address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, April 4, 2014

သမီးကလေးမြေနေရာ ဆွေးနွေးနေဟု ပဲခူးအစိုးရဆို




4.4.2014

သမီးကလေးကျေးရွာမှ ပြောင်းရွှေ့ခံရွာသားများအတွက် မြေနေရာပေးရေးကိစ္စ ဆွေးနွေးနေဆဲဖြစ်သည် ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက ဧပြီ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အခုပြောလို့မရသေးဘူး။ ဆွေးနွေးနေတုန်း ရှိသေးတယ်”ဟု ၎င်းက ပြောသည်။

ဒီကေဘီအေနှင့်လိုက်ပါသွားသည့် သမီးကလေးကျေးရွာသားများကို ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဆက်သွယ် မှုအရ ကရင်ပြည်နယ်အစိုးရအဖွဲ့က တားမြစ်ရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ဖားအံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးရဲနိုင်က မဇ္ဈိမကို ဧပြီ ၂ ရက်က ပြောကြားထားသည်။

သမီးကလေးကျေးရွာမှမချောစုက “အိမ်ပေါ်ကနေ လမ်းပေါ်ရောက်အောင် သူတို့ပဲလုပ်တယ်။ ကူညီမယ့် သူပေါ်လာတော့လည်း သူတို့ပဲတားမြစ်တယ်၊ ကျွန်မတို့ကို ဘယ်လိုအငြိုးနဲ့ ဒီလိုလုပ်တာလဲလို့ပဲ မေးချင် ပါတယ်။ ကျွန်မတို့ ဘယ်ကိုသွားလို့ ဘယ်မှာနေရမယ်ဆိုတာ မသိဘူး”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါကျေးရွာသားများမှာ ကရင်ပြည်နယ်ထဲသို့ ၀င်ရောက်ခွင့်မရသဖြင့် ဒီကေဘီအေအဖွဲ့နှင့်အတူ မွန် ပြည်နယ်သို့ သုံးရက်ခန့် ဘုရားဖူးသွားလျက်ရှိသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ သမီးကလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနှင့် အင်မတီးတို့ကို ဖေဖော် ၀ါရီလဆန်းပိုင်းက အစိုးရတာဝန်ရှိသူများက ဖြိုဖျက်ခဲ့ပြီး ၎င်းတို့ခိုလှုံနေထိုင်သည့် အောင်သိဒ္ဓိဘုန်းတော် ကြီးကျောင်းကိုလည်း ဧပြီ ၁ ရက်က ဖယ်ရှားပေးရန် ဆည်မြောင်းဝန်ကြီးဌာနက စာထုတ်ထားသည်။

သမီးကလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနှင့် အင်မတီးကျေးရွာတို့မှ ကျေးရွာသူကျေးရွာသား ၃၀၀ ကျော် သည် ဒီကေဘီအေအဖွဲ့၏ခေါ်ဆောင်မှုဖြင့် ဒီကေဘီအေအခြေစိုက်သည့်နေရာတွင် ပြောင်းရွှေ့နေထိုင် ရန်လိုက်ပါခဲ့သော်လည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဒုံသမိတံတားအရောက်တွင် ကရင်ပြည် နယ်အစိုးရက တားမြစ်ခဲ့ခြင်းကြောင့် ခရီးစဉ်ပျက်ခဲ့ခြင်းဖြစ်သည်။

mizzima

No comments:

Post a Comment