address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, April 10, 2014

အမြန်လမ်းပေါ်တွင်အခက်အခဲကြုံပါက အချိန်မရွေးဖုန်းဆက် အကူအညီတောင်းနိုင်


10.4.2014

အမြန်လမ်းပေါ် အခက်အခဲ တစ်စုံတစ်ရာကြုံလာပါက အမြန် လမ်း ရဲတပ်ဖွဲ့သို့အချိန်မရွေး ဖုန်း ဖြင့်ဆက်သွယ်အကူအညီတောင်း ခံနိုင်ကြောင်းအမြန်လမ်းရဲတပ်ဖွဲ့မှူး ရုံးမှရဲမှူးကြီးနေဝင်းကပြောသည်
''ကျွန်တော်တို့ဆီ ပြတ်နေပါ တယ်။ ဆီဘယ်နှဂါလန်လောက် ဝယ်လာပေးပါဆိုရင်ဝယ်ပြီးသွားပို့ ပေးတယ်။ကျွန်တော်တို့ကား ပျက် နေလို့လာဆွဲပေးပါဆိုရင်လဲ သွား ဆွဲပေးတယ်။ အခက်အခဲ ဘာမဆို ပေါ့။ ကျန်းမာရေးမကောင်းလို့၊ သွေးတိုးနေလို့ပေါ့။ ဒါမှမဟုတ် ကားပေါ်မှာမူးပြီးသောင်းကျန်းနေလို့ ဆိုတာမျိုးတွေကိုလဲ အကူအညီ တောင်းလို့ရပါတယ်။ တစ်ခါက Elite ကားပေါ်မှာပါတဲ့ မူးနေတဲ့ လူတစ်ယောက်က ကားပေါ်မှာပါ လာတဲ့ ယာဉ်မယ်လေးတွေကို အမျိုးမျိုးပြဿနာရှာနေတာ။ ဒါကို လဲ ချက်ချင်းအမှုဖွင့်ပြီးအရေးယူ ခဲ့တယ်။ ဖုန်းဆက်ပြီးအကူအညီ တောင်းပါလို့ပြောချင်ပါတယ်''ဟု ရဲမှူးကြီးနေဝင်းကပြောသည်။

အဆိုပါအမြန်လမ်းရဲတပ်ဖွဲ့အား ဆက်သွယ်ပြီးအကူအညီတောင်းခံ လိုပါက ဖုန်းနံပါတ် ဝ၉၄၂ဝ၈၈ ၈၈ဝ၁ မှ ဝ၉၄၂ဝ၈၈၈၈ဝ၂၊ ဝ၉၄၂ဝ၈၈၈၈ဝ၃၊ ဝ၉၄၂ဝ၈၈၈၈ ဝ၄၊ ဝ၉၄၂ဝ၈၈၈၈ဝ၅၊ ဝ၉၄၂ဝ ၈၈၈၈ဝ၆၊ ဝ၉၄၂ဝ၈၈၈၈ဝ၇၊ ဝ၉ ၄၂ဝ၈၈၈၈ဝ၈၊ ဝ၉၄၂ဝ၈၈၈၈ဝ၉၊ ဝ၉၄၂ဝ၈၈၈၈၁ဝ၊ ဝ၉၄၂ဝ၈၈၈၈ ၁၁၊ ဝ၉၄၂ဝ၈၈၈၈၁၂၊ ဝ၉၄၂ဝ ၈၈၈၈၁၃၊ ဝ၉၄၂ဝ၈၈၈၈၁၄၊ ဝ၉ ၄၂ဝ၈၈၈၈၁၅၊ ဝ၉၄၂ဝ၈၈၈၈၁၆၊ ဝ၉၄၂ဝ၈၈၈၈၁၇၊ဝ၉၄၂ဝ၈၈၈၈၁၈၊ ဝ၉၄၂ဝ၈၈၈၈၁၉၊ဝ၉၄၂ဝ၈၈၈၈၂ဝ ထိမည်သည့်နံပါတ်မဆို ဆက် သွယ်နိုင်ကြောင်းသိရသည်။

''အမြန်လမ်းပေါ်မှာက စက္ကန့် ပိုင်းလောက်ကို ကားတစ်စီးနှုန်း ဖြတ်သန်းသွားလာနေတာ အခုလို ပွင့်လင်းရာသီမှာဆိုရင် ဘုရားဖူး ကားတွေ၊အပျော်ခရီးထွက်တဲ့ကား တွေနဲ့ဆိုတော့ ပိုပြီးများလာတယ်။ အဲဒီအခါမှာ လိုအပ်တဲ့အခက်အခဲ မှန်သမျှကိုအမြန်လမ်းရဲတပ်ဖွဲ့အနေ နဲ့ကူညီဖို့အမြဲအဆင်သင့်ပါပဲ'' ဟု အမြန်လမ်းရဲတပ်ဖွဲ့များ၏ နေ့ည မပြတ်စောင့်ကြည့်တာဝန်ယူနေမှု ကို ရဲမှူးကြီးနေဝင်းကပြောသည်။
၃၃၆ မိုင် ၃ ဖာလုံ ရှည်သော နေပြည်တော် အမြန်လမ်းပေါ်တွင် ယခုနှစ်သုံးလကျော်အတွင်း ယာဉ် မတော်တဆမှုပေါင်း၁ဝဝကျော်ဖြစ် ပွားခဲ့သည်။

The Union Daily

No comments:

Post a Comment