address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 9, 2014

မြန်မာနှင့်အင်ဒိုနီးရှား ယူ၁၉ အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်မည်




9.9.2014

၂၀၁၄ အာဆီယံ ယူ ၁၉ ပြိုင်ပွဲ (AFF Notifood U19 Cup 2014) ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဗီယက်နမ်နိုင်ငံ My Dinh အားကစားကွင်းမှာ ဗီယက်နမ်စံတော်ချိန် ဒီနေ့ ညနေ ၄ နာရီခွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲရဲ့ အုပ်စု (က) မှာ မြန်မာအသင်းဟာ ထိုင်း၊ အင်ဒိုနီးရှားတို့နဲ့ တအုပ်စုတည်း ကျရောက်တာဖြစ်ပြီး၊ တဖက် အုပ်စု (ခ) မှာတော့ သြစတြေးလျ၊ ဂျပန်နဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။

U19AFF-QCမြန်မာအသင်းဟာ ပထမပွဲစဉ်အဖြစ် ထိုင်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိုင်းအသင်းက ပထမ ပွဲစဉ်အဖြစ် အင်ဒိုနီးရှားကို ၆-၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ မြန်မာ အသင်းအတွက် ဆီးမီးဖိုင်နယ် တက်ရောက်ရေးအတွက် အဆုံးအဖြတ် ပွဲစဉ်ဖြစ်ပြီး သရေကစားရုံနဲ့ အုပ်စု ပထမအနေနဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

အုပ်စု (ခ) မှာ ဂျပန်အသင်းက သြစတြေးလျကို ၄-၃ ဂိုး၊ ဗီယက်နမ်က သြစသြေးလျကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားလို့ နှစ်သင်းလုံး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ဒီနေ့ ဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ ဗီယက်နမ်အသင်းတို့ အုပ်စု ပထမနဲ့ ဒုတိယ လုရမှာဖြစ်ပါတယ်။

ဒီနောက် စက်တင်ဘာ ၁၁ ရက်နေ့ကျရင် အုပ်စု (က) ပထမနဲ့ အုပ်စု (ခ) ဒုတိယ၊ အုပ်စု (ခ) ပထမနဲ့ အုပ်စု (က) ဒုတိယအသင်းတို့ ဆီမီးဖိုင်နယ် ကစားကြမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ဖိုင်နယ်ပွဲစဉ်နဲ့ တတိယလုပွဲတွေကို အသီးသီးယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာယူ၁၉ အသင်းရဲ့ ပွဲစဉ်တွေအားလုံးကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment