address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, April 6, 2014

ယနေ့တွင်မြန်မာအလုပ်သမား ၂ သောင်း မြ၀တီမှတဆင့်နေရပ်ပြန်.




6.4.2014

ဒီနေ့တရက်ထဲမှာဘဲ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၂ သောင်းနီးပါး မြ၀တီကနေတဆင့် သင်္ကြန်ကာလမှာ နေရပ်ပြန်ကြတဲ့အတွက် မြ၀တီမှာခရီးသည်တင်ကားတွေ မလောက်အငှဖြစ်ပြီး ကားခလည်းအဆမတန်ထိုးတက်သွားပါတယ်။

ဒီနေ့ပြန်လာတဲ့လူတွေဟာ မွန်းလွဲ ၃ နာရီကျော်တာတောင် မြ၀တီမြို့ထဲကို ၀င်လာမစဲ တသဲသဲရှိနေပြီး မြ၀တီ-ဘားအံ ယာဉ်စီးခက ကျပ်တသောင်းကနေ တသောင်းခွဲဖြစ်သွားပါတယ်။

ဒီနေ့ပြန်လာတဲ့ လူဦးရေကတော့ ဒီရက်ကိုင်းအတွင်းမှာ စံချိန်တင်အရေအတွက်ဖြစ်တယ်လို့ ထိုင်းနဲ့မြန်မာအာဏာပိုင်တွေကပြောပါတယ်။

အလုပ်သမားတွေပြောတာကတော့ သင်္ကြန်ကာလ အလုပ်ပိတ်ရက်မှာပြန်လာကြတာဖြစ်ပြီး သန်းခေါင်စာရင်းကောက်တာနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောဆိုကြပါတယ် တချို့ဆိုရင် သန်းခေါင်စာရင်းကိစ္စကို သိတောင်မသိကြပါဘူး။

မြန်မာတွေဒီလောက် ပြန်လာကြတဲ့အတွက် ထိုင်းနဲ့မြန်မာဖက်မှာ ရိုးရိုးသားသားနဲ့လုပ်ကိုင်နေကြတဲ့လူတွေနဲ့မရိုးမသားလုပ်ကိုင်နေကြတဲ့လူတွေအတွက်တော့ အဆမတန်အိပ်ဖောင်းတဲ့ အခြေအနေတွေ ဆိုက်ခဲ့ကြပါတယ်။

အိမ်အပြန်ခရီးမှာ ဘယ်လိုအခက်အခဲတွေဘဲရှိရှိ မြန်မာဖက်ကိုပြန်ရောက်လာကြတဲ့ မြန်မာအလုပ်သမားတွေကိုတော့ အပြုံးပန်းတွေကိုယ်စီနဲ့ တွေ့နေရပါတယ်။

ထိုင်းကနေ နေရပ်ပြန်လာကြတဲ့ မြန်မာတွေအားလုံး ဘေးအန္တရာယ်အသွယ်သွယ်
ကင်းဝေးနိုင်ကြပါစေ။

မန်းမျိုးမြင့်(မီဒီယာ)

No comments:

Post a Comment