address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 30, 2014

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးသင်တန်းကို KNU ဦးစီးပြုလုပ်ခဲ့





30.9.2014

ကရင်အမျိုးသားအစည်းအရုံး(KNU) စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလနှင့် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စောင့်ကြည့်လေ့လာနိုင်ရေးအတွက် အထောက်အကူပြုသင်တန်းတစ်ရပ်ကို ထိုင်း-မြန် မာနယ်စပ်တစ်နေရာတွင် ယနေ့ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

ထိုင်းဗိုလ်ချုပ်ကြီး ပရာယုသ် အရပ်ဘက်သို့ ကူးပြောင်းပြီ





30.9.2014

ထိုင်းနိုင်ငံ၏ စစ်တပ်အကြီး အကဲ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာ ယုသ်ချန်အိုချာသည် စစ်တပ်ကိုသူ ယုံကြည်စိတ်ချသောသူအား လွှဲ ပြောင်းပေးပြီး အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် အရပ်သားနိုင်ငံရေး လောကသို့ ဝင်ရောက်သွားကြောင်း သိရ၏။

လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ





30.9.2014

ကရင်ပြည်နယ် ဘားအံမြို့နယ် ၀ဲကရင်ကျေးရွာအနီး စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပတ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်သို့ နိုင်ငံခြားသား ဝင်ရောက်မှုများခြင်းကြောင့် ဟိုတယ်သစ်များ တိုးချဲ့လာ





30.9.2014

နယ်စပ်ဒေသများမှ နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှု တိုးတက်လာခြင်းကြောင့် ကရင်ပြည်နယ်တွင် ဟိုတယ်သစ် ဆောက်လုပ်မှုများ မြင့်တက်လာသည်ဟု ဟိုတယ်လုပ်ငန်းရှင် ဦးစောမာန်အေးက ပြောသည်။

ထိုင်းနှင့် တရုတ်ဝယ်ယူမှုကြောင့် မွန်မှ သလင်းကျောက်ရှာသူများ အလုပ်အကိုင်ရရှိနေ




30.9.2014

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအနီးမှ ထွက်သည့်သလင်းကျောက်များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀ယ်ယူမှုများပြားလာခြင်းကြောင့် ဒေသတွင်း သလင်းကျောက်ရှာဖွေသူများနှင့်အချောထည် ကျောက်သွေးလုပ်ကိုင်သူများ အလုပ်အကိုင်ရရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

Monday, September 29, 2014

ကရင် ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့ DKBA ပြောင်း





29.9.2014

ကေအင်န်ယူ/ကေအင်န်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) မှ နယ်စပ် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့သည် အဖွဲ့မှ နုတ်ထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့သို့ ပြောင်းလဲဝင်ရောက်သွားသည်ဟု ၎င်း၏ ကိုယ် ရေးအရာရှိ ဒု-ဗိုလ် စောဆေးဝါးက စက်တင်ဘာ ၂၈ ရက်က မဇ္ဈိမက အတည်ပြုပြောဆိုသည်။

DKBA တပ်များ ဆုတ်ခွာရန်နှင့် သိမ်းထားသည့် လက်နက်များ ပြန်ပေးရေး ညှိနှိုင်းနေ



စက်တင်ဘာ ၂၆ ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အစိုးရစစ်တပ်နှင့် DKBA တပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး မြင်ကွင်း၊ (ဓာတ်ပုံ - ဟင်္သာနီ (မွန်မြေ)၊ မဇ္ဈိမ)
 
29.9.2014

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်နှင့် အနီးအနား ကရင်ပြည်နယ် အစပ်တွင် ပိတ်မိနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ ဌာနချုပ်ရှိရာ နယ်စပ်သို့ ဆုတ်ခွာလာနိုင်ရန် ထွက်ပေါက် လမ်းကြောင်းဖွင့်ပေးရေး မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း မှုများ ပြုလုပ်နေေ ကြာင်း DKBA အဖွဲ့မှ ဗိုလ်ကြီး စောစိုးမြင့်က မဇ္ဈိမသတင်းဌာနကို စက်တင်ဘာ ၂၈ ရက်က အတည်ပြု ပြောဆိုသည်။

ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ





29.9.2014

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကီဗ်မြို့ခံတွေက ဆိုဗီယက်အင်ပါယာကို တည်ထောင်သူ လီနင်ရဲ့ ရုပ်တုကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖြိုချလိုက်ပါတယ်။ဖြိုချခံလိုက်ရတဲ့ လီနင် ရုပ်တုကြီးဟာ ယူကရိန်းနိုင်ငံမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲမှု နှစ်ဖက်စောင့်ကြည့်ရေးအစီအစဉ် အသက်ဝင်ရန်လို


29.9.2014

အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီချက်စာချုပ် ချုပ်ဆိုထားပြီး အဖွဲ့အချို့တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားလာမှုကို ထောက်ပြပြီး အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ကြီးကြပ်ရေးယန္တရား များ အမြန်အသက်သွင်းရန်လို အပ်နေပြီဖြစ်ကြောင်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် ပါဝင်နေ သူများက တိုက်တွန်းကြသည်။

DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ်လှန့်ထား




29.9.2014

ထိုင်း မြန်မာနယ်စပ်မှာ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ခိုက် မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့်၊ မြန်မာနဲ့ နယ်စပ်တပ်ခရိုင်က ထိုင်းစစ်တပ်ကို ထိုင်းအစိုးရက တပ်လှန့်ထားကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတ။

ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ဆက်ဆံရေးရုံး တာဝန်ခံပြောဆို




29.9.2014

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒီမိုကရေစီ အကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ် ပွားနေပေမဲ့၊ တချိန်တည်းမှာလည်း အောက်ခြေ အဆင့်ကစပြီး နှစ်ဘက်ဆွေးနွေးမှုတွေ ဆောင်ရွက်နေ တယ်လို့ မြဝတီမြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။

Tuesday, September 23, 2014

ကရင်ကျောင်းသားကွန်ရက် ငြိမ်းချမ်းရေးနေ့ ကျင်းပ





23.9.2014

ကရင်ကျောင်းသားကွန်ရက်အဖွဲ့(KSNG)ဦးဆောင်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာနယ်မြေ ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်၊ နို့ဖိုးကျေးရွာတွင် ပထမဦးဆုံး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို စက်တင်ဘာ ၂၂ရက်နေ့က ကျင်းပပြု လုပ်ခဲ့သည်။

ဘယ်သူလဲ ဗိုလ်တိုက်ဂါး



23.9.2014

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြ၀တီမြို့မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာ အလုပ်သမားတွေနဲ့ ခရီးသွားတွေကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ်သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။

Monday, September 22, 2014

ဖားအံမြို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ပရိဿတ် ၁၀၀ကျော်တက်ရောက်



22.9.2014

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ဖားအံလူငယ်ကွန်ယက်မှ ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာ ဦးခမ်းမ၌ စက်တင်ဘာလ ၂၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်ပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့ကြသည်။

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား





22.9.2014

၂၀၁၄ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့ UNFC ကနေ KNU နှုတ်ထွက်ကြောင်းစာကို KNU ဥက္ကဌ စောမူတူးစေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်တွေအားလုံး စိတ်ထိခိုက်ကြရတယ်။

မြန်မာ လက်ဝှေ့ချန်ပီယံသစ် ဘယ်သူဖြစ်သွားပြီလဲ




22.9.2014

မြန်မာပြည် လက်ဝှေ့ချန်ပီယံ စိန်ခေါ်ထိုးသတ်ပွဲမှာ လက်ရှိချန်ပီယံ စောငမန်းနဲ့ သူ့ကို စိန်ခေါ်သူ ထွန်းထွန်းမင်း တို့ ဒီနေ့ ညနေက ရန်ကုန်မြို့တော်ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံမှာ ထိုးသတ်ခဲ့ကြပါတယ်။ ချန်ပီယံဘယ်သူ ဖြစ်သွားလဲ။

မဲဆောက်တွင် လူကုန်ကူးဂိုဏ်း ဖမ်းဆီးရမိ





22.9.2014

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မှာ လူကုန်ကူးဂိုဏ်းအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၈ ဦးနဲ့ တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ၇၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မွန်လက်နက်ကိုင်တို့ဖမ်းထားသူများကို ပြန်လည်လွှတ်ပေး


22.9.2014

မွန်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့မှမြို့ခံ ခြောက်ဦးအနက် နှစ်ဦးမှာ စက်တင်ဘာ ၂၀ ရက်က ပြန်လည်လွတ်မြောက် လာပြီ ဖြစ်သည်ဟု လွတ်မြောက်လာသူနှင့် ဆွေမျိုးတော်စပ်သူများက ပြောသည်။

ခွဲထွက်ရေးကိစ္စ ရေရှည်ကြည့်၍ စဉ်းစားစေလိုဟု ကေအင်န်ယူကို တိုက်တွန်း


22.9.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်ပါဝင်မှု ရပ်ဆိုင်း ထားသော KNU သည် တိုင်းရင်းသားအဖွဲ့များမှ ခွဲထွက်မည် ဆိုပါက ရေရှည်အတွက် စဉ်းစားရန် လိုအပ် သည်ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး (၁)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှု အင်အားသုံး၍ တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ဆေးအရေးယူမည်



22.9.2014

မူးယစ်ဆေးဝါး သုံးစွဲနေမှုများ တဖြည်းဖြည်း များပြားလာသောကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှုများကို အင်အားသုံး၍ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖမ်းဆီးအရေးယူသွားမည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

Thursday, September 18, 2014

ကေအဲန်ယူ ဘယ်လဲ


18.9.2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအဲန်အက်ဖ်စီ) အစည်းအဝေး တက်ရောက်နေရာမှ ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက်တွင် ကေအဲန်ယူသည် ယူအဲန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက် ကြောင်း ထုတ်ပြန်ချက် ထွက်လာသောအခါ တိုင်းရင်းသားနိုင်ငံရေးကို စိတ်ဝင်စား လေ့လာလျှက်ရှိသော လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။ စိုးရိမ်မှုများလည်း ရှိကြပုံရသည်။ ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င်ပင်။ 

Wednesday, September 17, 2014

ပုံမှန်စီးဆင်းနေတဲ့ မဲဆောက် - မြ၀တီနယ်စပ်ကုန်သွယ်ရေး





17.9.2014

ထိုင်း -မြန်မာနယ်စပ်ရဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြ၀တီမြို့မှာ နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်း နှစ်လုံးတွေ့ရှိခဲ့တွက် အာဏာပိုင်တွေက လုံခြုံ ရေးကိုတိုးမြှင့်လိုက်ပေမဲ့ နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှုကို လုံးဝမထိခိုက်ဘူးလို့ နှစ်နိုင်ငံကုန်သည်တွေက ဆိုပါတယ်။

ယူနီဖောင်းမ၀တ်၊ လက်နက်မကိုင်ရန် လက်နက်ကိုင် ၂ဖွဲ့ကို အစိုးရတပ် သတိပေး




17.9.2014


မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council)နှင့် ကလို့ထူးဘောကရင်အစည်းအရုံး(KKO)တို့အနေဖြင့် ယူနီဖောင်းဝတ်စုံနှင့်တကွ လက်နက်များကိုင်ဆောင် ကာ သွားလာခြင်းမပြုရန် မြ၀တီမြို့အခြေစိုက် အစိုးရစစ်တပ်က စက်တင်ဘာလ ၁၄ရက်နေ့တွင် တားမြစ်သတိပေးခဲ့သည်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု မြန်မာအလုပ်သမားများကို ခေါ်ယူစစ်ဆေးနေ





17.9.2014

ထိုင်းနိုင်ငံတောင်ပိုင်းက ကော့တောင် (Koh Tao) ကျွန်းမှာ ဗြိတိသျှလူမျိုး တိုးရစ် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီ့ဒေသ အနီးတ၀ိုက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ နေအိမ်တွေကို ထိုင်းရဲတွေက ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်သလို မြန်မာအလုပ်သမား တချို့ကိုလည်း ခေါ်ယူစစ်ဆေးမှုနေပါတယ်။

မြ၀တီ၌ နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ပြီးနောက် စစ်တပ်နှင့် လုံခြုံရေးတိုးမြှင့်





17.9.2014

မြ၀တီမြို့တွင် လူစည် ကားရာနေရာများ၌ နှစ်ရက်ဆက် တိုက် ချိန်ကိုက်မိုင်းထောင်ထား သည်ကိုတွေ့ရပြီးနောက် စစ်တပ် နှင့်ရဲတပ်ဖွဲ့ကလုံခြုံရေးတိုးမြှင့် လိုက်သလို ဖမ်းဆီးထားသည့်ပါ ကစ္စတန်နိုင်ငံသားနှစ်ဦးကို အမိန့် ချသည့်နေ့ရက်နှင့်လည်းတိုက် ဆိုင်နေသောကြောင့် စိုးရိမ်ထိတ် လန့်နေကြရကြောင်းဒေသခံများ ကပြောကြားသည်။

ထိုင်းနိုင်ငံသို့ တရားဝင် ရောက်ရှိနေသည့် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို မဲဆောက်သို့ ပြန်ပို့




17.9.2014

ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ရန် တရားဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မဲဆောက် နယ်စပ်သို့ ပြန် လည် ပို့ ဆောင်ပေးလိုက်ကြောင်း သိရသည်။

ကရင်လူငယ်ကွန်ရက် လက်စွဲစာအုပ်ကို အတည်ပြု သတ်မှတ်





17.9.2014

ကရင်လူငယ်ကွန်ယက် (Karen Youth Network-KYN) ၏ လက်စွဲစာအုပ်ကို စက်တင်ဘာလ ၁၂ရက်နေ့တွင် အတည်ပြုသတ် မှတ်လိုက်ကြောင်း KYN ဆက်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူစောဂျက်ပစီက ကေအိုင်စီ သို့ ပြောသည်။

IS အဖွဲ့နှင့်ပူးပေါင်းမည့်သူ ခုနစ်ဦးကို အင်ဒိုနီးရှားရဲများဖမ်းမိ




17.9.2014

အစ္စလာမ်နိုင်ငံ IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် စီစဉ်နေသည်ဟု သံသယရှိသူ ခုနစ်ဦးအား အင်ဒိုနီးရှားရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က အလယ်ပိုင်း ဆူလာဝေစီပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အဆိုပါ လူ ခုနစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းအီလက်ထရွန်နစ်စက်ရုံရှေ့ မြန်မာလုပ်သားနှစ်ရာကျော်ဆန္ဒပြ၍ စစ်တပ်ဝင်ထိန်း


17.9.2014

ထိုင်းနိုင်ငံတွင် စစ်အုပ် ချုပ်ရေးကာလအတွင်း မြန်မာ အလုပ်သမားများဆန္ဒပြခဲ့ကြ၍ ထိုင်းစစ်တပ်က လာရောက်ထိန်း သိမ်းခဲ့ရကြောင်း သတင်းရရှိ သည်။ စက်တင်ဘာ ၁၃ ရက် ထိုင်းနိုင်ငံ၊ ပက်ခ်ျဘူရီမြို့ရှိ CAL. COMP အီလက်ထရွန်နစ်စက်ရုံ ရှေ့တွင် မြန်မာအလုပ်သမား နှစ်ရာကျော်က သံအရာရှိနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင် စီများအဖွဲ့ချုပ်တို့ကို ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။

Friday, September 12, 2014

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်၊ ရေငုပ်သမားအချို့ နေရပ်ပြန်





12.9.2014

လူပေါင်းများစွာ စိတ်ဝင်တစား သွားရောက် ကြည့်ရှုသည်အထိ ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံရာတွင် ရှာဖွေရေး လုပ်ဆောင်နေသည့် ရှာဖွေရေးအဖွဲ့ အနေနှင့် ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်ကြောင်း ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ခဲ့သည့် ရေငုပ်သမားများက အတည်ပြု ပြောကြားသည်။

တယ်လီနောဆင်းမ်ကတ် အောက်တိုဘာ ၅ ရက် မတိုင်မီ ထွက်မည်ဟုဆို တစ်မိနစ်ခေါ်ဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်ဖြစ်



                                          Telenor ကြော်ငြာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)

12.9.2014

တယ်လီနော မိုဘိုင်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၅ ရက် မတိုင်မီ စတင်ရောင်းချမည်ဖြစ် ပြီး မည်သည့်ကွန်ရက်ဖြင့် ဆက် သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်ပြောဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်Telenor Myan-mar မှ သတင်းရရှိသည်။

HIV ဝေဒနာရှင်များအား ပံ့ပိုးနိုင်ရေးအတွက် ထိုင်း-မြန်မာနယ်စပ် ကျန်းမာရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး




12.9.2014


ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကျန်းမာရေးအဖွဲ့အစည်းများက HIV ဝေဒနာရှင်များအတွက် စနစ်တကျ ဝန်ဆောင်မှုဖြစ်လာရန်နှင့် ကူညီစောင့်ရှောက်မှုအဖွဲ့များ၏ အချင်းချင်းအကြား ချိတ်ဆက်မှုရရှိရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံကြီးတွင် စက်တင်ဘာ ၉ရက်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။