address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 29, 2014

ဘန်ကောက်သွားမည့် တရားမ၀င် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ




29.7.2014

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် ကုန်တင်ကားတစီးထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်တပ်တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ မယ်ပကျေးရွာအုပ်စု ထဲမှာ ရှိတဲ့ မဲဆောက် – တာ့ခ်သွား ကားလမ်းပေါ်မှာ တာဝန်အရ ဖြတ်သန်း လာတဲ့ ယာဉ်တွေကို စစ်ဆေးရာကနေ ဆယ်ဘီးကားပေါ်မှာ ကုန်ပစ္စည်းလို တင်ဆောင်လာတဲ့ တရားမ၀င်အလုပ်သမားတွေကို ဖမ်းမိတာလို့ ထိုင်း အမှတ် ၄ ခြေလျင်တပ်ရင်း စစ်ကြောင်းမှူး ဗိုလ်မှူးကြီး အာဆာဟ် ဖွန်ဆုဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အစောပိုင်းက ဆယ်ဘီးကားနောက်ခန်းကို မိုးကာနဲ့ ပိတ်ပြီး ကြိုးနဲ့ ချည်နှောင်ထားကြောင်း၊ ကားသမားမှာ မသင်္ကာဖွယ် အပြုအမူမျိုး တွေ့ရတဲ့အတွက် မိုးကာကို ဖွင့်ကြည့်ရာမှာ အထောက်အထားမဲ့ အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးတို့ကို ဖမ်းမိတယ်လို့ တပ်မမှူးက ပြောပါတယ်။

ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားကို စစ်ဆေးချက်အရ သူတို့တွေကို မဲဆောက်ကနေ ဘန်ကောက်ကို ပို့ပေးဖို့ ဘတ် ၁၅၀၀၀ နဲ့ ခေါ်ခဲ့ကြောင်း၊ ဥပဒေချိုးဖောက်တဲ့ အလုပ်မှန်းသိပေမယ့် ငွေလိုတဲ့အတွက် လက်ခံလိုက်တာဖြစ်ကြောင်း ယာဉ်မောင်းဖြစ်သူ နိုင်းဘွန်းဆီက ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အလုပ်သမားတွေကို မေးမြန်းရာမှာတော့ သူတို့ဟာ ဘန်ကောက်ကို သွားဖို့အတွက် ပွဲစားကို ၁ ဦး ဘတ် ၁၅၀၀၀ စီ ပေးခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။

သူတို့ကို တရားဥပဒေအရ ဆက်လက်အရေးယူဖို့ မဲဆောက်မြို့နယ် လ၀ကရဲစခန်းကို ဆက်လက် ပို့ဆောင်ထားတယ်လို့ စစ်ကြောင်းမှူးက ထိုင်းသတင်းထောက်တွေကို ပြော သွားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း ဘန်ကောက်ကို သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းစစ်သားတွေက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ဖမ်းဆီးလိုက်ပါတယ်။

DVB

No comments:

Post a Comment