address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 9, 2014

ဒေါနတောင်ကျော်ကားလမ်းနှင့်မိုးရာသီ



9.9.2014

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောဖြစ်တဲ့ မြ၀တီ - ကော့ကရိတ်ဒေါနတေဆာင်ကျော်လမ်းမှာ မိုးတွင်းကာလရောက်တိုင်း ကြုံ တွေ့နေရတာကတော့ ကားလမ်းပျက်ပြီး ရာနဲ့ချီတဲ့မော်တော်ယာဉ်တန်းတွေ သွားလာရခက်ခဲပြီး အချိန်ကုန်ငွေကုန်ပြီး နှောင့်နှေးတဲ့ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နှစ်စဉ် ရင်ဆိုင်ရတယ်လို့ ကုန်သည်တွေ ခရီးသွားတွေ ကားမောင်းသမားတွေက ပြောဆိုကြပါတယ်။

အခုလည်း မြ၀တီမြို့ နယ်အတွင်းမှာ ၂ ဖာလုံလောက်ရှိတဲ့ မြေသားလမ်းပျက်စီးနေတာကြောင့် ရာနဲ့ချီတဲ့မော်တော်ယဉ်တွေ သွားလာရခက်ခဲပြီး ဒီရက်ပိုင်းအတွင်း ယာဉ်တန်းအဆင်းနေ့တိုင်း ကြီးမားတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်လို့ ခရီးသွားတွေကဆိုပါတယ်။

ကားသမားအများစုကတော့ မြ၀တီ - ကော့ကရိတ် တောင်ပတ်ကားလမ်းသစ်ပြီးမှဘဲ ဒီလိုအခက်အခဲတွေကနေ လွတ်မြောက်နိုင်မယ်လို့ ထင်မြင်ချ က်တွေနဲ့ ပြောဆိုနေကြပါတယ်။

အခုဖောက်နေတဲ့လမ်းသစ်ကလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လလောက်မှာ စီမံကိန်းလက်စသပ်နိုင်မှာဖြစ်တဲ့အတွက် နောက်တနှစ်မိုးတွင်း ကားလမ်းဒဏ်က လွတ်နိုင်ကောင်းပါတယ်ဆိုပြီး သုံးသပ်ပြောဆိုသူတွေလည်းရှိပါတယ်။

ထိုင်း - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောမှာ မိုးတွင်းကာလ လမ်းပျက်စီးမှုဒဏ်ကြောင့် နယ်စပ်ကုန်သွယ်မှု နှောင့်နှေးရတာကတော့ မဖြစ်သင့်တဲ့အရာလို့လည်း ကုန်သည်တွေကပြောဆိုကြပါတယ်။

ဒီလမ်းကြောကနေ မြန်မာနိုင်ငံက လယ်ယာထွက်ကုန် ရေထွက်ပစ္စည်း သစ်တော်ထွက်ပစ္စည်း ချ ည်ထည်တွေကို ထိုင်းဘက်တင်ပို့ကြသလို ထိုင်းဘက်ကလည်း လူသုံးကုန်စားသုံးကုန် ဆောက်လုပ်ရေးသုံးဆက်စပ်ပစ္စည်းများ လျှပ်စစ်နှင့်ဆက်စပ်သည့်ပစ္စည်းမျိုးစုံနှင့်အခြားကုန်စည်တွေကို မြန်မာဘက်တင်ပို့တဲ့ လမ်းကြောလည်းဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်ပစ္စည်းတွေ အပြန်အလှန်တင်ပို့မှုက တလမှာအနည်းဆုံး ထိုင်းဘတ်ငွေသန်း ၃ ထောင် အထက်တွင်ရှိတယ်လို့ နှစ်ဖက်ကုန်သည်ကြီးများအသင်းက မှတ်တမ်းများအရသိရှိရပါတယ်။

မြန်မာကုန်သည်ကြီးတဦး ပြောတာကတော့"နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ တဖက်နိုင်ငံက အားသာချက်ရနေတဲ့အချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုလည်းပါတယ်"ဆိုပြီး သူ့အမြင်ကို ပြောဆိုပါတယ်။

တရက်ခြားယာဉ်တန်းအတက်အဆင်းစနစ်ကျင့်သုံးတဲ့ ဒေါနတောင်ကျော်ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကားကြီးကားငယ်တွေက တရက်ကိုအနည်းဆုံးအစီးရေ ၇၀၀ အထက်မှာရှိပါတယ်။

မြန်မာ - တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးရင် မြန်မာ - ထိုင်းနယ်စပ်မှာရှိတဲ့ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးဇုန်လည်းဖြစ်ပါတယ်။

ကရင်အမျိုးသား - မီဒီယာ


No comments:

Post a Comment