address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, April 9, 2014

နေရပ်ပြန်မြန်မာတွေ နယ်စပ်မျ ဉ်းပေါ်မှာ သတိမရှိရင်ခံရမယ်




9.4.2014

ဒီရက်ပိုင်းအတွင်းမှာ မဲဆောက်မြ၀တီလမ်းကြောကနေ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ထိုင်းဘက်ကိုပြန်ထွက်ကြမဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေအတွက်က သောင်းဂဏန်းနဲ့ချီပြီးရှိနေပါတယ်။

ဒီလူတွေအထဲမှာ ဒီဒေသနဲ့မရင်းနှီးဘဲ သွားလာဝင်ထွက်နေတဲ့လူတွေကို နှစ်နိုင်ငံနယ်ခြားမျဉ်းပေါ်မှာ ဖြားယောင်းသွေးဆောင်-ခြိမ်းချောက်လိမ်ညာပြီး-ပါလာတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အလစ်သုတ်ယူမှုတွေရှိနေပါတယ်။

ဒါကြောင့်ထိုင်းကနေ-နေရပ်ပြန်လာကြသူတွေအနေနဲ့ အထူးသတိထားဘို့လိုပါတယ်-ကိုယ့်ကိုယ်အမြတ်ထုတ်မဲ့လူတွေထဲမှာ-ကိုယ့်နိုင်ငံသားတွေပါဝင်တာရှိသလို-ကိုယ့်နိုင်ငံသား မဟုတ်သူတွေလည်းပါတယ် ဆိုတဲ့အကြောင်း နယ်ခြားမျဉ်းပေါ်မှာ စားသောက်ဆိုင်ဖွင့်ထားသူတဦးက သတိပေးပြောဆိုပါတယ်။

လက်ရှိအနေအထားအရကတော့ လိမ်ညာခံနေရသူတွေ နေ့စဉ်ဆိုသလိုဘဲ အနည်းနဲ့အရှိနေတယ်လို့လည်း အဲဒီလူကဘဲ ဖြည့်စွက်ပြောဆိုပါတယ်။

ဘာဘဲဖြစ်ဖြစ် နယ်စပ်ကိုပြန်ရောက်ရင် သတိဝိရိယရှိတာကတော့ အကောင်းဆုံးဘဲလို့
အကြံပြုချင်ပါတယ်။

နေရပ်ပြန်မြန်မာတွေ အရေအတွက်များပြားတဲ့အတွက် နှစ်ဖက်နယ်စပ်မှာ ယာဉ်စီးခတွေ-ဆိုင်ကယ်တက္ကစီခတွေ-အလုပ်သမားခတွေ ခါတော်မီပြီး ပုံမှန်နှုံးထားထက်ကို ထိုးတက်သွားတာတွေလည်း ဒီရက်ပိုင်းမှာ ဖြစ်နေပါတယ်။

အခုတင်ထားတဲ့ပုံတွေကတော့ ဒီနေ့မနက်ပိုင်းက မဲဆောက်-မြ၀တီနယ်စပ်ကို ပြန် လာကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။

မန်းမျိုးမြင့်(မီဒီယာ)

No comments:

Post a Comment