address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, April 28, 2014

မြ၀တီ ချစ်ကြည်ရေးတံတားတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ အခက်ကြုံ


 

28.4.2014

မြန်မာနှစ်သစ်ကူးပွဲတော် အပြီးနောက် မြ၀တီ-မဲဆောက်လမ်းမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများ များပြားနေချိန်တွင် မြ၀တီချစ်ကြည်ရေး တံတားပေါ်၌ လိုင်စင်မဲ့ကားများ စည်းကမ်းမဲ့စွာ ခရီးသည်ကြိုပို့ (ခေါက်တို) သွားလာနေခြင်းကြောင့် တံတားတစ်စင်းလုံး မော်တော်ယာဉ်များပြည့်သိပ်ကာ ယာဉ်သွားလာရ ခက်ခဲလျက်ရှိပြီး နယ်စပ်ကုန်စည် ပို့ဆောင်သည့် မော်တော်ယာဉ်များ အခက်ကြုံကာ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာနိုင်ငံသား ၇၁ ဦး ဖမ်းဆီးခံရ




28.4.2014

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၁ ဦးကို ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်




28.4.2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လူကုန်ကူးခံရသူ ၅ဝ ကိုကော့သောင်း၌ ယာယီစောင့်ရှောက်ထား


28.4.2014

လူကုန်ကူးခံရသူ ၅ဝအား တစ် ပြိုင်နက် ယာယီစောင့်ရှောက်ထား နိုင်သောဂေဟာတစ်ခုကို ကော့ သောင်းမြို့၌ ယခုလ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့မှ အတည်ပြုသည်။

ပစ္စတိုတစ်လက်နှင့် မူးယစ်ဆေးပြားများသယ်လာသူ ဒဂုံဧရာအဝေးပြေးတွင်ဖမ်းမိ


28.4.2014

ပစ္စတိုသေနတ်တစ်လက်နှင့်အတူ စိတ်ကြွမူးယစ်ဆေးပြားများ သယ်လာသည့် ခရီးသည်တစ်ဦးကို လှိုင်သာယာ
ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်းတွင် ကြိုတင်သတင်းအရ ဧပြီ ၂၇ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိလိုက်သည်။

ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှုန်း ဆက်တိုက် မြှင့်တက်




28.4.2014

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရရှိမှုနှုန်းမှာ တနှစ်ထက် တနှစ် ဆက်တိုက် မြှင့်တက်လာနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းများအရ သိရှိရသည်။

Sunday, April 27, 2014

ဂျပန်ဖောင်ဒေးရှင်းက မသန်စွမ်းသူတွေအတွက် အကူအညီပေးမည်




27.4.2014

မသန်စွမ်းသူတွေ လူမှုအသိုက်အဝန်းမှာ ဝင်ဆံ့နိုင်ဖို့အတွက်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နိုင်ဖို့အတွက် ပညာပေးအစီအစဉ်တွေပါ သင်ကြားပေးမယ့် စီးပွားရေးလုပ်ငန်း ပျိုးထောင်ရေးဗဟိုဌာန တည်ထောင်ရေးအတွက် နိုင်ငံတကာ အန်ဂျီအို အဖွဲ့ဖြစ်တဲ့ ဂျပန်နီပွန် ဖောင်ဒေးရှင်းက ကူညီပေးသွားမှာဖြစ်ပါတယ်။

နှစ် ၅၀ အတွင်း အမြင့်ဆုံးအပူချိန် စစ်ကိုင်းတွင် စံချိန်ချိုး


27.4.2014

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် နေ့အပူချိန် ဆက်လက်မြင့်တက်နေကာ ဧပြီ ၂၃ ရက်က နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည့်အပူချိန်ကို နှစ်ရက်အကြာတွင် ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

ဖုန်းခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာဆို


27.4.2014

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများ ပြည်တွင်းတွင် စတင် လုပ်ကိုင်နေပြီ ဖြစ်သည့် တယ်လီနောမြန်မာက ၎င်းတို့ အသုံးပြုမည့် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမှု အချက်အလက်စင်တာ (Core Network Data Center) များသည် ဖုန်းအဝင်အထွက် ခေါ်ဆိုမှု အရေအတွက် အကန့်အသတ်မရှိ သုံးစွဲနိုင်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယူကရိန်းအရှေ့ဘက်ရှိ စစ်ဆင်ရေးစခန်းတွေကို ရုရှခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားဆဲ




27.4.2014

ရုရှအစိုးရလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ဘက်က စလာဗီယန့်စ်မြို့ အဓိက စစ်ဆေးရေးစခန်းတွေကို ဧပြီလ ၂၆ ရက်နေ့အထိ ထိန်းချုပ်ထားဆဲပါ။

အပစ်ရပ် ဆွေးနွေးမှု NCCT အဆုံးအဖြတ်အတိုင်း ဆက်လုပ်မည်ဟု ကေအိုင်အိုပြော


27.4.2014

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြန်လည် သုံးသပ်မည်ဟု ပြောဆိုထားသော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက အပစ်ရပ် ဆွေးနွေးမှုများကို NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ၏ အဆုံးအဖြတ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

Thursday, April 24, 2014

ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှု တစ်နှစ်ပြည့်သည့်တိုင် ဖော်ထုတ်ပေးနိုင်ခြင်း မရှိ၍ မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


24.4.2014

၂၀၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပြည်မြို့၊ န၀ဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ချစ်သူစုံတွဲကို လုယက်သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့်သည့်တိုင်အောင် အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့်အတွက် သေဆုံးသူ ကိုဇော်မင်းဦး၏ မိသားစုများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုထံက သိရသည်။

ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်



24.4.2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အသက်-၈၅ နှစ် ဟာ ဧပြီ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲက ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ပင်မဓါတ်အားလိုင်းကြိုး သွယ်တန်းမှုကြောင့် ဒေသခံများ လျှပ်စစ်အန္တရာယ် စိုးရိမ်နေ




24.4.2014

ဖားအံမြို့နယ် ဖားကပ်ကျေးရွာအုပ်စု ရေတွင်းကုန်း ရွာနှင့် နတ်ကုန်းရွာများကို ဖြတ်သန်းသွယ်တန်းထားသည့် ပင်မလျှပ်စစ် ဓာတ်အားလိုင်းကြိုးမှာ အလွန်နိမ့်ကျလျှက်ရှိသဖြင့် လျှပ်စစ်အန္တရာယ်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက် မမှန်ကြောင်း ဦးရဲထွဋ်ရှင်း


24.4.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရာတွင် အစိုးရက ဖက်ဒရယ်ကို လက်မခံသည့် အချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း KIA/KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်မှာ မှားယွင်းကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဖာချယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို RCSS/SSA က ဖမ်းဆီးခြင်း မဟုတ်ကြောင်း တရားဝင်ငြင်း


24.4.2014

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကို ဧပြီလ ၁၉ ရက် ည ၈ နာရီခွဲခန့်က အမည်မသိ လက်နက်ကိုင် လူအင်အား ငါးယောက်က နေအိမ်တွင် လာရောက် ခေါ်ဆောင်သွားမှုတွင် RCSS/SSA အနေနှင့် လုံးဝပတ်သက်ခြင်း မရှိသည်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဗိုလ်မှူးချုပ်စိုင်းလူးက ရှမ်းပြည်နယ်အစိုးရထံ တရားဝင်စာပို့ ငြင်းဆိုလိုက်ကြောင်း RCSS/SSA မိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစိုင်းလွန့်ဆန်က ပြောကြားသည်။

ရဲဘော်သုံးကျိပ်ဝင် အချို့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူမြေနေရာကို အဆင့်မြှင့်


24.4.2014

ရဲဘော်သုံးကျိပ်ဝင် အချို့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူများ တည်ရှိရာ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်ရှိ မြေလေးဧက နေရာတွင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

Wednesday, April 23, 2014

ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်




23.4.2014

အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင်ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ




23.4.2014

ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင်ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားအယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့
နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

ကေအဲန်ယူနှင့် ဒီကေဘီအေ ပူးပေါင်း၍ အထက်တန်းကျောင်း တည်ဆောက်




23.4.2014

ကလေးများ၏ ပညာရည်မြင့်မားရေးကို ရည်ရွယ်၍ ကရင်ပြည်နယ်အတွင်းရှိ မြ၀တီမြို့နယ် သေဘောဘိုးကျေးရွာတွင် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)တို့ ပူးပေါင်းကာ အထက်တန်း ကျောင်းတစ်ကျောင်း တည်ဆောက်လျှက်ရှိသည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား ရေဝေးသုသာန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြီး ဂူသွင်းသဂြုင်္ိဟ်မည်



23.4.2014

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

ဧပြီ ၂၃ ရက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်စီစဉ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီမှ ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

မှော်လုပ်သား ကချင်/ရှမ်း/လီဆူ တိုင်းရင်းသားများအား KIA မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်


23.4.2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်တွင် လုပ်သားအဖြစ် လုပ်ကိုင်နေကြသော ဒေသခံ ကချင်၊ ရှမ်း၊ လီဆူ တိုင်းရင်းသား များအား KIA အဖွဲ့မှ ဧပြီ ၂၁ ရက်နေ့တွင် လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်း ဒေသခံအချို့ထံမှ သိရသည်။

နိုင်ငံအနှံ့မှ တိုင်းရင်းသားလူငယ်များ ထားဝယ်တွင် တွေ့ဆုံမည်




23.4.2014

မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုအကျိုးပြု တိုင်းရင်းသား လူငယ်များ တွေ့ဆုံပွဲကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထာ ကျေးရွာတွင် ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့ (DYF) မှ ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ပြောကြားသည်။

စင်ကာပူ-မြန်မာ အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုစတင်


23.4.2014

မြန်မာနိုင်ငံသားများ နေထိုင်မှု များပြားသည့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အင်တာနက်မှတစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှုကို ဧပြီလဆန်းမှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ စုံစမ်းသိရှိရသည်။

ဘုရားသုံးဆူ-သံဖြူ ဇရပ် ကားလမ်းတွင် ကားတိမ်းမှောက်၍ ၁ဦးသေ၊ ၉ဦး ဒဏ်ရာရ


23.4.2014

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဘုရားသုံးဆူ-သံဖြူ ဇရပ် ကားလမ်းတနေရာ၌ ယနေ့နံနက် ၁၀နာရီအချိန်တွင် ခရီးသည်တင် ကားတစ်စီးတိမ်းမှောက်သွားခဲ့ရာ လူ ၁ဦး သေဆုံးသွားပြီး ၉ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

Tuesday, April 22, 2014

တောင်ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများကို ခရီးသည်များ၏ ဆွေမျိုးများ ဆန္ဒပြ




22.4.2014

အထက်တန်းကျောင်းသား အများစု ပါဝင်သွားပြီး ဗုဒ္ဓဟူးနေ့တွင် နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol ကယ်တင်ရေး လုပ်ငန်းများအပေါ် ခရီးသည်များ၏ ဆွေမျိုးများက ဒေါသတကြီး ဆန္ဒပြနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အငြင်းပွား ကျွန်းစုများအနီး စစ်စခန်းတည်ဆောက်ရေး ဂျပန်လုပ်ဆောင်




22.4.2014

တရုတ်နှင့် ဂျပန် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ဆန်ကာကူ ကျွန်းစုများအနီးတွင် ဂျပန်နိုင်ငံက စစ်ဘက် ရေဒါစခန်းတစ်ခု စတင်တည်ဆောက်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်

တပ်နှင့်ကေအိုင်အေ တိုက်ပွဲရက်ဆက် ဖြစ်ပြီးနောက် လဂျောင် ကျေးရွာနေသူများ ရွာလုံးကျွတ် ပြောင်းရွှေ့




22.4.2014

ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ တပ်မတော်နှင့် ကေအိုင်အေ တပ်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ ၂၀ ရက် နေ့မှ စတင်ကာ မန်စီမြို့နှင့် ၁၀ မိုင်ကျော်ခန့် ဝေးသော မြို့ပေါ် စစ်ရှောင်စခန်းများဆီသို့ လဂျောင်ကျေးရွာနေ ဒေသခံများ ပြောင်းရွှေ့လျက် ရှိကြောင်း ဗန်မော်မြို့ ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေး ရုံးမှ အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနော်ဒင့်က ပြောကြားသည်။

မြဝတီမြို့နယ်တွင် အလှူမှကြွေးသော သင်္ကြန်ထမင်းစားပြီး လူ ၁၆၅ ဦး အစာအဆိပ်သင့်




22.4.2014

မြဝတီမြို့နယ် ပေါလော ကျေးရွာဘုန်းကြီးကျောင်းအလှူတွင် ဧပြီ ၁၉ ရက်က ဒေသအခေါ် သင်္ကြန်ထမင်းစားမိရာမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၆၅ ဦး အစာအဆိပ်သင့်ခဲ့ပြီး အများစုမှာ သက်သာလာသော်လည်း ၆၇ဦးမှာ ဆေးကုသနေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး




22.4.2014

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သေနတ်သံ တိတ်ပြီးနောက် တိုးတက်လာသော မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး



22.4.2014

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ကရင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ အကြား ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ထွန်းမှုကြောင့် သေနတ်သံ တိတ်ဆိတ်သွားခဲ့ရာ နောက်ဆက်တွဲ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကြား နယ်စပ် ကုန်သွယ်ရေး တဖြည်းဖြည်း တိုးတက်လာသည်။

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရာတွင် UWSA နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်ရန် KNU သွားရောက်စည်းရုံးမည်




22.4.2014

‘၀’ပြည်သွေးစည်းလုံးညီ ညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလားအထူးဒေသ (၄) အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးတွင် ပါဝင်ရန် ကရင်အမျိုးသား အစည်းအရုံးက ယခုရက်ပိုင်းအတွင်း သွား ရောက်ဆွေးနွေးမည်ဟု ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီသို့ အ ကြောင်းကြားလာကြောင်း သတင်းရရှိသည်။

Friday, April 11, 2014

သင်္ကြန်မတိုင်မီ လေးရက်ကပင် နယ်စပ်ကုန်သွယ်မှုများ ရပ်နား


11.4.2014

မြ၀တီ၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ၏ ကုန်စည်ပို့ဆောင်ရေး ယာဉ်များကို သင်္ကြန်မတိုင်မီ ၄ ရက်အလိုက စတင် ရပ်နားလိုက်ပြီးဖြစ်သည်ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဦးလှဦးက မဇ္ဈိမသို့ ပြောသည်။

ကေအဲန်ယူ တောင်ငူခရိုင်တွင် နှစ်ဘက်ရောနှောအုပ်ချုပ်သည့်ရွာများသာ သန်းခေါင်စာရင်း အပြည့်အ၀ ကောက်နိုင်ခဲ့





11.4.2014

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်တွင် အစိုးရနှင့် ကေအဲန်ယူတို့ နှစ်ဖက် ရောနှောအုပ်ချုပ်သည့် နယ်မြေတွင်သာ သန်းခေါင်စာရင်း အပြည့် အ၀ ကောက်ယူနိုင်ခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။

နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ




11.4.2014

နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ် မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ယူကရိန်း နယ်စပ်အနီး ရုရှားစစ်အင်အားဖြန့်ကျက်




11.4.2014

ရုရှားတပ်သား လေးသောင်းလောက်ဟာ ယူကရိန်း နယ်စပ်နားမှာ ရှိနေပြီး သူတို့ဟာ သံချပ်ကာ ကားတွေ၊ လေယာဉ်တွေ၊ တခြားစစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှား အစိုးရရဲ့ အမိန့်ကို စောင့်ဆိုင်းနေတဲ့ပုံ နေတိုး မဟာမိတ် တပ်ဖွဲ့ ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြနေကြောင်း နေတိုးတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

သိမ်းယူခံထားရသည့် မြေကို ပြန်လည်လုပ်ကိုင်သူ မူလမြေပိုင်ရှင် တရားစွဲခံရ


11.4.2014

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ နယ်၊ ရွာကြီးကျေးရွာအုပ်စု၊ ကွင်းကျောင်းရွာတွင် သက်ဆိုင်ရာအာဏာပိုင်က ကိုကိုးပင် စိုက်ခင်း စီမံကိန်းအတွက် သိမ်းယူထားသည့် မြေယာများကို လက်ရှိ လုပ်ငန်းလုပ်ဆောင်ခြင်း မရှိသဖြင့် မူလမြေပိုင်ရှင်များက ပြန်လည်လုပ်ကိုင်ရာတွင် တရားစွဲဆိုခြင်းခံရကြောင်း မူလမြေပိုင်ရှင် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံတွေ့ဆုံပွဲကို ဧပြီလတွင် ထပ်မံ ပြုလုပ်မည်




11.4.2014

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်ဟု ဖလုံဆဝေါ် ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

Thursday, April 10, 2014

ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ကားမတော်တဆ ထိခိုက်ဖြစ်မှုကြောင့် မြန်မာ ၁ ဦး သေဆုံး




10.4.2014

ထိုင်းနိုင်ငံအလယ်ပိုင်း နခွမ်းဆ၀မ်ခရိုင် ဖဟွန်ယိုးထင်းလမ်းမပေါ်မှာ မြန်မာ ၇ ဦး လိုက်ပါ စီးနင်းလာတဲ့ မှန်လုံကားတစီး မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်




10.4.2014

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတဲ့ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်တွင်း တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ကို အသိသက်သေအဖြစ် ဖိတ်ကြားဖို့ တိုင်းရင်းသား အဖွဲ့တွေအားလုံးက ဒီကနေ့ သဘောတူညီလိုက် ကြ ပါတယ်။

သင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် ယာဉ်တန်းအဆင်း နေ့တိုင်း နေရပ်ပြန်လာသူ ၃၀၀၀ အထက်ရှိ



10.4.2014

နှစ်သစ်ကူးသင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် နေရပ်ရင်း မြန်မာနိုင်ငံသို့ ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာသူ မြန်မာအလုပ်သမား ၃၀၀၀ အထက်တွင်ရှိကြောင်း သောင်ရင်းမြစ်ကမ်းစပ်နေသူများထံမှ သိရသည်။

ရှမ်းနီလူမျိုး ၂၈ ဦး ကေအိုင်အေ တပ်မတော်တွင် စစ်သားအဖြစ် စုဆောင်းခံထားရ


10.4.2014

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အတွင်း ရှမ်းရေးရာအဖွဲ့၏ ကောက်ယူရရှိထားသော စာရင်းများအရ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသား ၂၈ဦးကို စစ်သားအဖြစ် စုဆောင်းခဲ့သည်ဟု ရှမ်းရေးရာအဖွဲ့မှ အဖွဲ့ဝင် ဦးစိုင်းထွန်း ယဉ်က မဇ္ဈိမကို ဧပြီ ၉ရက်က ပြောသည်။

အမြန်လမ်းပေါ်တွင်အခက်အခဲကြုံပါက အချိန်မရွေးဖုန်းဆက် အကူအညီတောင်းနိုင်


10.4.2014

အမြန်လမ်းပေါ် အခက်အခဲ တစ်စုံတစ်ရာကြုံလာပါက အမြန် လမ်း ရဲတပ်ဖွဲ့သို့အချိန်မရွေး ဖုန်း ဖြင့်ဆက်သွယ်အကူအညီတောင်း ခံနိုင်ကြောင်းအမြန်လမ်းရဲတပ်ဖွဲ့မှူး ရုံးမှရဲမှူးကြီးနေဝင်းကပြောသည်

သမီးကလေးရွာသားတွေအတွက် ဒေါက်တာစင်သီယာမောင် ဆေးခန်းဖွင့်လှစ် ကူညီ




10.4.2014

သမီးကလေးကျေးရွာကနေ အဓမ္မရွှေ့ပြောင်းခံခဲ့ရတဲ့ ရွာသားတွေအတွက် နယ်စပ်နေ ပြည်သူတွေကို ကူညီပေးနေတဲ့ ဒေါက်တာစင်သီယာမောင်က ယာယီဆေးခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။

အထက်မြန်မာပြည် ကရင်လူထုတွေနဲ့ ကေအန်ယူ တွေ့ဆုံ




10.4.2014

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)က လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဧပြီ ၁၀ ရက် ဒီနေ့မှာ အထက်မြန်မာပြည် ကရင်လူထုတွေနဲ့ မန္တလေးမှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

အိုဘားမား၏ ဒုတိယမြောက် မြန်မာခရီးစဉ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်




10.4.2014

လာမည့်နိုဝင်ဘာလတွင် အမေရိကန်သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်ကာ အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်ပြီးအစိုးရထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံမှ သိရှိရသည်။

ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း




10.4.2014

အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေ ထပ်ပြီး ကြားနေရတာမို့ လေယာဉ်ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့ ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

Wednesday, April 9, 2014

ကျောက်တန်းမြို့နယ်သား ၅ဝဝ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒပြ




9.4.2014

ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တန်းမြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၄၆ ရွာက ကျေးရွာသား ၅ဝဝ ကျော်လောက်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပေးဖို့ အတွက် ကျောက်တန်းမြို့မှာ ဒီနေ့ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနယ်ခြားစောင့် စစ်တပ်နှင့် မူးယစ်ကုန်သည်တွေ ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး




9.4.2014

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်မှာ ဧပြီလ ၆ ရက် ညနေက ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မူးယစ်ဆေးကုန်သည်တွေ ပစ်ခတ်ကြလို့ ၂ ဦး သေဆုံးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ယူကရိန်းဆွေးနွေးပွဲမှာ အရှေ့တောင်ပိုင်းအရေးပါဝင်ဖို့ ရုရှားလိုလား




9.4.2014

ယူကရိန်းနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးတဲ့ထဲမှာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတွေအရေး ထည့်သွင်းဆွေးနွေးသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။ အဓိက ရုရှားဘာသာစကားပြောကြတဲ့ အဲဒီဒေသတွေအနေနဲ့ ဘက်ပေါင်းစုံဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရတာ မြင်ချင်တယ်လို့ မစ္စတာ Lavrov က မော်စကိုမြို့တော်မှာ ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောသွားပါတယ်။

NCCT နှင့် UPWC တို့ (၄)ရက်ကြာ ဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့




9.4.2014

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့” (NCCT) နှင့် ပြည်ထောင် စုငြိမ်းချမ်း ရေး ဖော်ဆောင်ေ ရး လုပ်ငန်း ကော်မတီ (UPWC) တို့သည် တနိုင်ငံလုံး အပစ်အ ခတ် ရပ် စဲရေး စာချုပ် မူကြမ်း တခု ရရှိရန် (၄)ရက်ကြာ ဆွေးနွေးပြီး အောင်မြင်မှု ရခဲ့သည်ဟု ယနေ့ထုတ်ပြန် လိုက်ပါ သည်။

တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါက တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်မံခေါ်ယူ သွားမည်




9.4.2014

တပ်မတော်အပါအ၀င် အစိုးရနှင့် တိုင်းရင်းသားများပူးပေါင်းရေးဆွဲသောတစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါကတိုင်းရင်းသားထိပ်သီးညီလာခံထပ်မံခေါ်ယူ သွားမည်ဖြစ်ကြောင်း NCCT မှ တာဝန်ရှိသူ ဆလိုင်းလျန်မုန်းဆာခေါင်းကပြောသည်။

တနိုင်းမြို့တွင် သန်းခေါင်းစာရင်း ကောက်ယူခွင့် အစိုးရ တောင်းခြင်းကို KIA ငြင်းပယ်


9.4.2014

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ထိန်းချူပ်နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီလ ၈ရက်က အစိုးရဘက် မှ တောင်းဆိုခဲ့ရာတွင် KIAက ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ




9.4.2014

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

နေရပ်ပြန်မြန်မာတွေ နယ်စပ်မျ ဉ်းပေါ်မှာ သတိမရှိရင်ခံရမယ်




9.4.2014

ဒီရက်ပိုင်းအတွင်းမှာ မဲဆောက်မြ၀တီလမ်းကြောကနေ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ထိုင်းဘက်ကိုပြန်ထွက်ကြမဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေအတွက်က သောင်းဂဏန်းနဲ့ချီပြီးရှိနေပါတယ်။

UWSA နဲ့ SSA တောင်းပိုင်း တပ်ဖွဲ့ သံလွင် အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်




9.4.2014

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ်ထဲမှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် UWSA ဘက်က တဦးကျဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့ သတင်း ရရှိပါတယ်။

Tuesday, April 8, 2014

ညောင်လေးပင် ကရင်စာသင် ကျောင်းဆရာမများ အစိုးရတရားဝင်ချီးမြှင့်ငွေ ရရှိ


8.4.2014

ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်အတွင်း ညောင်လေးပင်မြို့နယ်တွင် စကောကရင်စာပေ သင်ကြားပေးခဲ့ သည့် ဆရာမများကို အစိုးရက တရားဝင်သတ်မှတ်ထားသည့် ချီးမြှင့်ငွေများ စတင်ရရှိပြီးဖြစ်ကြောင်း ညောင်လေးပင်မြို့နယ်၊ ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။

တောင်ကလေးဆရာတော်မှ ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပရန် ကော်မတီဖွဲ့




8.4.2014

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ တောင်ကလေး ဆရာတော် အရှင်ပညာသာမိမှ ၂၀၁၂-၁၃ ခုနှစ် ပညာသင်နှစ် အတွက် ဆယ်တန်းဂုဏ်ထူး ၁ ဘာသာမှ ၆ဘာသာအထိ ဖြေဆိုအောင်မြင်သည့် ကျောင်းသားကျောင်းသူ များအား ပညာဒါနဆုချီးမြှင့်ကျင်းပရန် ပွဲကျင်းပရေးကော်မတီအဖွဲ့တစ်ဖွဲ့ကို ဧပြီ ၆ရက်နေ့က ဖွဲ့စည်းလိုက်သည်။

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ကျောက်တံခါးမြို့နယ် တရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်


8.4.2014

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်က မူးယစ်ဆေး ၀ါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

အပစ်ရပ်စဲရေး ပထမမူကြမ်း အားရဖွယ်ရှိ




8.4.2014

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရေးဆွေးနွေးပွဲရဲ့ တတိယနေ့မှာ စာချုပ်ပါအခန်း အတော်များများကို ဆွေးနွေးပြီးစီးသွားပြီး မနက်ဖြန် နေ့ခင်းလောက် မှာတော့ ပထမမူကြမ်းကို အပြီးရေးဆွဲနိုင်မှာဖြစ်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ထိ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအပေါ်မှာတော့ နှစ်ဖက် အားရကျေနပ်မှု ရှိကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင် က ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနှင့် NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း(၅)အထိ ဆွေးနွေးပြီးဖြစ်




8.4.2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း (၅) အထိ ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့ ပဋိပက္ခ ပါဝင်ပတ်သက်သူ ၁၉ ဦး ဖမ်းဆီး




8.4.2014

လှည်းကူးမြို့၊ မြို့မဈေးမှာ ဧပြီ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ ၁၉ ဦးကို ဖမ်းဆီးထားပြီး အဲဒီနေ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဗီဒီယိုမှတ်တမ်းကို ပြန်လည်ကြည်ရှုပြီး ဆက်လက်ဖမ်းဆီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။