address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 3, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပထမဆုံးအကြိမ် တရားရုံးထုတ်

July 3, 2014

သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်တရား ရင်ဆိုင်ခဲ့ပြီး ရက်မန်တစ်ပတ် ရုံးချိန်းပေးခဲ့သည်။

တရားရုံးသို့ လာရောက်စဉ် ဦးဆန်းဆင့်အား မီဒီယာသမားများက မေးမြန်းချက်များအပေါ် “ဒါဟာ အလွန်ပဲ မတရားပြုလုပ်မှု တခုလို့ပဲ သုံးသပ်ပါတယ်၊ ဒါကြောင်မလို့ ဆရာတော်၊ သံဃာတော်တွေ မှန်တဲ့ဘက်က ရပ်တည်ပေးတာ၊ ကျွန်တော်ဟာ သာသနာ့ အကျိုးဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သံဃာ့အကျိုးဆောင်ရွက်တဲ့ သူသည် သာသနာရဲ့ အစောင့်အရှောက်ကို ယုံကြည်ပါတယ်၊ ဆရာတော်၊ သံဃာတော် အပေါင်းတို့ဟာ 
မှန်ကန်တဲ့ရပ်တည်ခဲ့တဲ့ ကျွန်တော့်ကိုဘက် ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ သမာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါ၊ ကျွန်တော်မတရားမလုပ်ပါဘူး၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ ကျွန်တော် သစ္စာဆိုရဲပါတယ်၊ ကျွန်တော် ငါးပြားတစ်စေ့ကအစ နိုင်ငံတော်အပေါ် အလွဲသုံးစားမလုပ်ပါဘူး၊ ကျွန်တော် ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ပါတယ်၊” ဟု အစောင့်များကြားမှ အလျင်အမြန် ဖြေကြားခဲ့သည်။


ဦးဆန်းဆင့်နှင့် သူ၏ ကိုယ်ရေးအရာရှိတို့ နှစ်ဦးကို နေပြည်တော်၊ ပုပ္ဗသီရိတရားရုံးတွင် ဇူလိုင်လ ၃ရက် နံနက် ၁၀နာရီ ၁၅မိနစ်ခန့်က ရုံးထုတ်ခဲ့သည်။


Mizzima - News in Burmese

No comments:

Post a Comment