address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 9, 2014

ထိုင်းရှိ လုပ်သားများအား အထောက်အထား ထုတ်ပေးနေသော်လည်း မြန်မာဘက်မှ နိုင်ငံသားစိစစ်မှု ကြန့်ကြာနေ



9.9.2014

ထိုင်းရှိ တရားမဝင် လုပ်သားများကို ဒဏ် ငွေဆောင်စေပြီး အထောက်အထားထုတ်ပေး နေသော်လည်း အစိုးရဘက်မှ နိုင်ငံသား စိစစ် ပေးရာတွင် ကြန့်ကြာနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ထိုင်းအစိုးရဘက်က ဒဏ်ကြေးဆောင်စေ ပြီး အကုန်လုံးကို တစ်နှစ်၊ နှစ်နှစ်သက်တမ်း တိုးပေးပြီး အထောက်အထားရှိအောင် လုပ်ခိုင်း ပေမယ့် တရားမဝင်တွေ အချက်အလက်တွေ မပြည့်စုံတော့အစိုးရဘက်က စိစစ်ရတာ ကြန့် ကြာနေတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံ လုပ်သားများမှာ တရားမဝင် လမ်းကြောင်းမှ လာရောက်ကြသူ အများဆုံး ဖြစ်သောကြောင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့် မြန်မာနိုင်ငံသားဖြစ်ေ ကြာင်း ထောက်ခံ ပေးနိုင်မည့် အချက်အလက်များ မပြည့်စုံသော ကြောင့်အခက်အခဲဖြစ်နေသည်ဟု သိရသည်။

လုပ်သားများအား ပတ်စ်ပို့ပေးရာတွင် နိုင်ငံတကာပတ်ပို့စ် ထုတ်ပေးရမည် ဖြစ်သည့် အတွက် ပြည်တွင်း၌ ပြုလုပ်ပေးခြင်းသည်ပင် ၁ဝ ရက်ခန့် ကြာမြင့်သောကြောင့် တရားမဝင် လုပ်သားများအား လျင်မြန်စွာ ပတ်စ်ပို့ထုတ်ပေး ရေးမှာမဖြစ်နိုင်ကြောင်း ကောင်းမြတ်စံသူကုမ္ပဏီ မှ မန်နေးဂျင်းဒါရိုက်တာဦးမြတ်သူကပြောသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် တရားမဝင်လုပ်သား ဦးရေနှင့် အချက်အလက်များ ကောက်ခံခြင်းကို ထိုင်းနိုင်ငံရှိ သံရုံးတာဝန်ရှိသူ ၁ဝ ယောက်က ကောက်ယူလျက်ရှိပြီး လုပ်သားဦးရေ တစ်သိန်း ကျော်၏ အချက်အလက်များကို စုဆောင်းပြီး ဖြစ်ကြောင်းသိရသည်။ထိုသို့ အချက်အလက် ကောက်ယူမှုကMOEAF မှ အဖွဲ့ဝင် အေဂျင်စီ ၁ဝ ခုမှ ကူညီကောက်ခံရန်အတွက် ထိုင်းနိုင်ငံရှိ သံအမတ်ထံ အစီရင်ခံစာတင်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

”နိုင်ငံခြားရေးက သံအမတ်ခွင့်ပြုမှရတာဆို တော့ အေဂျင်စီတစ်ခုချင်းစာတင်ရမယ်။ သူတို့ ချပေးရင်သွားမယ်။ အခုကြန့်ကြာနေတော့ကူညီ နိုင်မယ့်လူရှိလည်း မကူ ညီနိုင်ဘဲ ဖြစ်နေတာပေါ့” ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ြဥနင်္ဗ မှ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ အချက်အလက် ကောက်ယူပေး ရေးကို သြဂုတ်လဆန်းပိုင်းကပင် စာတင်ထား သော်လည်း မြန်မာနိုင်ငံ၏ အလုပ်သမားရေး ရာဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာန တို့မှ ခွင့်ပြုချက်ရသော်လည်း ထိုင်းနိုင်ငံရှိ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်လို အပ်သောကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဝေဖန်သည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား များသည် လွန်ခဲ့သည့် နှစ် ၃ဝခန့်ကပင် တရား မဝင် သွားရောက်ကြသူများဖြစ်ပြီး အလုပ်ရှင် တို့၏ ခေါင်းပုံဖြတ်ခြင်း၊ နှိပ်စက်ခြင်းနှင့် အလုပ် သမားအခွင့်အရေးများစွာ ဆုံးရှုံးခဲ့ရခြင်းများ ကြုံတွေ့ခဲ့ရပြီး အဆိုပါ လုပ်သားများ တရားဝင် လုပ်သားဖြစ်စေရန်အတွက် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ ဖြေရှင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal

No comments:

Post a Comment