address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 9, 2014

မြ၀တီမြို့တွင် မြေနေရာကိစ္စရပ်အတွက် သေနတ်ပစ်ဖောက်မှုဖြစ်


 

9.9.2014

 ကရင်ပြည်နယ် မြ၀တီမြို့မှာ အစိုးရတပ်နဲ့ နယ်မြေခံ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ) တပ်ဖွဲ့ဝင်တွေအကြား  မြေနေရာကိစ္စ အငြင်းပွားရာကနေ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ပါတယ်။

 မြ၀တီမြို့အထွက်မြေနီကုန်းရွာအလွန် တောင်ကလေးကျောင်းအနောက်ဘက်မှာ ဒီမနက် ၁၁ နာရီလောက်က သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ပါတယ်။ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင်တဦး ကနေပြီး သေနတ် ပစ်ဖောက်ခဲ့ပြီး နယ်မြေခံတပ် ခမရ ၂၇၅ က တပ်ဖွဲ့၊ ရဲတွေရော လာရောက်ဝိုင်း ရံမှု ဖြစ် ပွားခဲ့ တယ် လို့ မြ၀တီမြို့ခံတွေက ပြောပါတယ်။

 ကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ရေးရာလုံခြုံရေး အထူးဗျူဟာက ဒုဗိုလ်စောစေးဝါးက သေနတ်ပစ်ဖောက်တဲ့နေရာဟာ တောင်ကလေးဆရာတော်ပိုင် မြေနေရာဖြစ်ပြီး အစိုးရနဲ့ အပစ်ခတ်ရပ်စဲယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြန်ချပေးထားတယ်လို့လည်း ဆိုပါတယ်။ ဒီမှာ ကရင်ငြိမ်ချမ်းရေးကောင်စီက ရရှိထားတဲ့မြေပေါ်မှာ အစိုးရတပ်ဖွဲ့ဝင်က ၀င်လာလို့ အဖွဲ့ဝင်တဦး ကနေပြီး သေနတ်ပစ်ဖောက်ခဲ့တယ်လို့  ပြောပါတယ်။

 “ကျနော်တို့ နယ်မြေကို သူတို့က သတင်းမပို့ဘဲ၊ စစ်တပ်က အကြောင်းမကြားဘဲ ၀င်လာတော့ အဲလိုမျိုးဖြစ်သွားတာ။  ပစ်တာက သူတို့ကို ရည်ရွယ်ပြီး ပစ်တာ မဟုတ်ဘူး။ ဟန့်တားပြီး ပစ်လိုက်တာပေါ။  ၂ ချက် ပစ်လိုက်တယ်။ ဒေသခံတွေကတော့ ထိတ်လန့်နေတာတော့ အမှန်ပဲ။ အခု သူတို့ စစ်တပ်က အင်အားလိုက်ချတာကို မြင်နေတော့ တချို့လူကလည်း ထိတ်လန့်နေတာပေါ့။ တိုက်ပွဲတွေဖြစ်တော့မလာဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဘာမှတော့ မဖြစ်လောက်ပါဘူး။”

လက်ရှိမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ဗျူဟာမှာ တိုင်ပင်ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
ကရင်ငြိမ်းချမ်းကောင်စီ (ကေပီစီ) အနေနဲ့ကတော့ ဒီသေနတ်ပစ်ဖောက်မှုနဲပတ်သက်ပြီး သူတို့ တပ်သားက လူထုထိတ်လန့်အောင်လုပ်ဆောင်ခဲ့ခြင်းအတွက် အရေးယူသွားမယ်လို့ ကေပီစီရဲ့ ပြည်တွင်းပြည်ပဆက်ဆံရေးတာဝန်ခံ ဒေါက်တာ တင်မိုသီက ပြောပါတယ်။

DVB 

No comments:

Post a Comment