address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, September 17, 2014

ပုံမှန်စီးဆင်းနေတဲ့ မဲဆောက် - မြ၀တီနယ်စပ်ကုန်သွယ်ရေး





17.9.2014

ထိုင်း -မြန်မာနယ်စပ်ရဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြ၀တီမြို့မှာ နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်း နှစ်လုံးတွေ့ရှိခဲ့တွက် အာဏာပိုင်တွေက လုံခြုံ ရေးကိုတိုးမြှင့်လိုက်ပေမဲ့ နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှုကို လုံးဝမထိခိုက်ဘူးလို့ နှစ်နိုင်ငံကုန်သည်တွေက ဆိုပါတယ်။

ထိုင်းကုန်သည်ကြီး နိုင်ချိုင်းပြောတာကတော့" ဘာမှမဖြစ်ဘူးပုံမှန်ပါဘဲ ဒီကြားထဲအခြေအနေပြောင်းရင်တော့ မဆိုနိုင်ဘူး"ဟု ပြောသည်။

သူပြောသလိုဘဲ ဒီနေ့တနေ့လုံး ထိုင်းကုန်ပစ္စည်တွေနဲ့မြန်မာကုန်ပစ္စည်းတွေ မဲဆောက် - မြ၀တီချစ်ကြည်ရေးတံတားပေါ်ကနေ ၀င်ထွက်နေတာကိုတွေ့ရပါတယ်။

မြန်မာကုန်သည်တဦးကတော့" အခုထက်ထိတော့ ကုန်သွယ်ရေးကပုံမှန်ပါဘဲ စစ်တာဆေးတာလည်း ဒီလောက်ကြီးမရှိသေးဘူး"ဟုဆိုပါတယ်။

မြ၀တီမြို့ မရဲစခန်းက ရဲအရာရှိတဦးက လုံခြုံ ရေးကို နေ့နေ့ညည တိုးမြှင့်ထားပြီး ချိန်ကိုက်မိုင်းထောင်တဲ့ လက်သည်ကိုအမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

မြ၀တီမှာ လုံခြုံ ရေးတိုးမြှင့်မှုတွေကို အာဏာပိုင်တွေက အပူတပြင်းဆောင်ရွက်နေတယ်လို့ဆိုနေပေမဲ့ ချစ်ကြည်ရေးတံတား ဘေးဝဲယာမှာရှိတဲ့ မြန်မာဘက်ခြမ်းလှေဆိပ်တွေကနေ ထိုင်းဖက်ကို မြန်မာတွေဝင်ထွက်နေတာကိုတော့ ပိတ်ပင်ထားခြင်းမရှိဘူးလို့ ခရီးသွားတွေဆိုပါတယ်။

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံက ခရီးသွားတွေလည်း မဲဆောက်နဲ့မြ၀တီကို ပုံမှန်အတိုင်း အသွားအလာလုပ်နေကြသလို ပုံမှန်ဝင်ထွက်နေကြတဲ့ အရေအတွက်ကလည်း သိသာလောက်အောင် နည်းပါးသွားခြင်းမရှိဘူးလို့ ချစ်ကြည်ရေးတံတားထိပ်မှာ တာဝန်ကျတဲ့ ထိုင်းလ၀က၀န်ထမ်းတဦးကဆိုပါတယ်။

ထိုင်းနဲ့မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေး လမ်းကြောကနေ နှစ်နိုင်ငံအပြန်အလှန် ကုန်ပစ္စည်းတင်ပို့မှုတွေဟာ တလကိုအနည်းဆုံး ထိုင်းဘတ်ငွေသန်း သုံးထောင်အထက်မှာရှိပါတယ်။

နှစ်နိုင်ငံကုန်ပစ္စည်တင်ပို့မှုတွေကို ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာမှာရှိတဲ့ လှေဆိပ်တွေကနေ အပြန်အလှန်တင်ပို့နေကြတာပါ။

ထိုင်းကုန်သည်ကြီးတဦးရဲ့ အဆိုအရ ထိုင်းကုန်ပစ္စည်းအများစုက လှေဆိပ်တွေကနေတဆင့်မြ၀တီဘက်ကို တင်ပို့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

သတင်းနှင့် -ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
ဒီနေ့မဲဆောက်ဘက်ခြမ်းတံတားထိပ်မှာတွေ့ရတဲ့ထိုင်းနဲ့မြန်မာကုန်တင် ကားတွေ ၀င်ထွက်နေတဲ့ပုံတွေပါ ။

No comments:

Post a Comment