုလ်များဟု အဓိပ္ပါယ်ဖွင့်ဆိုရ ပေမည်။ တစ်နည်းဆိုရသော် တိုင်းပြည်နှင့်လူမျိုးအတွက် အသေခံရဲသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အား အာဇာနည်ဟူ၍ အသိ အမှတ်ပြု ခေါ်ဝေါ်ကြခြင်းဖြစ်ပေသည်။

Friday, July 4, 2014

အရက်နှင့် နွားနို့ ရောသောက်မည့် ပထမဆုံး Milk Party ရန်ကုန်မြို့တော်တွင် ကျင်းပမည်

July 4, 2014
ရန်ကုန်မြို့တော်တွင် အရက်နှင့် နွားနို့ ရောသောက်မည့် Milk Party ကို အင်းယားလိပ် ဝင်းအတွင်းရှိ GTR II ကလပ်တွင် ဇူလိုင်လ ၄ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီ ၃၀ မိနစ်ထိ ကျင်းပမည် ဖြစ်ကြောင်း Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သမ္မတကြီးက “အရက်အစား နွားနို့သောက်ပါ” လို့ မှာကြားထားပါတယ်၊ လူတွေကို အရက်မသောက်နဲ့လို့ ပြောလို့မှ မရတာ၊ အရက်နဲ့ နွားနို့နဲ့ ရောသောက်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ် ဆိုတာ တချို့လူတွေ မသိကြဘူး၊ အဲဒီ မက်ဆေ့လေး ပေးချင်တာလည်း ပါတယ်” ဟု Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို

July 4, 2014
ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလောမည့်သည်မှတ်ချက် မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှ သာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး   က စွပ်စွဲထားတာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါ တယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာသွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာ ရှင်း လင်းပွဲက နောက်မှ လုပ်ပါမယ်’’ ဟု မေမြတ်နိုးကပြောသည်။

ကလေးလုပ်သားဝင်ငွေကို မိသားစုထံပေးပြီး ကလေးလုပ်သားကို ကျောင်းနေစေတော့မည်

July 4, 2014

အခမဲ့ပညာရေးစနစ် ထိထိရောက်ရောက် အကောင်အထည်ပေါ်လာစေရန် ပညာမသင်ကြားနိုင်ဘဲ အလုပ်ခွင်ဝင်နေရသည့် ကလေး၏ ၀င်ငွေကို မိသားစုအား ထောက်ပံ့ပေးပြီး ကျောင်းနေနိုင်ရေး စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးအဖွဲ့(CESR) အမျိုးသားအဆင့် ပညာရေး ကျွမ်းကျင်ပညာရှင် ဦးတင်လှိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါအစီအစဉ်ကို၂၀၁၅-၁၆ ပညာသင်နှစ်မှ ပညာရေးဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်။
“အခမဲ့ပညာရေး ပုံဖော်နေပေမယ့် ထိရောက်မှုအပိုင်းက အများကြီး လိုနေသေးတယ်။ အပြည့်အ၀ ပုံဖော်နိုင်ဖို့ဆိုရင် သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့မှုလုပ်ကို လုပ်ရမယ်။ လုပ်နိုင်အောင် အခြေခံအချက်အလက်တွေ ကောက်ခံသွားမယ်။ ပြီးရင် မြို့နယ်တစ်ခုမှာ စမ်းသပ်ပြီး ဆောင်ရွက်ပေးမယ်”ဟု ဦးတင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံကို EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် သတ်မှတ်

July 4, 2014

မြန်မာနိုင်ငံကို နိုင်ငံတကာ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် EITI ဘုတ်အဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြု သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေး ရုံးထံမှ သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့က ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) ထိပ်သီးအစည်းအဝေး အတွင်း ၄၅ နိုင်ငံမြောက် အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဆုံးဖြတ် အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

Thursday, July 3, 2014

ဇူလိုင် ၂ ရက် ညပိုင်း မန္တလေးပဋိပက္ခ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံး

July 3, 2014

မန္တလေး-မန္တလေးမြို့တွင် ဇူလိုင် ၂ ရက် ညပိုင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နှစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့နံနက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူနှစ်ဦးမှာ တစ်ဦးက ဗုဒ္ဓဘာသာဖြစ်ပြီး ကျန်တစ်ဦးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင် ၂ ရက် ည ၁၁ နာရီနောက်ပိုင်းမှ ဇူလိုင် ၃ ရက် နံနက်အထိ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဖျက်ဆီးသည့်ဖြစ်စဉ် ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပထမဆုံးအကြိမ် တရားရုံးထုတ်

July 3, 2014

သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်တရား ရင်ဆိုင်ခဲ့ပြီး ရက်မန်တစ်ပတ် ရုံးချိန်းပေးခဲ့သည်။

တရားရုံးသို့ လာရောက်စဉ် ဦးဆန်းဆင့်အား မီဒီယာသမားများက မေးမြန်းချက်များအပေါ် “ဒါဟာ အလွန်ပဲ မတရားပြုလုပ်မှု တခုလို့ပဲ သုံးသပ်ပါတယ်၊ ဒါကြောင်မလို့ ဆရာတော်၊ သံဃာတော်တွေ မှန်တဲ့ဘက်က ရပ်တည်ပေးတာ၊ ကျွန်တော်ဟာ သာသနာ့ အကျိုးဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သံဃာ့အကျိုးဆောင်ရွက်တဲ့ သူသည် သာသနာရဲ့ အစောင့်အရှောက်ကို ယုံကြည်ပါတယ်၊ ဆရာတော်၊ သံဃာတော် အပေါင်းတို့ဟာ 
မှန်ကန်တဲ့ရပ်တည်ခဲ့တဲ့ ကျွန်တော့်ကိုဘက် ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ သမာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါ၊ ကျွန်တော်မတရားမလုပ်ပါဘူး၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ ကျွန်တော် သစ္စာဆိုရဲပါတယ်၊ ကျွန်တော် ငါးပြားတစ်စေ့ကအစ နိုင်ငံတော်အပေါ် အလွဲသုံးစားမလုပ်ပါဘူး၊ ကျွန်တော် ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ပါတယ်၊” ဟု အစောင့်များကြားမှ အလျင်အမြန် ဖြေကြားခဲ့သည်။

ဆဲဗင်းဇူလိုင်အခမ်းအနား ရန်ကုန်နှင့် ပြင်ဦးလွင်တွင် တစ်နိုင်ငံလုံး အနေအထားဖြင့် ကျင်းပမည်

July 3, 2014

ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တော်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က တစ်နိုင်ငံလုံး အနေအထားဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် မန္တလေးတာဝန်ခံ ဦးရဲရင့်ကျော်က The Voice သို့ ပြောကြားသည်။

“ဒီကျောင်းသားထုနဲ့ဆိုင်တဲ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသွားမှာပါ။ အဖွဲ့ချုပ်ကနေပြီး တစ်နိုင်ငံလုံးက ဗကသကျောင်းသားတွေ ပါဝင်နိုင်အောင် ရန်ကုန်မှာ တစ်နေရာ၊ ပြင်ဦးလွင်မှာ တစ်နေရာ ပြုလုပ်သွားမှာပါ။ ဒါမှလည်း သွားလာရေး အခက်အခဲတွေအတွက် အဆင်ပြေသွားမယ်” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံခရီးစဉ်အတွင်း ထီးတော်တင်ပွဲတွင် သမ္မတဖိနပ်စီးခြင်းမှာ စေတီရင်ပြင်တွင် မဟုတ်ဟုဆို

July 3, 2014

တရုတ်နိုင်ငံ၊ လော့ရန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတော်တင်လှူပွဲ စိန်ဖူးတော် ပင့်ဆောင်စဉ် နိုင်ငံတော်သမ္မတ ဖိနပ်စီးထားခြင်းမှာ စေတီတော် ရင်ပြင်တွင် မဟုတ်ဘဲ စေတီတော်ပရိဝုဏ်အတွင်းရှိ မြေပြင်ပေါ်တွင်သာဖြစ်ကြောင်း တရုတ်နိုင်ငံသို့ လိုက်ပါသွားသည့် သာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဇူလိုင် ၂ ရက်ထုတ် ကြေးမုံ သတင်းစာမျက်နှာဖုံးတွင် ဖော်ပြထားသော ဓာတ်ပုံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တစ်ဦးတည်း ဖိနပ်စီးထားမှုအပေါ် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

မန္တလေး ပဋိပက္ခအတွက် သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက် တောင်းပန်

July 3, 2014

ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သားအချို့ ဒဏ်ရာရရှိပြီး မော်တော်ယာဉ်များ ဖျက်ဆီးခံရသည်အထိ ဖြစ်ပွားခဲ့သော မန္တလေးမြို့တော်မှ ပဋိပက္ခများအတွက် တောင်းပန်ကြောင်း သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက် တာဝန်ရှိသူများက ဇူလိုင် ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဘာသာခြား အမျိုးသားနှစ်ဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည် ဆိုသည် သတင်းကြောင့် မန္တလေးမြို့တော်တွင် ဇူလိုင် ၁ ရက်နေ့က ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ယခုအခါ ပြဿနာများ မဖြစ်ပွားရန် သစ်ထူးလွင်၏ ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် သတင်းဝက်ဘ်ဆိုက်များတွင် အဆိုပါသတင်းကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို အမှုဖွင့်

July 3, 2014

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော အမျိုးသမီးငယ်တစ်ဦးကို နေပြည်တော်တွင် ဆိုင်သစ်ဖွင့်ရန်အတွက်ဟုဆိုကာ ကားဖြင့်တင်ဆောင်ခေါ်ယူလာပြီး ပျဉ်းမနား မြို့အနီး၌ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးကို အရေးယူရန် ဇွန်လ၂၈ ရက်တွင် အမျိုးသမီးငယ်က တိုင်ကြားထားပြီး ပျဉ်းမနား မြို့မရဲစခန်း၌ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ထားသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်မင်းဦးကပြောသည်။

Wednesday, July 2, 2014

AKO ၏ Brisbane branch ကော်မတီဝင်သစ် ထပ်မံ ရွေးကောက်

July 2, 2014
သြစတြေးလျားနိုင်ငံ Queensland ပြည်နယ်၊ Brisbane အခြေစိုက် AKO (QLD-Branch)က ဇွန်လ ၂၈ရက်၊ စနေနေ့က Brisbane Senior Citizen Hall ZINNERE တွင် ပြုလုပ်သည့် ၎င်းတို့၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေး၌ ကော်မတီ ၀င်သစ်ကို ရွေးကောက်ခဲ့ကြကြောင်း ကေအိုင်စီက သတင်းရရှိသည်။

AKO ဥက္ကဌသစ်အဖြစ် ရွေးကောက်ခံရသူ စောဆာ့ကပေါ်ဟိန်းက “ကျနော်တို့ကော်မတီအနေနဲ့ ကရင့်တော်လှန်ရေးကို စုပေါင်း ခေါင်းဆောင်မှုနဲ့ အတူတကွ လုပ်ဆောင်သွားမယ်။ မူနဲ့လမ်းစဉ်အပေါ် ရပ်တည်တဲ့ ခေါင်းဆောင်တွေကို ဝန်းရံသွားကြမယ်”ဟု အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

(၈)ကြိမ်မြောက် သြစတြေးလျားကရင်လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

July 2, 2014
(၈)ကြိမ်မြောက် သြစတြေးလျား ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို သြစတြေးလျားနိုင်ငံ နယူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်ဒနီမြို့၊ Carrama ရပ်ကွက်ရှိ STARTT ရုံးတွင် ဇွန်လ ၃၀ရက်နေ့က သြစတြေးလျားကရင်အဖွဲ့အစည်းလူငယ်ဌာန (AKO Youth Department)မှ ကြီးမှူးကျင်းပပြီးစီးခဲ့သည်။

သြစတြေးလျားနိုင်ငံတွင် ကရင်လူမျိုးများ၏ နောက်ခံသမိုင်း၊ တော်လှန်ရေးသမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာစကား၊ စာပေများအပြင် လက်ရှိ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုဖြစ်စဉ်များကို ကရင်လူငယ်များ မျက်ခြေမပြတ် စေရန်နှင့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း AKO ကရင်လူငယ်ဥက္ကဌ နော်ဂရေ့စ်အယ်လွင်ဦးက ပြောသည်။

KNU နှင့် အစိုးရတပ် နှစ်ဖက်ပစ်ခတ်မှုကြောင့် ထပ်မံ ထိခိုက်သေဆုံး

July 2, 2014
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ( ၅) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အင်အား ၃၀ခန့်ရှိ မြန်မာအစိုးရတပ်တို့ ဇွန်လ ၂၆ရက်နေ့ မနက် ၆း၄၅နာရီအချိန်က ပစ်ခတ်မှုဖြစ်ပွားရာ ထိခိုက်သေဆုံးမှု ရှိခဲ့ ကြောင်း သိရသည်။

KNLA တပ်မဟာ( ၅) တပ်ရင်း (၁၀၂)၊ ခွဲ(၃)လှုပ်ရှားနယ်မြေရှိ တပ်ဖွဲ့ဝင်များနှင့် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အခြေစိုက် အစိုးရ ဘက်မှ တပ်မ ၄၄၊ ခမရ(၈)တပ်ဖွဲ့ဝင်များက ကေအဲန်ယူထိန်းချုပ်နယ်မြေ ပိုမာဟဲရွာအနီးတွင် ဆယ်မိနစ်ခန့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အစိုးရတပ်သားတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU ဖာပွန်ခရိုင်ရုံးက အတည်ပြု ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ နောက်ဆုံးခရီးအတွက် ခေါင်းဆောင်အချို့၏ အမှတ်တရဂုဏ်ပြုစကားများ

July 2, 2014

ခွန်ဥက္ကာ (ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်း နာယက)

ဗိုလ်ချုပ်ကြီးစောတာမလာဘောဟာ တော်လှန်ရေးအတွက် သူကိုယ်တိုင်ကော၊ သူ့မိသားစုကော ပေးပစ်ဖို့ ပုံအပ်ခဲ့တယ်။ တကယ့် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ Mr. Clean ပေါ့ဗျာ။ အဲဒီလို တော်လှန်ရေးသမားမျိုး ဖြစ်တယ်။ သူနဲ့ ပတ်သက်ပြီး ကျနော့် တစ်ဦးတည်းအနေနဲ့ပေါ့လေ။ မဟာမိတ်ထက်ကို ပိုပါတယ်။ သူနဲ့ ဆက်ဆံရေးက တခါတလေ သူက ဥက္ကဌ၊ ကျနော်က အတွင်းရေးမှူး။ တခါတလေ သူက အဖိုး၊ ကျနော်တို့ကတော့ မြေးပေါ့။ ပုံစံမျိုးစုံနဲ့ ကျနော်တို့မှာ ဆက်ဆံမှုရှိပါတယ်။ အထူးသ ဖြင့် အခု မနေ့တနေ့က နေပြီးတော့ ကျနော်တို့ ပြည်တွင်းကို သွားပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ စလုပ်တယ်။ အပစ်အခတ် ရပ်စဲရေးတွေ စလုပ်တယ်။ စလုပ်တယ်ဆိုတာနဲ့ သူ့ဆီက အကြံဉာဏ်တွေ၊ အဆုံးအမတွေ အမြဲတမ်းရတယ်။ လမ်းမမှားဖို့ ထောင်ချောက်ထဲ မကျဖို့၊ အရမ်းမလျှော့ဖို့၊ ပါးပါးနပ်နပ် လုပ်ဖို့ အမြဲတမ်း ဆုံးမတယ်။ ကျနော်တို့ နိုင်ငံရေးအရ မှားမယ်။ နိုင်ငံ ရေး ထောင်ချောက်ထဲကိုကျမှာက သူသိပ်ကြောက်တယ်။ ကြောက်တော့ ကျနော်တို့ ရှေ့တန်းသွားပြီးတော့ ဆွေးနွေးတယ်။ နောက်တန်းကနေပြီးတော့ အမြဲတမ်း ပံ့ပိုးပေးနေတယ်။ မျက်ခြေမပြတ် စောင့်ကြည့်နေတယ်။ အဲဒီအိပ်ရာထဲကတောင် စောင့် ကြည့်နေတယ်။ အချိန်ရတာနဲ့ ကျနော်တို့ကို ဖုန်းဆက်တယ်၊ သူ့အိမ်လာဖို့ ဖိတ်တယ်။ ဒါကြောင့် သူ့အိမ်ကို အချိန်ရတာနဲ့ သွား ကြတယ်။ သူ့ကို စတွေ့တာကတော့ ၁၉၇၅ခုနှစ်မှာပါ။ နောက်ဆုံးတွေ့တာကတော့ ၂၀၁၄ခုနှစ်၊ ဧပြီ ၁၄ရက် မှာ သူ့အိမ်မှာ သူနဲ့ နောက်ဆုံးတွေ့တယ်။ သူနဲ့ နှစ် ၄၀နီးပါး တွေ့ကြတယ်ဆိုတော့ သူက တော်လှန်ရေးနဲ့ ကျနော်တို့နဲ့ မျက်ခြေမပြတ်ဘူး။

ရခိုင် ဝန်ကြီးချုပ်သစ် အပြော နည်းနည်းလျော့ပါ

July 2, 2014

ဦးမောင်မောင်အုန်းဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် သစ် အဖြစ် ကျမ်း သစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ 

ကျမ်းကျိန်တာနဲ့တပြိုင်နက်တည်းမှာပဲ ချောက်ထဲရောက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ အဘက် ဘက်က နိမ့် ကျနေမှုကို ဆွဲတင်ပေးတော့မှာဖြစ်လို့ သူ့ကို ယုံကြည်ပေးကြပါ၊ ရခိုင်ပြည်သူတွေကလည်းပဲ ပါဝင် ပူးပေါင်း ပေးကြပါလို့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ 

မြန်မာ နိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ဒုတိယ အဆင်းရဲဆုံး အဆင့် ချိတ်ဆွဲထားတဲ့ ရခိုင်ပြည်နယ်ကို အဆင့် ၁၀ အထိ ရောက်အောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

မန္တလေး အဓိကရုဏ်း ရဲတဦး အပါအ၀င် ၆ ဦးဒဏ်ရာရ

July 2, 2014

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကိုနေ၀င်းနှင့် ကိုဆန်းမောင်တို့ ပိုင်ဆိုင်သော နေ ကဖေးနှင့် ဆန်းကဖေး ဆိုင် ၂ ဆိုင် ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ ပိတ်သိမ်းခိုင်းရာမှ လူမျိုးရေး ဘာသာရေး အသွင် ဆောင် သည့် ပဋိပက္ခ တခု ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင် ၂ ဦးသည် ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တဦးကို မုဒိမ်း ကျင့်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရဲစခန်းတွင် ပ၂၉၃/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ မုဒိမ်းမှု ဖြင့် အမှုဖွင့်ခံ ထားရသူများ ဖြစ်ကြောင်း သိရှိရသည်။

အစ္စလာမ်မစ် နိုင်ငံတော်သို့ မွတ်ဆလင်များ လာရောက်အခြေချကြရန် ISIS တိုက်တွန်း

July 02, 2014
ဆီးရီးယားနှင့် အီရတ် နိုင်ငံများမှ နယ်မြေအများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာထားသည့် ISIS အဖွဲ့၏ ခေါင်းဆောင်က ကမ္ဘာအနှံ့အပြားမှ မွတ်ဆလင်များ မိမိတို့ထံ ပြောင်းရွှေ့လာကြပါရန် တိုက်တွန်းဆော်ဩလိုက်သည်။

အဘူဘာကာ အယ်လ်ဘဂ္ဂဒက်ဒီသည် အစ္စလာမ် ဘာသာဝင် တရားသူကြီးများ၊ ဆရာဝန်များ၊ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို မိမိတို့၏ အစ္စလာမ်မစ် နိုင်ငံတော်က အထူးလိုအပ်နေကြောင်းလည်း ပြောကြားခဲ့သည်။ ISIS ခေါင်းဆောင်သည် အင်တာနက်တွင် ဒုတိယမြောက် အသံဖိုင်တစ်ခုကို လွှင့်တင်ပြီး မွတ်ဆလင်များကို စုစည်းနိုင်ရန် ဆွဲဆောင်လာခြင်း ဖြစ်သည်။ အစောပိုင်းက လွှင့်တင်သော အသံဖိုင်တွင်မူ ISIS က အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာချက် ပါရှိခဲ့သည်။

Tuesday, July 1, 2014

ကျ ပ်သိန်း ၇၀၀ တန် KNLA စစ်ဦးစီးချုပ်၏ကား ရန်ကုန်တွင်ဖမ်းဆီးခံရ

July 1, 2014

ရန်ကုန်မြို့ တွင် ဖမ်းဆီးခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ကျ ပ်သိန်း ၇၀၀ တန် ပါဂျဲရိုးကားကို ပြန်ယူမည်မဟုတ်ဟု KNU ဘက်ကပြောသည်။

မြ၀တီမြို့ ရှိ KNU ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးဇောရိုးက" အဖမ်းခံရတာဟုတ်ပါတယ် ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကပါ ကျနော်တို့ဘက်ကတော့ ဒီကားကိုပြန်ပေးရင်တောင် ပြန်ယူမှာမဟုတ်ဘူး"
ပြောသည်။

စစ်ဦးစီးချုပ်သည် နေပြည်တော်ရှိ နိုင်ငံတော်သမတကြီး ဦးသိန်းစိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချု ပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်သွားရောက်တွေ့ဆုံစဉ်ကလည်း အဆိုပါကားနှင့်သာ သွားရောက်ခဲ့သည်ဟု ဗိုလ်မှူးဇောရိုးက ဖြည့်စွက်ပြောကြားသည်။

ဖွဲ့စည်းပုံကြောင့် ငရဲပြည်ဖြစ်နေဟု ဝေဖန်


July 1, 2014

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့်ဖြစ်ပေါ်နေသည့် မမျှတမှုများ၊ ကန့်သတ်ခံထားရမှုများသည် မြန်မာနိုင်ငံကို ငရဲပြည်ကဲ့သို့ ဖြစ်နေစေသည် ဟု ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ဇွန်၃၀ရက်တွင် ဝေဖန်လိုက်သည်။

မကွေးတိုင်း၊ မင်းဘူးမြို့တွင် ကျင်းပ သည့်၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ “လူကို လူချင်း ကျွန်ပြုထားသလိုဖြစ်နေပါတယ်။ မပြင်ခဲ့ရင် မြန်မာပြည်လို့ မသတ်မှတ်ပါနဲ့၊ ငရဲပြည်လို့သာ သတ်မှတ်လိုက်ပါ”ဟု ဦးမင်းကိုနိုင်က ဆိုသည်။

ဖွဲ့စည်းပုံက တပ်မတော်ကို ပေးထားသော အထူးအခွင့်အရေးများ၊ ပြည်သူတို့၏ ရွေးချယ်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ရည်ညွှန်း၍ ၎င်းက ပြောခြင်း ဖြစ်သည်။

ထိုင်းရောက် အထောက်အထားမဲ့ လုပ်သားများကို နှစ်လ ယာယီအလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေး


July 1, 2014

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားများကို နှစ်လ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဇွန်လ ၃၀ ရက်နေ့မှ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ယင်းအစီအစဉ်ကို စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ခြင်းဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကို တစ်ခါတည်း ထုတ်ပေးပြီး ကုန်ကျစရိတ်အဖြစ် ထောရော ၃၈/၁ (ကိုယ်ရေးအကျဉ်း) ထုတ်ရန်အတွက် ဘတ် ၈၀၊ ကျန်းမာရေး စစ်ဆေးခ ဘတ် ၅၀၀၊ ကျန်းမာရေး အာမခံလက်မှတ် သုံးလစာ ၅၀၀ ဘတ်၊ အလုပ်လုပ်ခွင့် လက်မှတ် ၂၂၅ ဘတ် စုစုပေါင်း ၁၃၀၅ ကုန်ကျမည် ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ SSPP/SSAမှ (၃)ဦးသေဆုံး (၈)ဦး ဒဏ်ရာရ

July 1, 2014

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိပြီး SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖာဆောင်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်တပ်ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၅နာရီခွဲခန့်မှာ SSPP/SSA အဖွဲ့က စတင်၍ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အစိုးရစစ်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် သတ်မှတ်ရန် ပြည်နယ်လွှတ်တော် စီစဉ်

July 1, 2014

စစ်တောင်းမြို့မှ စတင်ပြီး ပေါင်မြို့နယ် မုတ္တမဒေသထိ ရှေးမြို့ဟောင်းများနှင့် ရှေးမြို့ရိုးဟောင်းများ တည်ရှိနေသည့် သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မွန်ပြည်နယ်လွှတ်တော်က ဆောင်ရွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။
သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်နိုင်ရန် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုမှု ရရှိပါက အမည်ပြောင်းလဲ သတ်မှတ်နိုင်ရန် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။