address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, April 3, 2014

သမီးကလေးကျေးရွာအပါအဝင် ရွာလေးရွာမှ ဒေသခံများကို နေရာချထားပေးရေးဆွေးနွေး





3.4.2014



သမီးကလေးကျေးရွာနှင့်အင်း မတီး၊ဒေါ်ခါလီနှင့်ကျောက်တောင်ရွာ များမှ ဒေသခံများကိုပြန်လည်နေရာ ချထားပေးရန်ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်ခေါင်းဆောင်သော အဖွဲ့တို့ဆွေးနွေးလျက်ရှိသည်။

ီDKBA မှ ဗိုလ်မှူးကြီးစောဆန်း အောင်ခေါင်းဆောင်သောအဖွဲ့က ဒုက္ခသည်အိမ်ထောင်စု ၈၁ စု လူဦးရေ ၂ဝ၁ ဦးကို ၄င်းတို့နယ် မြေအတွင်း နေရာချထားပေးရန် ယနေ့နံနက်ပိုင်းက ၁ဝ ဘီးကား ငါးစီးဖြင့် လာရောက်ခေါ်ယူခြင်း ဖြစ်ရာ ကရင်ပြည်နယ်အစိုးရ အဖွဲ့က မွန်ပြည်နယ်နှင့်ကရင်ပြည် နယ် နယ်စပ် ဒုံသမိချောင်း ဒူးရင်း ဆိပ်တံတားအကျော်တွင် တားဆီး ထားခဲ့ခြင်းဖြစ်သည်။
ယင်းသို့တားဆီးရာတွင်ကရင် ပြည်နယ်နယ်စပ်ရေးရာနှင့်လူမှုရေး ဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်၏ အမိန့်ဖြင့် တားဆီးခဲ့ခြင်းဖြစ် ကြောင်း၊ ဘားအံ့မြို့နယ် DKBA ဆက်ဆံရေးရုံးတွင် ထားရှိမည်ဟု ဆွေးနွေးခဲ့သော်လည်း ကရင်ပြည် နယ်အစိုးရကခွင့်ပြုခဲ့ခြင်း မရှိ ကြောင်း DKBA မှ ဗိုလ်မှူးဇာ နည်စိုးကပြောသည်။

''ရွာသုံးရွာက လူဦးရေ ၂ဝဝ ကျော်ပါတယ်။ ၁၂နာရီ ၅မိနစ် ကတည်းက သူတို့စတင်တားတာ။ အခုနောက်ဆုံးသတင်းရတာကတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ဗိုလ်မှူးကြီး စောဆန်းအောင်တို့နဲ့ ညှိပြီးတော့ လယ်မြေတွေ အသိမ်းခံရတာနဲ့ ပတ်သက်ပြီး မြေနေရာပြန်လည် ရရှိအောင် လုပ်ပေးမယ်လို့ပြော သွားပါတယ်။ နောက်ပြန်လဲပေး မလှည့်ဘူး။ အရှေ့ကိုလဲခရီးဆက် ခွင့်မပေးဘူး။ ဒီညတော့ အားလုံး တံတားပေါ်မှာ အိပ်ကြရမှာ''ဟု လိုက်ပါပို့ဆောင်သူ မစိမ်းလဲ့မောင် ကပြောသည်။

အဆိုပါ သမီးကလေးကျေးရွာ သည် လှည်းကူးမြို့နယ်တပ်ပိုင်မြေ အတွင်း ကျုးကျော်နေထိုင်သည် ဟုဆိုကာ ဖေဖော်ဝါရီ ၄ရက်က ဖယ်ရှားရှင်းလင်းခြင်းခံခဲ့သည်။ ထို့နောက် မင်းကုန်းကျေးရွာအုပ်စု အပိုင်ဝါးယားကုန်းသို့ပြောင်းရွှေ့ လိုက မြေနေရာများကိုအစားပြန် လည်သတ်မှတ် ပေးသွားမည်ဖြစ် ကြောင်း မြေကွက်ချထားရေးကော် မတီမှဦးကျော်ငြိမ်းက ပြည်ထောင် စုနေ့စဉ်သို့ပြောကြားခဲ့ပြီးဖြစ်သည်။

ယနေ့ညနေ ၆ နာရီခန့်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မင်းနှင့်ဗိုလ်မှူးကြီးစောဆန်းအောင် တို့ တယ်လီဖုန်းမှတစ်ဆင့်ဆွေး နွေးခဲ့ပြီး မွန်ပြည်နယ်ဘက်သို့ လမ်းကြောင်းပြောင်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ရောက်ရှိနေ သည့် ပေါင်မြို့နယ်သစ္စာတောင် ဝှမ်းဆရာတော်က''ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှ ဒုံသမိကျေးရွာ ကနေပြီးတော့ ဖြတ်ခွင့်ပေးလိုက် တယ်။ ဒုံသမိတံတားကိုဖြတ်သွား ပေမယ့် ကရင်ပြည်နယ်ထဲကို လုံး ဝပေးမဝင်ဘဲမော်လမြိုင်ကျိုက်က္ခမီ ဘက်ကိုသွားခိုင်းတယ်။ မွန်ပြည် နယ် နယ်လုံကတော့ဝင်ခွင့်ပေး တယ်''ဟု မိန့်ကြားသည်။

ဒုက္ခသည်များကို ဦးဆောင် ခေါ်ယူသွားသည့် DKBA စစ်ဗျူ ဟာမှူးဗိုလ်မှူးကြီးစောဆန်းအောင် ကဒုက္ခသည်များကိုကူညီခြင်းအား ဖြင့် အပစ်အခတ်ရပ်စဲရေးကို ထိ ခိုက်မည်ဆိုလျှင်ပြည်သူပြည်သား များသာ နစ်နာမည်ဖြစ်ကြောင်း၊ ¤င်းတို့အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာဆက်သွား နေမည်ဖြစ်ကြောင်းပြောကြားခဲ့ သည်။
မြေကွက်များကို ဧပြီ ၂ ရက် နောက်ဆုံးထားစာရင်းပေးသွင်းရန်နှင့် စာရင်းပေးသွင်းသူများကို ပေ ၅ဝx ပေ ၂ဝ မြေကွက်များချထားပေး မည်ဖြစ်သည်။ သို့သော်ရောင်းချ ပေါင်နှံခြင်းမပြုလုပ်ရန်၊ မိမိကိုယ် တိုင်သားစဉ်မြေး ဆက်နေထိုင်ခွင့် ပြုရန်စသည့်စည်းကမ်းချက်များ ကို လိုက်နာရမည်ဖြစ်သည်။

The Union Daily

No comments:

Post a Comment