address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 1, 2014

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်


1.9.2014


တိုင်းရင်းသားလူမျိုးများ အရေးကို ဆောင်ရွက်ပေးမည့် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန တစ်ခုဖွဲ့စည်းရန်ပါရှိသောတိုင်း ရင်းသားလူမျိုးများ၏အခွင့်အ ရေးကာကွယ်စောင့်ရှောက်ပေး ရေးဥပဒေကြမ်းကို စက်တင်ဘာ တွင် ပြန်လည်ကျင်းပမည့်လွှတ် တော်အစည်းအဝေးတွင် အတည် ပြုဆွေးနွေးမည်ဖြစ်ကြောင်းသ တင်းရရှိသည်။



တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးဥပဒေကြမ်းကိုပြည် သူ့လွှတ်တော်ကအတည်ပြုပေးခဲ့ ပြီးနောက် အမျိုးသားလွှတ်တော် တွင် ဆွေးနွေးနိုင်ရန်ပေးပို့ထား သည်ဟု ပြည်သူ့လွှတ်တော်ဥပ ဒေကြမ်းကော်မတီဥက္ကဋ္ဌဦးတီခွန် မြတ်ကပြောသည်။

ပြည်သူ့လွှတ်တော်နှင့်အမျိုး သားလွှတ်တော်နှစ်ရပ်လုံးက ဥပ ဒေကြမ်းကိုအတည်ပြုလိုက်ပါက ဥပဒေကြမ်းကိုဥပဒေအဖြစ် အ တည်ပြုပြဋ္ဌာန်းပေးရေးအတွက် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန်သမ္မတထံသို့ ပေးပို့ရမည်ဖြစ်သည်။

ယင်းဥပဒေသည် တိုင်းရင်း သားများ၏ အကျိုးစီးပွားကို ဆောင်ရွက်ရန် ရည်ရွယ်ရေးဆွဲ ထားသည့်ဥပဒေ ဖြစ်သည့်အ တွက် အမြန်ဆုံးလိုအပ်လာပြီဖြစ် သည်ဟု ပြည်သူ့လွှတ်တော်ဥပ ဒေကြမ်းကော်မတီဥက္ကဋ္ဌဦးခွန်တီ မြတ်ကဆိုသည်။

တိုင်းရင်းသားများ၏စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ကိုးကွယ် မှု၊ ဘာသာစကားများတွင်တန်းတူ ညီမျှအခွင့်အရေးရရှိရန် ယင်းဝန်ကြီးဌာနကဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါဥပဒေကြမ်းအရသိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် သြ ဂုတ်လအတွင်းက လွှတ်တော် တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့်ဥပဒေကြမ်းကိုလွှတ် တော်ကိုယ်စားလှယ်များ၊ဥပဒေ ပညာရှင်များအား ရှင်းပြခဲ့သည်။

ယခုနှစ် မေလအတွင်းက လည်း တိုင်းရင်းသားလူမျိုးများ ဆုံးရှုံးနေသည့်အခွင့်အရေးများရ ရှိရေး လွှတ်တော်သို့တင်ပြနိုင်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ပါတီကျော်ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းပါတီက ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

7 Day Daily

No comments:

Post a Comment