address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 1, 2014

UNFC နှင့် ပူးပေါင်းမှု ယာယီ ရပ်ဆိုင်းရန် KNU တရားဝင် အကြောင်းကြား


1.9.2014

ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပူးပေါင်းမှုကို ယာယီဆိုင်းငံ့ပြီး UNFC အဖွဲ့ဝင်အဖြစ် KNUမှ ကိုယ်စားလှယ်ပေးပို့ခြင်းကိုလည်း ခေတ္တဆိုင်းငံ့ထားရန် တရားဝင် အကြောင်းကြာစာကို စက်တင်ဘာ ၁ရက်က ပို့လိုက်ပြီဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

UNFC ၏ တပ်ပေါင်းစု စုဖွဲ့မှု ဖွဲ့စည်းပုံနှင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရေး အပေါ် UNFC ၏ သဘောထားနှင့် KNU ၏ သဘောထားမှာ ကွဲလွဲမှု ရှိခဲ့ပြီး KNUက အချက် (၉) ချက် တင်ပြကာ ထောက်ပြပြောဆိုမှုတွင်လည်း သဘောထားကွဲလွဲမှု ကြီးမားနေကြောင်း အဆိုပါ အဖွဲ့နှစ်ဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

သို့သော် KNU အနေဖြင့် UNFC၏ တပ်ပေါင်းစု ဖွဲ့စည်းသည့် အခန်းကဏ္ဍ နှင့် ဗဟိုဦးစီးစနစ် (Top- Down) သွားသည့်အပေါ် သဘောထားကွဲလွဲမှု ရှိပြီး မျဉ်းပြိုင်အနေအထားဖြင့်သာ ပါဝင်လိုသည်ဟု သြဂုတ် ၃၀ရက်က ဗဒိုကွယ်ထူးဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

သို့သော်လည်း UNFC ၏ အဖွဲ့ဝင် အဖွဲ့အစည်း အဖြစ်မှ နုတ်ထွက်ခြင်း ဆိုသည်မှာ မဟုတ်သေးဟုလည်း ၎င်းက စက်တင်ဘာ ၁ရက်တွင် ပြောသည်။

ဟင်္သာနီ (မွန်မြေ)
Mizzima - News in Burmese

No comments:

Post a Comment