address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, September 17, 2014

ထိုင်းအီလက်ထရွန်နစ်စက်ရုံရှေ့ မြန်မာလုပ်သားနှစ်ရာကျော်ဆန္ဒပြ၍ စစ်တပ်ဝင်ထိန်း


17.9.2014

ထိုင်းနိုင်ငံတွင် စစ်အုပ် ချုပ်ရေးကာလအတွင်း မြန်မာ အလုပ်သမားများဆန္ဒပြခဲ့ကြ၍ ထိုင်းစစ်တပ်က လာရောက်ထိန်း သိမ်းခဲ့ရကြောင်း သတင်းရရှိ သည်။ စက်တင်ဘာ ၁၃ ရက် ထိုင်းနိုင်ငံ၊ ပက်ခ်ျဘူရီမြို့ရှိ CAL. COMP အီလက်ထရွန်နစ်စက်ရုံ ရှေ့တွင် မြန်မာအလုပ်သမား နှစ်ရာကျော်က သံအရာရှိနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင် စီများအဖွဲ့ချုပ်တို့ကို ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။ ယင်းဆန္ဒပြပွဲကို ရပ်တန့်ပေးရန် ထိုင်းစစ်တပ်၊ ထိုင်းအထူးထောက်လှမ်းရေးအ ဖွဲ့များနှင့် ရဲတပ်ဖွဲ့များက လာ ရောက်တောင်းဆိုခဲ့ပြီး သံအရာရှိ ဦးသိန်းနိုင်နှင့် ပြည်ပအလုပ်အ ကိုင်ရှာဖွေရေးအေဂျင်စီများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အလုပ်သမားအရေးဆောင်ရွက်သူများညှိနှိုင်းကာ ဆန္ဒပြပွဲကို ရုပ်သိမ်းပေးခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း(FED)အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

‘‘အလုပ်သမားစုစုပေါင်း ငါးရာကျော်ရှိတယ်။ ထိုင်းပွဲစား က အဲဒီပတ်ဝန်းကျင်မှာ အလုပ်ရှာပေးလို့ အလုပ်သမားသုံးရာကျော်က အလုပ်ရတယ်။ အလုပ်မရတဲ့ အလုပ်သမား နှစ်ရာကျော်က ဆန္ဒပြတာဖြစ်တယ်။ အလုပ်အ ကိုင်သေသေချာချာမရှိဘဲနဲ့ အေ ဂျင်စီတွေက ထိုင်းပွဲစားတွေနဲ့ ပေါင်းပြီး ထိုင်းကိုသွင်းလာပါ တယ်။ အလုပ်သမားတွေအနေနဲ့ ဒီမှာ အလုပ်အကိုင်မရှိလို့ အနေ အထိုင်အစားအသောက်အခက် အခဲတွေဖြစ်နေတာကို ဖြေရှင်း ပေးဖို့တောင်းဆိုရာမှာ အလုပ်သမားသံအရာရှိနဲ့ အေဂျင်စီအဖွဲ့ ချုပ်တို့က သွားပြီးဖြေရှင်းပေးတာ ကို အလုပ်သမားတွေက မကျေ နပ်လို့ ဆန္ဒပြတာပါ’’ဟု ဦးထူး ချစ်ကပြောသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများအဖွဲ့ချုပ် (MO -EAF)က ဆန္ဒပြအလုပ်သမား များရှိနေသော စက်ရုံသို့ရောက်ရှိ နေသည့် မြန်မာအလုပ်သမား များကို MOU စနစ်ဖြင့် စေလွှတ် ထားသော မြန်မာပြည်ပအလုပ် အကိုင်အေဂျင်စီများသို့ အသိပေး အကြောင်းကြားပေးပြီး ဆက် လက်အလုပ်မလုပ်လို၍ ပြန်လို သော အလုပ်သမားများကို စက် တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးမည်ဟု သတင်းထုတ် ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများအဖွဲ့ချုပ်အ ထွေထွေအတွင်းရေးမှူး ဦးကျော် ထင်ကျော်က ‘‘ပြန်မယ့်သူ တစ် ရာကျော်တယ်ပြောတာ။ ကျန်တဲ့ သူက မပြန်ချင်ဘူးလေ။ အလုပ် ပြန်သွင်းပေးရမှာပေါ့။ အေဂျင်စီ ရဲ့ တာဝန်ပဲ။ လောလောဆယ် တော့ ပြန်မယ့်သူတွေကို မြ၀တီ ဘက်က လာကြိုခိုင်းထားတယ်။ ဖြစ်စဉ်အမှန်ကို ၀န်ကြီးဌာနတင် ပြမယ်’’ဟုဆိုသည်။

‘‘ဆန္ဒပြတဲ့အဓိကလိုအပ် ချက်က အလုပ်အကိုင်ရဖို့ပါ။ အလုပ်အကိုင်မရဘူးဆိုရင်တော့ မြန်မာပြည်ပြန်ပို့ပေးဖို့နဲ့ သူတို့ ရဲ့ ကုန်ကျစရိတ်တွေ ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။ အဓိကက တော့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ သေသေချာချာစစ်ဆေးမှု တွေ မလုပ်တာရယ်၊ တချို့အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ က မရိုးမသားနဲ့ ထိုင်းနိုင်ငံမှာ အလုပ်တကယ်မရှိဘဲ အလုပ် သမားတွေကို ညာပြီးခေါ်သွင်း လာတာဖြစ်တယ်။ မရိုးသားတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင် စီတွေကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူဖို့လိုနေပါ တယ်’’ဟု ဦးထူးချစ်ကပြောသည်။

ယခု ဆန္ဒထုတ်ဖော်မှုမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများက မြန်မာသံရုံးနှင့် သံ အရာရှိအား ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် တစ်ကြိမ်မှာ မြန်မာအလုပ်သမား အရေးဆောင်ရွက်သူတစ်ဦးက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော် ခြင်းဖြစ်သည်။ ထို့အပြင်မြန်မာ အလုပ်သမားများက ၎င်းတို့အား နည်းမျိုးစုံသုံးကာ ငွေတောင်း သည့် ထိုင်းရဲကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒထုတ်ဖော်မှု နှစ် ကြိမ်ပြုလုပ်ခဲ့သည်။

7Day News Journal

No comments:

Post a Comment