address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 1, 2014

နိုင်ငံရေးဆွေးနွေးပွဲတွင် ကိုယ်စားလှယ် ၅၀၀ ပါဝင်ရန်အဆိုပြုထားဟုဆို


 
1.9.2014

နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာတွင် ကိုယ်စားလှယ်ဦး ရေ ၅၀၀ ပါဝင်ရန်အဆိုပြုထား ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)ကသတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံရေးဆွေးနွေးပွဲကို အစိုး ရ၊ လွှတ်တော်နှင့် တပ်မတော်တို့ မှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့်နောက်ခံနိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၁၅၀ ဦး၊ ပြည်မနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၇၅ ဦး၊ ပညာရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀ ဦး၊တိုင်းရင်းသားနိုင်ငံရေးပါတီများကိုယ်စားလှယ် ၇၅ ဦးစုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၅၀၀ ပါဝင်ရန် NDF ပါတီက အဆိုပြုထားခြင်းဖြစ်သည်။

သြဂုတ် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၌ ကျင်းပပြုလုပ်သော လစဉ်အစည်းအဝေး၌ NDFပါတီက နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်ရမည့် အဆိုပြုအချိုးအစားပုံစံကိုတင်ပြခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲတွင်ပါ ဝင်သည့်အစုအဖွဲ့များထဲမှ ငြိမ်း ချမ်းရေး ဦးဆောင်ကော်မတီ၊ ဆွေးနွေးပွဲပဲ့ကိုင်ကော်မတီ၊ လုပ် ငန်းကော်မတီနှင့်ဆွေးနွေးပွဲစီမံ ကွပ်ကဲရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းသွားရန် NDF ပါတီက အဆိုပြုထားသည်။

ယခုလ ၁၂ ရက်က နိုင်ငံ ရေးပါတီများဖြင့် ဖွဲ့စည်းထား သော ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ်ပါတီ (FDA)ကလည်း နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပရာတွင် အများဆုံးကိုယ်စားလှယ်ဦးရေ ၄၅၀ ဖြင့်သာကျင်းပရန် ၎င်းတို့၏ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ထားသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့ကို အုပ်စုတစ်စု၊ လက် နက်ကိုင် အဖွဲ့အစည်းများကို အုပ်စုတစ်စုနှင့် နိုင်ငံရေးပါတီများ ကိုအုပ်စုတစ်စုသတ်မှတ်ပြီး အုပ် စုတစ်စုလျှင် ကိုယ်စားလှယ် လောင်း ၁၅၀ ပါဝင်ပြီး ကိုယ်စား လှယ် စုစုပေါင်း ၄၅၀ ဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲကို ဆွေးနွေးညှိနှိုင်း ရန် FDA က၎င်းတို့၏နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထားဦးတည်ချက်တွင် ထည့်သွင်းထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ ရာတွင်ပါဝင်မည့်အဖွဲ့အစည်း များကို သတ်မှတ်ရေးသည် အဓိ ကကျသည့်အချက်တစ်ခုဖြစ်လာ ကြောင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာကလည်း ပြောထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များရေးဆွဲရန် ရက်ပေါင်း၉၀ အတွင်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ရန် နှစ်ဖက် သဘောတူညီထားခဲ့သည်။

7 Day Daily

No comments:

Post a Comment