address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 2, 2014

အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီက ရှင်းလင်း



2.9.2014

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေကို မွန်ပြည်သစ်ပါတီက ဒီနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက မော်လမြိုင်မြို့နယ် ဒေသဖွံ့ဖြိုးရေးတာဝန်ခံ နိုင်အန်န်စိုက်ချမ်းက အခုလို ပြောပါတယ်။

"တစ်ပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲလုပ်နေတဲ့ NCCT နဲ့ ကျနော်တို့ရဲ့ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲရလာဒ်တွေ ပြည်သူလူထုကို ပြန်ရှင်းပြတာ၊ အဲဒီ့အပေါ်မှာ ပြည်သူလူထုအနေနဲ့ ဘာတွေအကြံဥာဏ်ပေးနိုင်မလဲ၊ ဘယ်လိုမေးခွန်းထုတ်မလဲ အဲဒီ့အပိုင်းကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ကျနော်တို့ မွန်ပြည်သစ်ပါတီအပေါ် ဘာတွေအကြံဥာဏ်ပေးနိုင်မလဲ၊ ပြည်သူဆီက အကြံပြုချက်တွေကို ကျနော်တို့ကလိုချင်တယ်၊ နောက်ကျနော်တို့ အောက်ခြေအဆင့်ကလူတွေက ဘယ်လိုအခြေအနေရှိလဲ၊ ဘာတွေပြောချင်လဲ၊ တချို့ကအကောင်အထည်ဖော်တဲ့နေရာမှာ လွဲမှားတာတွေရှိတယ်၊ အဲဒါကိုပြန်ပြီးတော့ ထောက်ပြဖို့ အဲဒီ့အချက်တွေကို ကျနော်တို့က ရှင်းလင်းပွဲလုပ်တာ"

တွေ့ဆုံပွဲ တက်ရောက်လာသူတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်လိုကြောင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို မွန်ပြည်နယ်အခြေစိုက် စေတနာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်း၊ မွန်အမျိုးသားပါတီ၊ မွန်အမျိုးသမီးအဖွဲ့၊ မွန်လူငယ်များအဖွဲ့၊ မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့စတဲ့ အဖွဲ့အစည်း ၂၀ ကျော်က ကိုယ်စားလှယ် ၃၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment