address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, April 22, 2014

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရာတွင် UWSA နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်ရန် KNU သွားရောက်စည်းရုံးမည်




22.4.2014

‘၀’ပြည်သွေးစည်းလုံးညီ ညွတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလားအထူးဒေသ (၄) အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးတွင် ပါဝင်ရန် ကရင်အမျိုးသား အစည်းအရုံးက ယခုရက်ပိုင်းအတွင်း သွား ရောက်ဆွေးနွေးမည်ဟု ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီသို့ အ ကြောင်းကြားလာကြောင်း သတင်းရရှိသည်။

အဆိုပါခရီးစဉ်တွင် ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မူးတူး စေးဖိုး၊ ကာကွယ်ရေးဝန်ကြီး စော ရောဂျာခင်နှင့် စစ်ထောက်ချုပ်တို့ ပါလိုက်ပါသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါမှာ ပဋိပက္ခမှာပါဝင်တဲ့ လူတွေအား လုံးလက်မှတ်ရေးထိုးဖို့အတွက် ဆွေးနွေးဖို့ သွားတာဖြစ်တယ်’’ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးစော ကွယ်ထူးဝင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရာ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှအင်အားကြီးအဖွဲ့ များဖြစ်သော KNU,KIA,RCSS/ SSA,UWSA နှင့် မိုင်းလားအထူး ဒေသ (၄) အဖွဲ့များပါဝင်ရန် လို အပ်သည်။

တိုင်းရင်းသား လက်နက် ကိုင်အင်အားစုများ ဖွဲ့စည်းထား သော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) တွင် ‘၀’ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်နှင့် မိုင်းလား အထူးဒေသ(၄) အဖွဲ့တို့မပါဝင် ဘဲ NCCT က ပြုလုပ်ခဲ့သည့် ညီလာခံနှစ်ခုသို့လည်း တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

လက်ရှိတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ညှိ နှိုင်း ရေးအဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူ ကြမ်းတစ်ခုရရှိရန် ဆွေးနွေးလျက် ရှိသည်။

ပြီးခဲ့သည်ဧပြီ ၅ ရက် မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ် သော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းဆွေးနွေး ပွဲသို့ ‘၀’ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်နှင့် မိုင်းလား အထူးဒေသ(၄) အဖွဲ့တို့ ပထမ ဆုံးအကြိမ် တက်ရောက်ခဲ့ကြ သည်။

အစိုးရအဖွဲ့အနေဖြင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သြဂုတ်လ နောက် ဆုံးထားချုပ်ဆိုရန်လျာထားပြီး လာမည့် မေလဆန်းတွင် ထပ်မံ ဆွေးနွေးကြမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment