9.9.2014
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်လို့ ပြောထားပေမယ့်လည်း နှစ်ရက်သာ ရောင်းပေးပြီး သီတင်းတစ်ပတ်ခန့် ကြာတဲ့အထိ ထပ်ရောင်းပေးဖို့ ဆင်းမ်ကတ်တွေ မရသေးဘူးလို့ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွေဟာ ၁၅၀၀ တန်ဆင်းမ်ကတ်တွေကို ၂၀၁၄ ခုနှစ် နှစ်ကုန်မှာ အရေအတွက် ငါးသန်းအထိ အကန့်အသတ်မရှိ ရောင်းပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းကတော့ ကြေညာထားတဲ့အတိုင်း ရက်အနည်းငယ် အတွင်းမှာပဲ ထပ်ပြီး ရောင်းချပေးမယ်လို့ ဆိုပါတယ်။
ရောင်းချထားတဲ့ ဒေသတွေရဲက မိုဘိုင်းလ်ကွန်ရက် အခြေအနေ၊ သုံးစွဲသူတွေရဲ့ အခြေအနေတွေကို လေ့လာ ဆန်းစစ်နေတာကြောင့် ခုလို ကြန့်ကြာနေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြည်နယ်နဲ့တိုင်းတွေမှာ ရောင်းခွင့်ရထားတဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ ဆင်းမ်ကတ် ဝယ်သူများတာကြောင့် ရန်ကုန်မြို့တော်က ကိုယစားလှယ်ဆိုင်တွေမှာ ဆင်းမ်ကတ်တွေကို နှစ်ရက်ပဲ ရောင်းနိုင်ခဲ့ပြီး ဈေးကွက်ထဲမှာ ကျပ် တစ်သောင်းခွဲအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
The Voice Weekly
No comments:
Post a Comment