address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 29, 2014

ရှမ်းပြည်နယ်တွင် အပစ်အခတ်အမြန်ရပ်စဲရေးအတွက် ပြည်သူ့ဆန္ဒလက်မှတ်များကောက်ယူ





29.7.2014

အပစ်အခတ် အမြန်ရပ်စဲ ရေးအတွက် ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလူထု၏ သဘောထားဆန္ဒနှင့် လက်မှတ် များကောက်ယူလျက်ရှိကာဒေသ တွင်းလက်နက်ကိုင်အဖွဲ့အစည်း များနှင့် မြန်မာ့တပ်မတော်ထံ တင်ပြတောင်းဆိုမည်ဟုတအာင်း ကျောင်းသား လူငယ်များအဖွဲ့( TSYO ) ထံမှ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် မိုးမိတ်မြို့နယ် ခြောက်မြို့နယ်တွင် ၂၀၁၄ ဧပြီ လမှ စတင်၍ သဘောထား လက်မှတ်များ ကောက်ခံခဲ့ရာ လက်ရှိတွင် လက်မှတ်ပေါင်း သုံးထောင်နီးပါးရပြီဖြစ်ကြောင်း သိရသည်။

“အောက်က လူထုတွေ ဘယ်လောက်ခံစားနေရတယ်ဆို တာတကယ်အမိန့်ပေးတဲ့အထက် ကလူတွေမသိနိုင်ဘူး။ အဲဒါ ကြောင့် အထက်ကလူတွေတိုက် ရိုက်သိနိုင်အောင်ကျွန်တော် တို့ကလူထုအသံကိုလိုက်ကောက် ပြီး သူတို့ရဲ့ လက်မှတ်နဲ့တကွ စာပို့တာမျိုး လုပ်မှာပါ” ဟု တအာင်းကျောင်းသားနှင့်လူငယ် များ အဖွဲ့အတွင်းရေးမှူးမိုင်းမျိုး အောင်ကဆိုသည်။

လက်မှတ်ကောက်ယူမည့် မြို့နယ်ခြောက်မြို့နယ်တွင်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA ) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မ တော် ( SSPP/SSA ) ၊ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA ) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီရှမ်းပြည် တပ်မတော် ( RCSSSSA) စသည့် တိုင်းရင်းသားလက်နက်ကိုင် ( ၄) ဖွဲ့အပြင်၊ မြန်မာ့တပ်မတော်၊ ပန်ဆေးပြည်သူ့စစ်အဖွဲ့၊ မန်တုံ ဌာနေပြည်သူ့စစ်အဖွဲ့နှင့်အခြား ပြည်သူ့စစ်အဖွဲ့များလည်းရှိ သည်။

လက်မှတ်ကောက်ယူသည့် လှုပ်ရှားမှုကိုတအာင်းကျောင်း သားလူငယ်များအဖွဲ့မှ ဦးဆောင် ကာနယ်ခံလူငယ်များနှင့် ချိတ် ဆက်၍၂၀၁၄ သြဂုတ်တွင် အပြီး ကောက်ခံမည်ဟု သိရသည်။

လက်မှတ်ကောက်ခံချိန်တွင် ပြည်သူလူထု၏သဘောထားကို စုဆောင်းကာ သဘောထား စာ စောင်အတိုင်းဆောင်ရွက်ပေးရန် မေတ်္တာရပ်ခံစာ ပူးတွဲပို့မည်ဟု မိုင်းမျိုးအောင်ကဆိုသည်။

လက်မှတ်ကောက်ယူမည့် မြို့နယ်များမှာ တအောင်းတိုင်း ရင်းသားအများစုနေထိုင်ရာဒေသ များဖြစ်ကာ ကျောက်မဲ၊ မိုးမိတ် နှင့် မန်တုံမြို့နယ်များတွင် လက် မှတ်ကောက်ခံရန်ကျန်ရှိ သေး ကြောင်းသိရသည်။

မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်အကြား ၂၀၁၃ နှစ်တွင် တိုက်ပွဲပေါင်း (၁၀၀) ကျော်ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်ဇန်န၀ါရီ မှ ဇူလိုင်အထိ တိုက်ပွဲပေါင်း (၁၀၇)ကြိမ် ရှိပြီ ဖြစ်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှထုတ်ပြန်ထား သည်။ 

Hot News Journal

No comments:

Post a Comment